\Unicode/
Luggage တစ်လုံးကိုဆွဲကာ ကောင်လေးတစ်ယောက်လေယာဉ်ကွင်းထဲမှဆွဲဆောင်မှုအပြည့်ဖြင့်ထွက်လာလေသည်
ထိုကောင်လေးကိုမြင်တဲ့ ကောင်မလေးတိုင်းသမင်လည်ပြန်လှည့်ကြည့်မိသည်၊တစ်ချို့ဆိုရင် Idol ထင်ပြီးဓာတ်ပုံတောင်ခိုးရိုက်ကြတဲ့အထိ
ဒါပေမဲ့ကောင်လေးကတော့ မှုန်ကုပ်စွာနဲ့အရယ်ပြုံးမရှိ အပြင်သို့သာထွက်လာသည်၊ထိုဆွဲဆောင်မှုအပြည့်နဲ့ကောင်လေးကတော့ တစ်ခြားသူမဟုတ် Jung Hoseok ဖြစ်သည်
Hoseok အပြင်ရောက်သည်နှင့်သူ့ကိုလာကြိုတဲ့ကားကိုမြင်တော့ စိတ်ရှုပ်စွာနဲ့သက်ပြင်းချလေသည်
Driver ဦးလေးကြီးကသူ့လက်ထဲကခရီးဆောင်အိတ်ကို ကားနောက်ခန်းထဲထည့်ချိန် သူလည်းကားထဲဝင်လိုက်သည်
"ဦးလေး ကျွန်တော့်ကိုဘာလို့လာကြိုတာလဲ"
"သခင်ကြီး ကြိုခိုင်းလိုက်တာပါသခင်လေး"
"အဲ့တာဆိုလည်း ကျွန်တော့်တိုက်ခန်းကိုဘဲပို့ပေးပါ"
"သခင်ကြီးက အိမ်ကိုခေါ်လာခိုင်းပါတယ် သခင်လေး"
Hoseok စိတ်ရှုပ်စွာစုတ်တစ်ချက်သပ်လိုက်ရင်း
"လုပ်ပြန်ပြီဗျာ အဖေက~~ဒါဆိုရင်လည်း သွားဗျာ.."
စိတ်ရှုပ်စွာ ဆံပင်တွေကိုထိုးဖွလိုက်တော့
စတိုင်ကျနေတဲ့ဆံပင်များဟာ အနည်းငယ်ပုံပျက်စွာ..ကားစထွက်လာသည်နှင့် ဘာစကားမှHoseok မပြောဘဲ မျက်စိမှိတ်ရင်းလိုက်လာသည်
အခုသူ့စိတ်ထဲမှာ ဒီလိုအခြေနေကြီးကအလွန်ကိုစိတ်ပျက်စရာပင်၊အဖေက ကျန်းမာရေးကောင်းရဲ့သားနဲ့ သူ့ကိုဇာတ်လမ်းဆင်ပြီးတော့ US မှာအဖေ့ကိုယ်စား လုပ်ငန်းတစ်ခုကိုဆွေးနွေးခိုင်းတာကြောင့် အခုသူ US ကပြန်လာတာပင်
သူရဲဝန်ထမ်းလုပ်လို့ဆိုပြီးစိတ်ဆိုးမာန်ဆိုးဖြစ်ခဲ့တဲ့အဖေကအခုတော့ Hope company မှာအလုပ်ဝင်ဖို့သူ့ကိုအတင်းပြန်ခေါ်နေသည်
မလုပ်ချင်ဘူး ဟုအကြိမ်ကြိမ်ငြင်းသော်လည်းဒါတွေက အချည်းနှီးသာ.....
YOU ARE READING
𝐇𝐞𝐚𝐫𝐭 𝐎𝐟 𝐒𝐭𝐨𝐧𝐞🖤<ကျောက်ဆစ်နှလုံးသား>
Fanfiction𝑴𝒂𝒊𝒏 𝑪𝒂𝒔𝒕 : 𝑱𝒖𝒏𝒈𝒌𝒐𝒐𝒌 𝐗 𝑶𝑪 𝚂𝚝𝚊𝚝𝚞𝚜 . | 𝐎𝐧 𝐠𝐨𝐢𝐧𝐠 sᴛᴏʀʏ ɪᴅᴇᴀ 𝒷𝓎 @𝗖𝗵𝗮𝗻𝘁𝗿𝗲𝗮_𝗛𝘆𝗼𝗛𝗼𝗼𝗻 ❝ကိုယ်ကရင်နာရတာကိုမှ အချစ်လို့ထင်ခဲ့တာ အချစ်ကြောင့်နဲ့ အများကြီးရှုံးနိမ့်ခဲ့ပြီးထင်ပါတယ်....❞ ❝ကိုယ္ကရင္...