Our Dads are Fudanshi Ep 16ဆေးရုံရဲ့ဓာတ်လှေကားထဲမှ ထွက်လာတဲ့အကိုကုဝေပုံစံကြောင့် ရှောင်းဝမ်ရယ်လိုက်မိသည်။
အောက်မှာကဆွယ်တာအထူတစ်ထည်၊ အပေါ်မှာက jean jacket နဲ့ လည်ပင်းမှာ မာဖလာအထူကြီးကိုပတ်လို့ မျက်မှန်ဝိုင်းတကားကားနဲ့သူက ဆရာဝန်ပေါက်စဆိုတာ ယုံချင်စရာမရှိချေ။
ဒီလူက အတော်လေးမဝတ်တတ် မစားတတ်ဘူးဆိုတာ ဘယ်သူမှသက်သေခံစရာမလိုအောင် ရှောင်းဝမ်သေချာသိနေသည်။
သူ့အဖေနှစ်ယောက်တောင် သူ့ထက်ပိုပြီး ဝတ်တတ်စားတတ်သေးတာအမှန်။
ဒီလူကြီးကတော့ ရှောင်းဝမ်ပုံပြောင်းပေးမှကို ဖြစ်တော့မှာပါ။
"အိုက်ဂူး လာပြန်ပြီ ဒီမျက်မှန်ကြီး!"
"ဟာကွာ အားအားရှိ ငါ့မျက်မှန်ကိုပဲထိခိုက်နေတယ် ငါ့မျက်မှန်က မင်းကို ဘာလုပ်နေလို့တုန်း”
တွေ့တွေ့ချင်း ဆောက်နဲ့ထွင်းတဲ့ ရှောင်းဝမ်ပြောစကားကို အကိုကုဝေကလဲ အားကျမခံ ပြန်ပက်လေသည်။
အကိုကုဝေက လူကြည့်တော့လဲ ခပ်အေးအေးနေတတ်တာ၊ ဒါမျိုး ပြန်စွာဖို့ကျတတ်တယ်။
"ကျွန်တော့်ကိုလုပ်နေတာမဟုတ်ဖူး အကို့ကိုလုပ်နေတာလေ .. အဲဒီမျက်မှန်ကအကို့ကိုရုပ်ဆိုးစေတာဗျ .. မဖြစ်ဘူး မျက်ကပ်မှန်အရင်သွားဝယ်မှရမယ်"
"ဟိတ် ဒီနေ့စာသင်ရမှာလေ ရှောင်းဝမ်"
အကိုကုဝေရဲ့စကားကိုအဖက်မလုပ်ပဲ သူ့လက်ကိုအတင်းဆွဲကာ ဆိုင်ကယ်လ်ရပ်ထားတဲ့နေရာသို့ ဆွဲခေါ်လာလိုက်သည်။
ဆေးရုံးအထွက်မှာ ဦးလေးကျိုးရဲ့ တပည့်နဲ့တွေ့လို့ ပြုံးပြရတာတစ်မျိုး၊ အသိနာ့စ်တွေနဲ့ဆုံလို့ ရယ်ပြရတာနဲ့တစ်ဖုံနဲ့ လိုရာ ခရီးမရောက်နိုင်သေးဘူး။
YOU ARE READING
Our Dads are Fudanshi (Season 2 of Love Area) [Completed]
FanfictionYou will get a heache when your dads are fudanshi🙄😑