Episode-15

2.3K 155 97
                                    

\Unicode/

"Oppa~~"

နေရောင်ခြည်နုနုထိုးဖောက်ကာဝင်ရောက်နေပြီး ခပ်အေးအေးသံစဉ်သံတစ်ခုလွင့်ပြန့်နေတဲ့ ကော်ဖီဆိုင်အတွင်းသို့
Jungkook ရောက်သွားတဲ့အခါ ကြိုရောက်နေပြီဖြစ်တဲ့ ဗယ်ရိုနီကာမှ
လက်ပြပြီး လှမ်းခေါ်သည်၊

စားပွဲဝိုင်းဆီသို့ လျှောက်သွားကာ မျက်နှာချင်းဆိုင်ခုံတွင် ဝင်ထိုင်လိုက်တော့
Black Coffee တစ်ခွက်နဲ့
ဘယ်ရီကိတ်မုန့်တစ်တုံးက ကြိုဆိုနေလျက်...

"Oppa ဒီနေ့နောက်ကျတယ်နော်..
အရင်ကဆိုရင် ဟန်နီမရောက်ခင်တောင်အမြဲကြိုပြီးရောက်နေတတ်တာ"

"အင်း..လုပ်စရာလေးတွေရှိလို့ နောက်ကျနေတာပါ"

"ဟွန့်..သိသားဘဲ အလုပ်ကြောင့်ဆိုတာ
ပြောပြန်ရင်လည်း ဟန်နီကလူဆိုးကြီးဖြစ်အုံးမယ်"

ဘေးတစ်ဖက်တည်းသို့ စုပြီးချထားတဲ့လှိုင်းကောက်ဆံပင်များကို လက်ချောင်းများဖြင့် လိမ်ယှက်ကစားရင်းနှုတ်ခမ်းအနည်းငယ်ဆူကာ ပြောလာပုံက
အများအမြင်မှာတော့ ချစ်စဖွယ်အပြည့်ပင်၊

သူကိုယ်တိုင်တောင် အရင်ကဒီလိုပုံစံမျိုးလေးတွေ့ရင် အသည်းယားကာအမြဲဆွဲဖက်နမ်းခဲ့တာပဲမဟုတ်လား...။

"Oppa~~~"

"အင်း.."

"ဒီနေ့ ဟန်နီတို့ မင်္ဂလာခန်းမတွေသွားကြည့်ကြမယ်လေ၊ ဝတ်စုံကတော့အခုလာမယ့်ပိတ်ရက်ကြမှ သွားကြတာပေါ့၊ နောက်ပြီး နမူနာဖိတ်စာဒီဇိုင်းလည်းရနေပြီတဲ့..အဲ့တော့ ဖိတ်စာသွားကြည့်ရင်း တစ်ခါတည်းခန်းမဆီလည်း ဝင်လိုက်မယ်လေ"

"ဒီနေ့လား?"

"အင်း..ဘာလို့လဲ.."

"Oppa..အရေးကြီးကိစ္စတွေချိန်းထားတာ ရှိတယ်"

"ရက်ရွှေ့လိုက်ပေါ့"

"ရွှေ့လို့မရဘူး တစ်ဖက်ကလုပ်ငန်းရှင်တွေကို ကတိပေးထားပြီးသား"

"တကယ်မရဘူးလား"

သူခေါင်းခါပြလိုက်သည်။

"Oppa ကလည်း အရင်ကတော့ ဘယ်လောက်အရေးကြီးကိစ္စဖြစ်ပါစေ ဟန်နီ့ကိုဘဲ ဦးစားပေးခဲ့ပြီးတော့"

𝐇𝐞𝐚𝐫𝐭 𝐎𝐟 𝐒𝐭𝐨𝐧𝐞🖤<ကျောက်ဆစ်နှလုံးသား>Where stories live. Discover now