ODAF - Ep 5

4.5K 613 92
                                    

Our Dads are Fudanshi Ep 5

ကျွန်တော်တို့မိသားစု အမေရိကားမှာနေလာတာ ကျွန်တော့်အသက် ၃နှစ်လောက်ကတည်းပဲ။

ပါပါးကျိရန်ရဲ့အကို ဦးလေးဖေးရန်က အမေရိကားမှာစပြီးအချေချပြီးပြောင်းနေတဲ့နောက်ကို ပါပါးတို့ကပါလိုက်ပြီးနေခဲ့ကြတာ အနှစ် ၂၀ လောက်ရှိပြီပေါ့။

ဒါပေမယ့် ကျွန်တော်တို့ မောင်နှမနှစ်ယောက်လုံးကိုတော့ တရုတ်စကားကောင်းကောင်းသင်ပေးထားတာမို့ ကျွန်တော်တို့နှစ်ယောက်က အင်္ဂလိပ်စကားတင်မဟုတ်ပဲ တရုတ်စကားကိုပါ ကောင်းကောင်းပြောတတ်ကြသည်။

ဒီမှာကလဲတရုတ်စကားပြောနိုင်တဲ့လူတွေများတာကြောင့် စကားပြောရတာ အဆက်ပြတ်မသွား။

ကျွန်တော်တို့တက်တဲ့ကျောင်းမှာဆိုလဲ တရုတ်လူမျိုးအမျာစုရှိကာ ကျွန်တော်ကိုယ်တိုင်လဲ တရုတ်လူမျိုးဖြစ်ရတာကို နှစ်သက်သည်။

တချို့တွေလို နိုင်ငံခြားရောက်ပြီး မွေးရပ်မြေကို မေ့သွားတာမျိုး ကျွန်တော်တို့မောင်နှမစနှစ်ယောက်စလုံးကမဖြစ်ချေ။

ဟော အခုတော့ ကျွန်တော်ကျောင်းပြီးလို့ အလုပ်သင်ဝင်မလို့ရှိသေး တရုတ်ကိုပြန်ရမယ့်အကြောင်းကပေါ်လာခဲ့ပြီ။

ဒယ်ဒီရွှမ်းရဲ့ အဖေ ကျွန်တော့်ဘိုးဘိုးကနာမကျန်းဖြစ်နေတာ အချိန်မရွေး လူ့လောကကို နှုတ်ဆက်ရတော့မယ့်အခြေအနေ ဖြစ်နေလေသည်။ ဒယ်ဒီကတစ်ဦးတည်းသော သားဖြစ်တာမို့ ဘိုးဘိုးက သူ့အလုပ်တွေကို ဒယ်ဒီကိုလက်လွှဲယူစေချင်သည်။

ပါပါးကလဲ ဒယ်ဒီကို ထိုသို့ပဲလုပ်စေချင်သည်။

ပါပါးမိသားစုရှိတဲ့ အမေရိကားမှာ အချိန်အတော်ကြာနေပြီးပြီမို့ ဒယ်ဒီ့ဘက်ကိုလဲ တစ်လှည့်ပြန်ကြည့်သင့်ပြီလို့ ပါးတို့က ဆုံးဖြတ်တာကြောင့် ကျွန်တော်တို့မိသားစု သိပ်မကြာခင် ပေကျင်းကို ပြန်ကြရတော့မည်။

ဒီနေ့ကျောင်းမှာ လိုတဲ့ဘွဲ့လက်မှတွေ၊ အမှတ်စာရင်းတွေလာယူပြီး ဆရာတစ်ယောက်နဲ့ ကျွန်တော်လာတွေ့တာဖြစ်သည် ထိုဆရာက ကျွန်တော့်ကို တရုတ်မှာအလုပ်သင်ဝင်နိုင်ဖို့ အဆက်အသွယ်ရှာထားပေးတယ်ဆိုလို့ ကျွန်တော် တကူးတကလာတွေ့ဖြစ်တာပါ။

Our Dads are Fudanshi (Season 2 of Love Area) [Completed]Donde viven las historias. Descúbrelo ahora