Our Dads are Fudanshi Ep 7
ရိရှောင်း စာလုပ်မယ်ဆိုပြီး စာကြည့်စားပွဲမှာ ထိုင်နေမိပေမယ့် အတွေးတွေကတော့ အရှေ့မှာချထားတဲ့ စာအုပ်ဆီမှာရှိမနေပါဘူး။
သူတွေးနေမိတာက မနေ့တုန်းက ရှက်သွားတဲ့ စခန်းမှူးရဲ့အကြောင်းကိုပင်။
သူ့ကို ကိုကိုချန်ယွီလို့ခေါ်လိုက်တာနဲ့ရှက်ပြီး ကမူးရှုးထိုးနဲ့ ကားမောင်းထွက်သွားတဲ့ စခန်းမှူးကိုကြည့်ပြီး ရိရှောင်း အသံထွက်အောင်ပင် အော်ရယ်မိခဲ့သည်။
အဲဒီစခန်းမှူးကြီးကသေချာပေါက် လူပျိုသိုးကြီးဖြစ်မှာပါ။
ကြည့်ရတာ သူ့ဘဝမှာ တစ်ခါမှ ကိုကိုလို့အခေါ်မခံခဲ့ရဘူးထင်ပါရဲ့။
ရိရှောင်းလို ယောကျာ်းလေးတစ်ယောက်က ကိုကိုခေါ်တာတောင် ရှက်နေသေးတာ တကယ့်ကို ရယ်စရာပဲ။
မဟုတ်မှလွဲရော ဒီလူက ယောကျာ်းလေးချင်း သဘောကျတဲ့သူမျိုးတော့မဟုတ်လောက်ဘူးမှတ်လား။
သူ့ကြည့်ရတာတော့ တောင့်တောင့်ဖြောင့်ဖြောင့်ပဲ မိန်းကလေးကိုပဲ စိတ်ဝင်စားမယ့်ရုပ်မျိုးပါပဲ။
ဒါပေမယ့် တသမတ်တည်းတော့ ပြောလို့မရနိုင်။ ရိရှောင်းရဲ့ အဖေနှစ်ယောက်အပါအဝင်ဦးလေးတွေဆိုလဲ အကုန်လုံးက ကျားကျားလျားလျားတွေချည်းပဲ။
ဒါပေမယ့် အကုန်လုံးက ယောကျာ်းလေးတွေကိုပဲ ချစ်ခင်စုံမက်ကာ ယောကျာ်းလေးချင်းလက်ထပ်ထားသူတွေချည်း။
အဲဒါကြောင့် ပါးတို့က ရိရှောင်းတို့ညီအကိုနှစ်ယောက် လူပျိုစဖြစ်ကတည်းက မေးတဲ့မေးခွန်းကတစ်ခုတည်း၊ ယောကျာ်းလေးကြိုက်တာလား မိန်ကလေးကြိုက်တာလားတဲ့။
ကိုယ်တို့ညီအကိုတွေကလဲ အားတက်သရော ပြန်ဖြေခဲ့တယ်၊ မိန်းကလေးလို့။
ပါးတို့ကတော့ သူတို့မျှော်လင့်ချက်ပျက်ပြီဆိုပြီး ရှုံ့မဲ့သွားသေးတယ်။ ပါးတို့က fudanshi အကြီးစားတွေ။
အသက်အရွယ်ရလာလို့ အရင်လိုအောင်သွယ်လုပ်ငန်းမလုပ်တော့ပေမယ့် ပတ်ဝန်းကျင်က လိင်တူစုံတွဲတွေ အထူးသဖြင့် ယောကျာ်းလေးအတွဲတွေကို ကိုယ့်အိတ်ကိုယ်စိုက်ပြီး အောင်သွယ်လုပ်ပေးကြတာ။

ŞİMDİ OKUDUĞUN
Our Dads are Fudanshi (Season 2 of Love Area) [Completed]
Hayran KurguYou will get a heache when your dads are fudanshi🙄😑