Episode-19

968 145 85
                                    

\Unicode/

ကိုယ်တစ်ယောက်တည်း အနစ်နာခံပေးလိုက်ရုံနဲ့ အရာအားလုံးအဆင်ပြေပြေပြီးဆုံးသွားမယ်ဆိုရင်..
ကျွန်မလည်း အနစ်နာနွံတွင်းထဲကို ကြောက်ရွံ့မှုမရှိခုန်ဆင်းလိုက်ချင်ပါတယ်။

ဒါပေမယ့် ဒီလိုခုန်ဆင်းလိုက်ရုံနဲ့ မကောင်းမှုတွေဟာ ကမ္ဘာမြေပေါ်ကနေပျောက်ကွယ်သွားဦးမှာမဟုတ်ပါဘူး၊လှည့်ကွက်မျိုးစုံနဲ့ မိစ္ဆာတစ်ကောင်လိုတွယ်ကပ်ပြီး မာယာတွေနဲ့ရှင်သန်နေဦးမှာပါ။

ကျွန်မတို့ကသာ ကိုယ်အနစ်နာခံပေးလိုက်တယ်ဆိုတာကို ဘယ်သူမှမသိရှိခဲ့တဲ့ ဖြစ်ရပ်မျိုးနဲ့ နာကျင်စွာအဆုံးသတ်သွားရဦးမှာ....။

___________Heart Of Stone

လူအသွားအလာရှုပ်နေသော ကော်ရစ်တာလမ်းပေါ်တွင် မည်သူနဲ့မှမတိုက်မိစေရန် ထောင့်ကပ်ရင်း အတွေးတစ်ခုနဲ့အတူလမ်းကိုခပ်ဖြေးဖြေးလျှောက်လာသည်။

ရုတ်တရက်အနောက်ဘက်မှ ပခုံးတစ်ဖက်အားဆုပ်ကိုင်ခံလိုက်ရသောကြောင့် ခြေလှမ်းများရပ်ကာ အနောက်ဘက်သို့လှည့်ကြည့်လိုက်၏

"EunJi..EunJi ဟုတ်တယ်မလား?"

"ဟင်!SeokJin ဒီကိုဘယ်လိုလုပ်?!"

နှစ်ခြိုက်စွာပြုံးပြလာသော SeokJin အပြုံးများကို EunJi လည်းပြန်လည်တုန့်ပြန်ခဲ့သည်။

ပူနွေးနေသော ကော်ဖီအားမသောက်သေးပဲ စက္ကူခွက်ကိုအသာကိုင်ရင်း လက်အနွေးဓာတ်ရအောင်သာလုပ်နေသည်။ သူတို့အခုရောက်နေတာက ဆေးရုံ lobby ကခုံတန်းတစ်ခုတွင်..။

"ဆေးရုံကိုဘာလာလုပ်တာလဲ EunJi,တစ်နေရာရာ နေမကောင်းဖြစ်နေလို့လား"

"ဟင့်အင်း..မဟုတ်ပါဘူး၊နေကောင်းပါတယ်"

"ဒါဆို..?"

"အသိတစ်ယောက် ဆေးရုံတက်နေရလို့လေ၊
အင်း..ပြောရရင် အသိဆိုတာထက် အလုပ်ကအထက်လူကြီးဆိုပိုမှန်ပါတယ်"

"အာ..ငါကနင်တစ်ခုခုဖြစ်တယ်ထင်လို့ စိတ်ပူသွားတာ"

နှုတ်ခမ်းအားမဲ့ကာ ဟုတ်လို့လား ဆိုသောပုံစံဖြင့်ကြည့်တော့ SeokJin ကမျက်စောင်းအခဲသားဖြင့် ပြန်စိုက်ကြည့်သည်။

𝐇𝐞𝐚𝐫𝐭 𝐎𝐟 𝐒𝐭𝐨𝐧𝐞🖤<ကျောက်ဆစ်နှလုံးသား>Where stories live. Discover now