Episode-25

841 56 59
                                    

Unicode

ကုမ္ပဏီနားရောက်ခါနီးမှာ ပိတ်စို့နေတဲ့ယာဉ်ကြောတန်းကို Jungkook စိတ်မရှည်စွာနဲ့ပဲ ဆက်မစောင့်နိုင်ပြီမို့ ကားပေါ်မှဆင်းကာ Jeon Selba ထဲသို့အပြေးဝင်လာခဲ့သည်။

ဒီနေ့က ကုမ္ပဏီမှာ ထုတ်ကုန်မိတ်ဆက်ပွဲအထိမ်းအမှတ်ညစာစားပွဲရှိသည်မို့ ဝန်ထမ်းအများစုကတော့ ကုမ္ပဏီမှာမရှိတော့။

လုံခြုံရေးဝန်ထမ်းတွေနဲ့ အိမ်ပြန်ဖို့ပစ္စည်းသိမ်းနေသူ တစ်ယောက်စ၊နှစ်ယောက်စကလွဲရင် ကုမ္ပဏီတစ်ခုလုံးခြောက်ကပ်လျက်..

Jeon Selba ထဲသို့ Jungkook အလျင်စလိုပြေးဝင်လာတာမြင်တော့ စကားစမြည်ပြောရင်း အေးဆေးထိုင်နေကြတဲ့ လုံခြုံရေးဝန်ထမ်းအချို့လည်း ကမန်းကတန်းထရပ်ကာ အရိုအသေအမြန်ပေးကြသည်။

"ဖုန်းကိုင်ပါကွာ.."

EunJi ကိုဆက်တိုက်ဖုန်းခေါ်နေပေမယ့် "ဆက်သွယ်မှုဧရိယာ ပြင်ပ" ဆိုတဲ့စကားသံကလွဲရင် ဘာမှထူးခြားမှုမရှိ။

"သူ့ကို မထိနဲ့!!!"

ဓာတ်လှေကားထဲမှာ ထွက်လာတော့ ကျယ်လောင်တဲ့အော်သံတစ်ခုက ဘုတ်အဖွဲ့အစည်းဝေးခန်းဘက်နားမှ ထွက်လာခဲ့သည်။

"သတ်ချင်ရင် ငါ့ကိုသတ်လိုက်..အခုသတ်ပစ်လိုက်!!"

အခန်းနားသို့ ရောက်ခါနီးလေ အသံကပိုပြီးတိကျပြတ်သားစွာကြားရလေ..

သူကြားနေရတဲ့စကားလုံးတွေရဲ့ အသံပိုင်ရှင်က ဘယ်သူလဲဆိုတာ သူအတိအကျမှန်းမိသွားတဲ့အခါ စိုးရိမ်မှုကြောင့် သူ့နှလုံးသားတစ်ခုလုံး ပြုတ်ထွက်သွားတော့မလိုပဲ..

*ဝုန်း!* ခနဲတံခါးကိုဆောင့်ဖွင့်လိုက်ပြီးနောက် EunJi ကိုသတ်ဖို့လုပ်နေတဲ့ Simon အား ကြမ်းပြင်ပေါ် တွန်းလှဲချလိုက်ကာ စိတ်လက်မာန်ပါ ထိုးမိသည်။

ကိုယ့်ထက် အသက်ကြီးတဲ့သူဆိုတဲ့ အသိစိတ်ဓာတ်တွေလည်း Jungkook မှာမရှိတော့...

လုံခြုံရေးဝန်ထမ်းတွေရောက်လာတော့ Simon ကထွက်ပြေးဖို့ကြိုးစားသေးတယ်။ ဒါပေမယ့် Jungkook ရဲ့လက်စပြင်းပြင်းတွေကြားက ထိုလူဘယ်လိုမှမလွတ်လာနိုင်ခဲ့။ ဝန်ထမ်းတွေလည်း Jungkook အား တားကြရင်း ရုန်းရင်းဆန်ခတ်ဖြစ်နေတုန်း...

𝐇𝐞𝐚𝐫𝐭 𝐎𝐟 𝐒𝐭𝐨𝐧𝐞🖤<ကျောက်ဆစ်နှလုံးသား>Where stories live. Discover now