Episode-23

1K 80 62
                                    

\Unicode/

အိမ်ရှေ့လမ်းသွယ်နားက လမ်းသွားလမ်းလာအချို့ရဲ့ စကားပြောသံတွေကြောင့် EunJi မျက်လုံးအနည်းငယ်ဖွင့်ကာ ပြတင်းပေါက်အား လှမ်းကြည့်လိုက်၏။

နေ၏အလင်းစုတစ်ချို့က လိုက်ကာအဖြူစလေးကိုဖောက်ကာ အခန်းထဲတွင်ဖြာကျနေသည်။

မိုးတောင်လင်းသွားပြီပဲ...

မိနစ်ပိုင်းလောက် အိပ်ယာပေါ်မှာ ဟိုလှိမ့်၊ဒီလှိမ့်လုပ်လိုက်ပြီးမှ ကိုယ်ပေါ်က ခပ်အိအိစောင်ကို လုံးထွေးကန်ထုတ်လိုက်သည်။

"အ့..ငါ့ခေါင်းသေပါပြီ"

အိပ်နေရာမှ ထလိုက်‌တော့
နားထင်နှစ်ဖက်က စူးကနဲနေအောင်နာကျင်သွားလို့ ညည်းတွားလိုက်မိ၏။

ရင်ပူလွန်းတာကြောင့် အောက်ထပ်ကိုအရင်ဆင်းကာ ရေအေးအေးတစ်ခွက်ကိုအရင်သွားသောက်သည်။

ထမင်းစားပွဲ‌ပေါ်တွင် ဖန်အုပ်ဆောင်းဖြင့်အုပ်ထားတဲ့ ဟင်းရည်တစ်ခွက်ကိုတွေ့လိုက်ရသဖြင့် ရေသောက်နေရင်း မျက်လုံးတို့အနည်းငယ်ပြူးကြောင်သွားသည်။

သူလည်းဟင်းမချက်ဘဲ ဒီဟင်းရည်ကဘယ်လိုရောက်နေတာပါလိမ့်။

သူ့၏ကိုယ်တွင် ဝတ်ထားတဲ့မနေ့က ရုံးအဝတ်စားတွေ မလဲရသေးတာကိုပြန်ကြည့်မိတော့မှ မနေ့ညနေခင်းက အဖြစ်အပျက်တွေကို တရေးရေး ပြန်သတိရလာသည်။

မနေ့ညနေက ကုမ္ပဏီညစာစားပွဲလုပ်ခဲ့တာပဲ၊ဆိုဂျူထက်ပြင်းတဲ့ အရက်တွေတောင်သောက်နိုင်တဲ့သူက မနေ့ကနည်းနည်းလေးသောက်တာတောင် လူသူမှန်းမမှတ်မိ၊
ဘာတွေဖြစ်လို့ ဖြစ်မှန်းမသိအောင်တော်တော်အခြေနေဆိုးသွားခဲ့တာပဲ။ ဂျာမနီခရီးစဉ်က ပြန်လာကတည်းက မနားရသေးတာမို့ အပင်ပန်းလွန်သွားတာကြောင့် ထင်ပါရဲ့။

သူမနေ့က SaeMi ကိုပဲဖုန်းဆက်ခေါ်ပြီးအိမ်ပြန်ခဲ့တယ်ထင်တယ်၊ဒါကြောင့်မို့ ပဲပင်ပေါက်ဟင်းရည်ကို သူ့အတွက်အလိုက်တသိနဲ့ SaeMi ချက်ပေးခဲ့တာဖြစ်မည်။

သူ့ရဲ့ SaeMi လေးချစ်ဖို့ကောင်းချက်♥︎

လေးလံနေတာတွေ လန်းဆန်းသွားအောင် ရေမိုးချိုးလိုက်ပြီးနောက် Sae မနေ့ပေးထားတဲ့ ပဲပင်ပေါက်ဟင်းရည်လေးကို သောက်လိုက်သည်။Sae လေးက ဟင်းချက်တော်လိုက်တာ..ဟင်းရည်လေးက သူသောက်ဖူးနေကျအရသာနဲ့မတူပဲ တစ်မျိုးလေးထူးကဲပြီးအရသာရှိနေသည်။

𝐇𝐞𝐚𝐫𝐭 𝐎𝐟 𝐒𝐭𝐨𝐧𝐞🖤<ကျောက်ဆစ်နှလုံးသား>Where stories live. Discover now