Episode-17

1K 164 77
                                    

\Unicode/

စက်ရုံပေါက်ကွဲမှုမှာ ထိခိုက်ဒဏ်ရာရသွားသူတွေကို နစ်နာကြေးနဲ့ထောက်ပံ့စရိတ်ပေးဖို့အတွက် ရေးဆွဲထားသောစာရင်းဇယားများမိတ္တူဆွဲနေစဉ် Saemi ဆီမှဖုန်းဝင်လာသည်။

ရုံးအောက်က Cafe ကိုရောက်နေတယ်ဆိုသောကြောင့် လုပ်လက်စအလုပ်များကိုထားခဲ့ရင်း အောက်ထပ်က Cafe သို့လာခဲ့ရသည်။ဝင်ဝင်ချင်းမှာတင် ကော်ဖီနှစ်ခွက်နဲ့အတူထိုင်စောင့်နေသော သူငယ်ချင်းဖြစ်သူကိုတွေ့လိုက်ရသည်။

Saemi ကတော့ EunJi ကိုမြင်သည်နှင့်ပြေးဖက်ပြီးကြိုဆိုတော့တယ်။

"အမယ်လေး..မတွေ့ရတာတစ်ပတ်ပဲရှိပါသေးတယ်ဟယ်"

"မိ Eun နင်ဟာလေ တော်တော်အသည်းနှလုံးမရှိတဲ့သူ၊ ငါ ကနေဒါသွားနေတဲ့တစ်ပတ်အတွင်းဖုန်းလေးတစ်ကောလ်တောင်မဆက်ဘူး၊ ငါ့မှာတော့ စာမေးပွဲသာသွားဖြေနေတယ် စိတ်ကတော့နင့်ကိုပူလွန်းလို့သေတော့မယ်"

"မဟုတ်ပါဘူးဟယ်..ငါဖုန်းမဆက်ဘူးဆိုတာကလည်း အခုနောက်ပိုင်းကုမ္ပဏီကနေအမြဲနောက်ကျမှအလုပ်ဆင်းရတယ်လေ၊ နောက်ပြီး ငါဖုန်းဆက်လိုက်တဲ့အခါမှာလည်း နင်စာကျက်နေတယ်ဆိုရင် အနှောင့်ယှက်ဖြစ်မှာဆိုးလို့ပါ"

"ဖြစ်စရာလား..ငါ့မှာတော့ နင့်ကိုတမျှော်မျှော်နဲ့ မျှော်နေရတာ"

"ငါ့ကိုစိတ်မပူပါနဲ့ Sae ရယ်၊ ငါက ကလေးလားစိတ်ပူနေရအောင်"

"ကလေးမဟုတ်လို့ပေါ့ဟဲ့ ပြောနေရတာ"

"ဟုတ်ပါပြီရှင်..ကျွန်တော်မျိုးမကိုစိတ်ပူပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်၊ရပြီလား"

"ရပြီ..နောက်တစ်ခါဆိုရင်တော့ နင့်ကိုစိတ်ကောက်မှာ၊အခုတော့လျှော့ပေးလိုက်မယ်"

ဒီလောက်ထိချော့တာတောင် သိပ်ကျေနပ်ဟန်မရသေးတဲ့ မျက်နှာဘေးနဲ့ကော်ဖီသောက်နေသည်၊အခုထိကလေးစိတ်
မကုန်သေးတဲ့ Saemi ကိုကြည့်ရင်း EunJi ခေါင်းပဲအသာခါလိုက်တော့သည်။

"ပြောပါဦး..မလာစဖူး ကုမ္ပဏီကိုလိုက်လာရတဲ့အကြောင်းလေး"

"ပထမအချက်ကတော့ နင့်ကိုသတိရလို့တွေ့ချင်လို့ပေါ့နော်၊ဒုတိယအချက်ကတော့ Jeon Selba ကိုတစ်ခါလောက်ရောက်ဖူးချင်လို့၊ တတိယအချက်ကတော့...."

𝐇𝐞𝐚𝐫𝐭 𝐎𝐟 𝐒𝐭𝐨𝐧𝐞🖤<ကျောက်ဆစ်နှလုံးသား>Where stories live. Discover now