Episode-21:2

1.4K 118 126
                                    

\Unicode/

"CEO!"

သူမ ကနေတာကိုရပ်လိုက်ပြီး အံ့ဩစွာပြောလိုက်မိတယ်။ တစ်ဖက်ကမသိစိတ်ဟာလည်း ဝမ်းသာသွားခဲ့တယ်၊ဘာလို့ဆို သတင်းကောင်းပြောပြဖို့အတွက် သူမတွေ့ချင်နေခဲ့တာလေ။ အလွန်ဝမ်းသာခဲ့ပေမယ့်လည်း အခြေနေတွေက သူမဖြစ်စေချင်တဲ့အနေထားမျိုးမှာ မဟုတ်..။

လှည့်ထွက်သွားသော CEO ကြောင့် အနောက်မှလိုက်ဖို့အတွက် ကုတ်အင်္ကျီနဲ့လက်ကိုင်အိတ်တွေတင်ထားခဲ့တဲ့ စားပွဲဆီအမြန်သွားသည်။

"Hey!EunJi ဘာဖြစ်လို့လဲ"

ဆောင်းထားသောဦးထုပ် နှင့် စကတ်အဝတ်စပိုင်းကိုဆွဲချွတ်တော့ Rohan ကနားမလည်သလိုမေးရင်း သူ့အနားရောက်လာသည်။

"ကျွန်မတို့ ဒိတ်ဒီမှာပြီးပြီ Rohan၊
ကျွန်မ သွားတော့မယ်..ခွင့်ပြုဦး"

"နေပါဦး EunJi..ဘယ်သွားမလို့လဲ"

"Hey!EunJi!"

သူ့လက်တွေဆွဲကိုင်ကာ တရစပ်မေးနေပေမယ့် ပြန်မတုန့်ပြန်ဘဲ လက်များကိုဖယ်ထုတ်ရင်း ဆိုင်အပြင်ဘက်သို့အပြေးထွက်လာခဲ့သည်။ ဆိုင်အနီးအနားပတ်ဝန်းကျင်ကိုကြည့်တော့ ခပ်လှမ်းလှမ်းရောက်နေပြီဖြစ်တဲ့ CEO Jeon ကြောင့်အနောက်မှအပြေးလိုက်ရတော့တယ်။

"CEO!"

"CEO!!"

"ခဏလေးနေပါဦး!CEO Jeon shi"

အနောက်မှခေါ်နေတာကို လှည့်မကြည့်တာကြောင့် လက်တစ်ဖက်ကိုဖမ်းဆွဲကိုင်ကာတားလိုက်သည်။

လှည့်ကြည့်လာတော့လည်း အသက်မပါသည့်အတိုင်း အေးစက်စက်ဖြင့်။

"ဘာလို့လိုက်လာတာလဲ"

"ကျွန်မ--"

"ပြန်သွားလိုက်၊တော်ကြာ Rohan မင်းကိုမျှော်နေဦးမယ်"

ကိုင်ထားသော သူ့လက်များကိုဖယ်ထုတ်ကာခပ်ပြတ်ပြတ်ပြောသည်။

"ကျွန်မနဲ့ Rohan ကအလုပ်သဘောအရပတ်သက်တဲ့မိတ်ဆွေတွေပါ၊CEO ထင်နေသလိုမဟုတ်ဘူး"

"အဟက်!အလုပ်သဘောအရ မိတ်ဆွေကဒီလိုမျိုးတွဲကနေတယ်တဲ့လား..
Park EunJi!မင်းကို ပြပွဲကိစ္စကလွဲရင်ကျန်တာတွေအာရုံမစိုက်နဲ့လို့ပြောထားတယ် မဟုတ်လား"

𝐇𝐞𝐚𝐫𝐭 𝐎𝐟 𝐒𝐭𝐨𝐧𝐞🖤<ကျောက်ဆစ်နှလုံးသား>Where stories live. Discover now