Our Dads are Fudanshi Ep 36ချန်ယွီမှာ ရိရှောင်းရန်ဖြစ်တယ်ဆိုသော ဖုန်းနဲ့ဆင့်ခေါ်သံကြောင့် ယူနီဖောင်းတောင်မလဲနိုင်တော့ပဲ တစ်ဖက်မြို့နယ်က ရဲစခန်းကို အသည်းအသန်ပြေးသွားရတယ်။
မလဲဖြစ်တာလဲကောင်းတာပဲ။ ရဲစခန်းထဲဝင်သွားတော့ ကိုယ့်ကို လူရှိန်တာပေါ့။
ဒါပေမယ့် လူမရှိန်နိုင်တဲ့အကြောင်းအချက်ကတော့ ကိုယ့်ရည်းစားက ရန်ဖြစ်ပြီး ရဲစခန်းရောက်နေတဲ့ကိစ္စပဲ။
သူနဲ့ချစ်သူဖြစ်ပြီးကတည်းက ရိရှောင်းက အရင်လို့ရန်မဖြစ်တော့တာကြောင့် ချန်ယွီမှာ နည်းနည်းလေး စိတ်ချမ်းသာရမလားမှတ်တယ်၊ အခုတော့ ဆရာသမားက ဗွေထဖောက်ပြီ။
ရဲစခန်းထဲခပ်မြန်မြန်ဝင်ခဲ့ပြီး စခန်းမှူးထိုင်ရာခုံသို့ ရောက်သွားသော ခပ်တည်တည်မျက်နှာပေးနဲ့ ထိုင်နေတဲ့ ရိရှောင်းကိုတွေ့ရတယ်။
ရိရှောင်းဘာများဖြစ်သွားလဲလို့ မျက်နှာကို ကြည့်လိုက်တော့ ဘာဒဏ်ရာမှမတွေ့၊ ကြည့်ရတာတော့ သူကချည်း ဟိုဘက်ကို ဆော်လိုက်တယ်ထင်ပါ့၊ အဲဒါကြောင့်လဲ ဟိုဘက်က မကျေမနပ်နဲ့ ပြဿနာရှာတာဖြစ်နိုင်တယ်။
“ဟော စခန်းမှူးယွီတောင် ရောက်လာပြီပဲ။ တာဝန်ချိန်ကြီးဖုန်းဆက်ခေါ်ရတာ အားနာပါတယ်ဗျာ”
“ရပါတယ် စခန်းမှူး လီ .. ရိရှောင်းကဘာဖြစ်တာလဲ”
“အင်း ရန်ဖြစ်တာပါပဲ။ ဝမ်ရိရှောင်းက ဟော့ဒီကကောင်လေးကို ဘလိုင်းကြီး သွားရိုက်တယ်ဆိုပြီး တစ်ဖက်က မကျေနပ်လို့ အမှုဖွင့်ချင်တယ်ပြောလို့ပါ”
“မဟုတ်ဘူး သူညာနေတာ တကယ်က သူတို့ဂွင်ဆင်ပြီး ဆေးဖိုးရအောင်တောင်းတာ”
“ဘာပြောတယ် ငါတို့ဘာသာ မောင်နှမချင်းစကားများတာကို နင်လူစွမ်းကောင်းဝင်လုပ်တာလေ။ နင် တုတ်နဲ့ရိုက်လို့ ငါ့မောင်လေးက ခေါင်းတောင်ကွဲပြီလားမသိဘူး”
“ဘာခေါင်းမှမကွဲဘူး အလတ်ကြီးပဲကို ခင်ဗျားမျက်လုံးကမမြင်ဘူးလား။ ခေါင်းကွဲရင် ဒီလိုတောင် ထိုင်နေနိုင်မှာမဟုတ်ဘူး။ လိမ်တာလဲကြည့်လိမ်အုံး”

DU LIEST GERADE
Our Dads are Fudanshi (Season 2 of Love Area) [Completed]
FanfictionYou will get a heache when your dads are fudanshi🙄😑