Our Dads are Fudanshi Ep 3
“ဒယ်ဒယ် .. အီးအီး”
အပြင်သွားပါမယ်ဆိုကာမှ .. ရိပေါ်ဝတ်ထားတဲ့ ဘောင်းဘီစကို ဆွဲကာ အီးအီးလုပ်နေသော ရိရှောင်းကြောင့် ရိပေါ်ငိုချင်သွားရပြီ။
ငယ်ငယ်ကတည်းက အကျင့်ဖြစ်သွားရှာတဲ့ သားနှစ်ကောင်က အီးပါပြီဟေ့ဆိုရင် ဒီကရိပေါ် ခေါင်းပဲ။
တော်သေးတာပေါ့ ရိပေါ်ခေါင်းပေါ်တက်မပါကျတာပဲ ကျေးဇူးတင်ရမည်။
အဲဒီလိုနဲ့ ဝမ်ရိပေါ်က အီးထိန်းသိမ်းရေးတာဝန်ခံကြီးဖြစ်လို့ပဲ။
၂နှစ်သားလေး ရိရှောင်းကို စွေ့ခနဲချီကာ ရေချိုးခန်းဆီခေါ်လာပြီး အီးထိုင်တည်ပေးရသည်။
“ဒယ် ဒယ် .. အီးအီးကူညှစ်ပေးရေ”
“ဟေ”
ရိပေါ် ငိုချင်လာပြီ။ သူပဲ အီးအီးပါချင်တယ်ဆိုလို့ အီးလိုက်တည်ပေးပြီးပြီပဲ။ အီးပါ ကူညှစ်ပေးရအုံးမတဲ့လား။
“ခုနကအီးပါချင်တယ်ဆို ခုမပါချင်တော့ဘူးလား”
“ပါချင်ရယ် အာ့ကြောင့် ညှစ်ပေးလို့ဆို အီးဟီးဟီး ချိတ်မရှည်ပုရား တားကို”
ငဂျစ်လေး ရိရှောင်းက ဂျစ်လဲဂျစ်သလို လည်လဲလည်ရှာတယ်။
IQ ကလဲ သူများထက်မြင့်ကာ အသက် ၁ နှစ်ခွဲကတည်းက စကားစပြောတဲ့ကလေးလေး။
ဥာဏ်ကောင်းလွန်းတာကြောင့် ပြောသမျှ သင်သမျှလဲအကုန်မှတ်မိကာ သူ့အကို ၄ နှစ်သားရှောင်းဝမ်နဲ့အတူတောင် အေဘီစီဒီတွေ လိုက်ရွတ်တတ်နေပြီ။
ဒါပေမယ့် ဂျစ်နေတဲ့နေရာမှာတော့ နှစ်ယောက်မရှိ။ ရှောင်းဝမ်က အနေအေးပြီး ငြိမ်သလောက် ရိရှောင်းကတော့ အဆော့အရမ်းမက်ပြီး ဂျီလဲကျတတ်သေးသည်။
အဲဒါကြောင့် သိတဲ့သူတိုင်းက ရိပေါ်တို့ကို အမြဲပြောသည်။
မင်းတို့က ယောကျာ်းနဲ့ချွတ်စွပ်တူတဲ့ကလေးနှစ်ယောက်ကို မွေးထားကြတာတဲ့။
ရှောင်းကျန့်မွေးတဲ့ ရှောင်းဝမ်က ရိပေါ်နဲ့တူပြီး ရိပေါ်မွေးတဲ့ ရိရှောင်းကတော့ ရှောင်းကျန့်မှ ရှောင်းကျန့်ပါပဲ။

ŞİMDİ OKUDUĞUN
Our Dads are Fudanshi (Season 2 of Love Area) [Completed]
Hayran KurguYou will get a heache when your dads are fudanshi🙄😑