Episode-8

1.4K 127 55
                                    

\Unicode/

အလုပ်ကို လျှောက်လွှာတင်ပြီးတာနဲ့ အင်တာဗျူးဖြေဖို့အတွက် ပြန်ပြီး‌ဖတ်စရာရှိတာတွေကိုဖတ်နေလေသည်

နာရီကြည့်လိုက်တော့ ည ၁၀ နာရီထိုးနေပြီ

မနက်ကျရင်တစ်ခါတည်းအဆင်သင့်ဖြစ်အောင် ဝတ်မဲ့အင်္ကျီကို မီးပူတိုက်ပြီး ဗီရိုတွင်သေချာချိတ်ပြီးနောက် အိပ်ယာဝင်ဖို့အတွက် စဉ်းစားလိုက်တော့သည်

ပုံမှန်ဆို ၁၀ နာရီမအိပ်ပေမဲ့ မနက်ကျရင်အင်တာဗျူးဖြေရမယ်ဆိုတော့ စောစောထဖို့လိုသည်လေ

အမြန်ပင်မျက်လုံးတို့မှိတ်လိုက်သည်။
.
.
.

အင်တာဗျူးဖြေရမှာ ၈ နာရီဆိုပေမဲ့ သူက၇ နာရီကတည်းက အားလုံးအဆင်သင့်ဖြစ်နေပြီ

တိကျမှုကိုကြိုက်တဲ့သူက နောက်ကျမှာဆိုး၍အမြဲတမ်း အားလုံးကိုအဆင်သင့်ပြင်ထားသည်

ညကလည်းကောင်းကောင်းအိပ်မပျော်ပါ မနက်၅ နာရီခွဲလောက်ကတည်းက နိုးနေမိသည် ၇ နာရီခွဲလောက်ရောက်တော့ Jeon Selba သို့~~~~

Company အတွင်းအင်တာဗျူးဖြေရမယ့် နေ့မို့လားမသိ သိသာစွာလူတွေရှုပ်နေသည်

ရောက်ရောက်ချင်း Information Counter တွင် ‌ဖြေရမယ့်နေရာမေးတော့ ဝန်ထမ်းတစ်ယောက်ကလိုက်ပို့ပေးတာကြောင့် လိုက်ရှာစရာတော့မလို

"ဒီမှာ ထိုင်စောင့်ပေးပါ"

"Nae..ကျေးဇူးပါ"

စောင့်ရမယ့်နေရာကြည့်မိတော့မှ

ဘုရားရေ!! နည်းတဲ့လူတွေမှမဟုတ်တာ
သူအံ့ဩသွားမိသည်

ယောင်္ကျားလေးရော၊မိန်းကလေးရော တော်တော်များသည်

Jeon Jungkook ရဲ့ Secretary လုပ်ရမှာကိုစိတ်ဝင်စားကြသည်ထင်၊ လစာကလည်းပေးထားတာများတော့ လူတိုင်းစိတ်ဝင်စားကြတာပေါ့၊စောင့်ရမဲ့နေရာ၌သာထိုင်စောင့်နေလိုက်သည်

သူတို့စောင့်နေတဲ့နေရာက အခန်းထဲမှာဖြစ်တာကြောင့် အချင်းချင်းအပြန်လှန် အလုပ်‌နဲ့ပတ်သက်တာတွေမျှဝေတာ၊စကားပြောသံတွေနဲ့ တိတ်ဆိတ်မှုတော့မရှိပေ။

𝐇𝐞𝐚𝐫𝐭 𝐎𝐟 𝐒𝐭𝐨𝐧𝐞🖤<ကျောက်ဆစ်နှလုံးသား>Where stories live. Discover now