ODAF - Ep 24

2.9K 534 61
                                    

Our Dads are Fudanshi Ep 24

“မောင်”

“ဘာလဲ ကျန့်ကျန့် ပြောလေ”

အိပ်ရာဝင်ဖို့ ကုတင်ပေါ်ရောက်နေပြီဖြစ်တဲ့ ရိပေါ်ကို ရေချိုးခန်းထဲက ထွက်လာတဲ့ ရှောင်းကျန့်ကခေါ်လိုက်တယ်။

ရိပေါ်က ထမင်းလုံးစီပြီးလို့ အိပ်ဖို့ တာဆူနေတာကြာပြီဆိုပေမယ့် ရှောင်းကျန့်ကတော့ အသားအရေတင်းရင်းအောင်ဆိုပြီး mask ကပ်နေတာမို့ ရိပေါ်ပါ အခုထိမအိပ်ရသေး။

“စခန်းမှူးလေးက အငယ်လေးရိရှောင်းကို မကြိုက်ဘူးထင်တယ်နော်”

တွေးတွေးဆဆပြောနေတဲ့ပုံက သူ့ OTP လေး real မဖြစ်မှာကို အကြီးအကျယ်စိတ်ပူနေတယ်ဆိုတာ သိသာလှသည်။

ဟိုးတလောကတော့ အဲဒီနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် သဘောကျနေပြီဆိုပြီး သူပဲဝမ်းသာအားရနဲ့ ရိပေါ်ကိုလာပြောခဲ့သေးတာပဲ။

အခုဘာတွေတွေးပြီး စိတ်ပူနေပြန်သလဲမသိဘူး။

“ဘာလို့လဲ ကျန့်ကျန့်ရဲ့ ..ဟိုတလောကတောင် သူတို့က ကြိုက်တော့မယ်ထင်လို့ မောင့်ကိုပြောပြီးတော့ အခုက ဘာဖြစ်လို့လဲ”

“မောင်ကလဲ ညတုန်းက ထမင်းစားကြတုန်းကလေ ချန်ယွီ့ကို ယောကျာ်းလေးကြိုက်သလား မိန်းကလေးကြိုက်သလားမေးတော့ သူက စဉ်းစားထားတာမရှိပါဘူး ဘာညာနဲ့ပြောတယ်လေ တကယ်လို့ သူသာ ရိရှောင်းကို ကြိုက်တယ်ဆို ယောကျာ်းလေးကြိုက်ပါတယ်လို့ပြောမှာပေါ့”

“ဟောဗျာ ဘယ်သူကတော့ သားကိုကြိုက်နေပါတယ်လို့ အဖေနှစ်ယောက်ရှေ့မှာပြောမလဲ”

“မောင်ကလဲ အဲဒါတော့ အဲဒါပေါ့ ဒါပေမယ့် နည်းနည်းအရိပ်အမြွက်တော့ ပြောသင့်တယ်မဟုတ်ဘူးလား”

“သူက အသက်လဲမငယ်တော့ဘူးလေကွာ ပြီးတော့ မောင်တို့နဲ့ ရင်းနှီးတာလဲမကြာသေးဘူး အဲဒီလိုကြီး ထုတ်ပြောဖို့ သူကရှက်နေလို့နေမှာပေါ့ မောင့်ယောကျာ်းလေးက အတွေးတွေလွန်နေပြီ မောင်ပြောမယ် လာအုံး”

လက်နှစ်ဖက်ကိုဆန့်တန်းကာ ရိပေါ်ရင်ခွင်ထဲ လာဖို့ခေါ်လိုက်တော့ ရိပေါ်ရဲ့ယုန်ကလေးက ကုတင်ပေါ်တက်ကာ ရင်ခွင်ထဲဝင်လာသည်။

Our Dads are Fudanshi (Season 2 of Love Area) [Completed]Tahanan ng mga kuwento. Tumuklas ngayon