Episode-24

944 76 125
                                    

\Unicode/

ချွန်ထက်နေသော ဒေါက်မြင့်ဖိနပ်
တစ်ရံ၏အသံသည် ဖြတ်လျှောက်လာသော ကော်ရစ်တာလမ်းမတစ်လျှောက်ထက်ဝယ် အရိပ်သဖွယ်စွဲကျန်ခဲ့သည်။

သူမ အခန်းရှေ့ရောက်သည်နှင့် အစောင့်နှစ်ယောက်သည် အလိုက်တသိဖြင့်တံခါးဖွင့်ပေး၏။

သူမ ခပ်သွက်သွက်ဝင်သွားလိုက်တော့ ဆုံလည်ခုံပေါ်တွင် ထိုင်နေသော သူသည် သူမကို နောက်ကျောပေးလျက်ဖြင့်တစ်ချက်ပင်လှည့်မကြည့်ခဲ့။

မကြာသေးခင်ကမှ အသစ်ထွက်ထားတဲ့ DIOR လက်ကိုင်အိတ်အား ကြင်နာမှုမရှိစွာဖြင့် နဘေးက ဆိုဖာခုံပေါ်သို့ အကြမ်းပတမ်းလွှင့်ပစ်လိုက်သည်။

"အခုဘယ်လိုလုပ်မှာလဲ!"

မှန်စားပွဲကို ခပ်ကြမ်းကြမ်းရိုက်ကာ အော်လိုက်တော့ ဆုံလည်ခုံသည် တဖြည်းဖြည်းလှည့်လာသည်။

"အခုဘယ်လိုလုပ်မှာလဲလို့!"

လှည့်ကြည့်လာသူက ဘာစကားမှမ‌ပြောပဲ မျက်နှာသေဖြင့် သူမကိုစိုက်ကြည့်လာတော့ သူမ မျက်ခုံးတန်းများပို၍တွန့်ချိုးကာ ထပ်အော်ပြောလိုက်ခြင်း..

ထိုသူသည် နှုတ်ခမ်းများတွန့်ချိုးအောင်တစ်ချက်ပြုံးလိုက်ပြီးနောက် သူမ မေးဖျားအားဆွဲမော့လိုက်သည်။

"ဘာဖြစ်လာတာလဲ.."

လက်များကို ဖယ်ချပစ်ရင်း သူမ မှန်စားပွဲပေါ် တင်ပလွှဲဝင်ထိုင်လိုက်သည်။

"ဘာဖြစ်ရမှာလဲ..အခု ကျွန်မကို
Jeon Jungkook လမ်းခွဲသွားပြီ"

စီးကရက်တစ်လိပ်ကို အေးဆေးစွာဖွာနေတဲ့ ဆုံလည်ခုံထက်ကသူသည် မထိတရိအပြုံးမျိုးနှင့်..

"အဲ့တာ ဘာဖြစ်လို့ ဒီလောက်ဒေါသဖြစ်လာရတာလဲ"

"အဲ့တော့ ကျွန်မက Jeon Jungkook လမ်းခွဲသွားပါပြီဆိုပြီး လက်ခုပ်တီးပြီးပျော်နေရမှာလား"

ပုံသွင်းထားတဲ့ ဆံပင်အခွေလိပ်များကို စိတ်ရှုပ်စွာ ထိုးဖွပစ်လိုက်ရင်း ဆိုဖာခုံဘက်သွားကာ စိတ်ပျက်စွာထိုင်ချလိုက်သည်။

"လမ်းခွဲသွားတော့လည်း လမ်းခွဲသွားတယ်ပေါ့"

မျက်နှာချင်းဆိုင်ခုံတွင်လာထိုင်သော သူအား ဗယ်ရိုနီကာ အကြည့်စူးစူးများဖြင့် ပြန်ကြည့်သည်။

𝐇𝐞𝐚𝐫𝐭 𝐎𝐟 𝐒𝐭𝐨𝐧𝐞🖤<ကျောက်ဆစ်နှလုံးသား>Where stories live. Discover now