Episode-1

3.9K 214 8
                                    

\Unicode/

သာယာလှပတဲ့ နံနက်ခင်းလေးတစ်ခုမှာ နေမင်းကြီးက လှပစွာတောက်ပနေသလို

စိမ်းစိုနေတဲ့မြက်ခင်းပြင်ကြီးရယ်

အရောင်တွေစုံလင်စွာပွင့်နေတဲ့ ပန်းပင်လေးတွေရယ်

အားလုံးဟာ ပန်းချီကားတစ်ချပ်ကိုလှပသေသပ်စွာဆေးရောင်ခြယ်ထားသလိုလှပနေခဲ့တယ်

"Unnie...."

ဆိုသောကောင်မလေးတစ်ယောက်ရဲ့ ခေါ်သံလေးဟာလည်း ချိုသာလွန်းလှသည်

ကောင်မလေးတစ်ယောက်ခေါ်သံကြောင့် ခြံထဲတွင်အပင်တွေကိုရေလောင်းနေတဲ့ ကောင်မလေးဟာလှည့်ကြည့်လာပြီး

"JiJi ညီမလေးနိုးပြီလား"

"နိုးပြီ Unnie ကအစောကြီးအပင်‌တွေရေလောင်းနေတာလား"

JiJi ဆိုသောသူအချစ်ရဆုံးတစ်ဦးတည်းသော ညီမလေးဟာ အနောက်ကနေသိုင်းဖက်‌ရင်းပြောလာသည်။

"Unnie ကိုယ်တိုင်ရေမလောင်းတာကြာပြီဆိုတော့လေ...ဗိုက်ဆာပြီလား"

"ဟုတ်"

"လာ..ဒါဆို သွားစားရအောင် ဒီနေ့ညီမလေးကြိုက်တဲ့ကင်မ်ချီထမင်းကြော် လုပ်ပေးထားတယ်"

"Yay!!...အဲ့တာကြောင့် Unnie ကိုချစ်တာ"

"ဟုတ်ပါပြီ လာစားရအောင်"

~~~~~~~~~~

မနက်စာစားနေရင်း

"ငါ့ညီမလေးတောင် အထက်တန်းပြီးတော့မယ်နော် စာတွေရောလိုက်နိုင်ရဲ့လား"

"လိုက်နိုင်ပါတယ် Unnie ရောcompany မှာအဆင်ပြေရဲ့လား အခုတလောအိမ်ပြန်နောက်ကျတယ်နော်"

"ဟုတ်တယ် လချုပ်စာရင်းတွေပြန်တိုက်နေရလို့လေ"

"ညီမလေးက Unnie ကိုမြန်မြန်ကူညီချင်နေပြီ ဒါမှ Unnie မပင်ပန်းမှာလေ"

Unnie ကကျွန်မရဲ့ လက်လေးကိုကိုင်ရင်း

"JiJi အခုချိန်မှာအဲ့တာတွေမတွေးနဲ့အုံး စာကိုဘဲအာရုံစိုက်ဟုတ်ပြီလား Unnie မပင်ပန်းပါဘူး"

"ဒါပေမဲ့..."

"ဒါပေမဲ့ တွေ လုပ်မနေနဲ့တော့ ကျောင်းနောက်ကျမယ်မြန်မြန်စား"

𝐇𝐞𝐚𝐫𝐭 𝐎𝐟 𝐒𝐭𝐨𝐧𝐞🖤<ကျောက်ဆစ်နှလုံးသား>Where stories live. Discover now