Our Dads are Fudanshi Ep 33
သဘက်အသေးလေးတစ်ထည်နဲ့ ပါးရိုးကဒဏ်ရာကို ကြပ်ထုပ်ထိုးပေးနေတဲ့ ရိရှောင်းကို ချန်ယွီမရဲတရဲကြည့်သည်။
မနေ့ညက ဖုန်းအားသွင်းထားလို့ ဖုန်းမကိုင်မိတဲ့ကိစ္စကို အပိုင်းဆက်နဲ့ စိတ်ကောက်နေတဲ့ ရိရှောင်းက မိုးလင်းကတည်းက ချန်ယွီ့ဖုန်းကို မကိုင်။
မနက်စောစောကတည်းက လာတွေ့ပြီးချော့ချင်ပေမယ့် အိပ်ရာကနိုးတယ်ဆိုရင်ပဲ နယ်မြေမှာ အမှုတစ်ခုပေါ်လာလို့ ကိုယ်တိုင်သွားစစ်ဖို့ကိစ္စပေါ်လာတာကြောင့် ရိရှောင်းဆီကို ချက်ချင်းလာတွေ့လို့မရ။
ကံကောင်းတာလား၊ဆိုးတာလားမသိ၊ အမှုက လူသတ်မှုဖြစ်နေလေတော့ တိုင်းရုံးက စုံထောက်တွေရောက်လာတဲ့အထိ ခဏစောင့်၊ အမှုကိုလက်လွှဲပြီး စခန်းတောင်မပြန်နိုင်သေးပဲ ရိရှောင်းအိမ်ကို အပြေးလာခဲ့ရတာဖြစ်သည်။
မမေ့မလျော့နဲ့ ပန်းစည်းတစ်စည်းလဲပြေးဝယ်ရသေးသည်။
ရိရှောင်းကမိန်းကလေးမဟုတ်ပေမယ့် စခန်းက လက်ထောက်စုံစမ်းရေးမှူးပြောတာတော့ စိတ်ကောက်ရင် ပန်းပေးရတယ်ဆိုလို့ ပန်းစည်းပြေးဝယ်လာမိခြင်းပင်။
ဖုန်းဆက်တော့လဲမကိုင်၊ ထွက်လဲမတွေ့တာမို့ ရှောင်းဝမ်ကို အငယ်လေးကိုခေါ်ပေးပါလားလို့ ပြောနေစဉ်မှာပဲ
ရှောင်းဝမ်နဲ့ ပက်သက်ရာပက်သက်ကြောင်းဖြစ်နိုင်သည့်ကောင်လေးက ချန်ယွီ့ကို ဆွမ်းကြီးဝင်လောင်းတော့သည်။
တကယ်တော့ ချန်ယွီက တွေ့ရာလူနဲ့ ရန်ဖြစ်တတ်တဲ့လူစားမျိုးမှမဟုတ်ပဲ။
ဒီကောင်လေးက စကားပြောပုံက ဘောက်ဆတ်ဆတ်နဲ့ ရှောင်းဝမ်လေးကို ထိလားရိလားလုပ်လို့ ကိုယ်က အကိုကြီး အဖရာသဖွယ် ဝင်ကာကွယ်ရင်းဖြစ်ရတာဖြစ်သည်။
ရှောင်းဝမ်က ရိရှောင်းနဲ့ပက်သက်ပြီး အမျိုးတော်ရမယ့်သူဆိုတော့ သူ့ညီလေးဆိုရင်လဲ မမှားဘူးလေ။
ကိုယ့်ညီကိုလာထိတော့ ဘယ်သူလဲ ဘာလဲဆိုပြီး ချန်ယွီကဖြဲရတော့တာပေါ့။
ဒါပေမယ့် ကံကဆိုးချင်တော့ ကိုယ်ပဲ ဆွမ်းကြီးလောင်းခံလိုက်ရသည်။

ESTÁS LEYENDO
Our Dads are Fudanshi (Season 2 of Love Area) [Completed]
FanficYou will get a heache when your dads are fudanshi🙄😑