Episode-7

1.2K 129 3
                                    

\Unicode/

စာဖတ်ခန်းလေးထဲတွင် မရိုးနိုင်စွာ အမှုဖြစ်ခဲ့တဲ့ သက်သေဓာတ်ပုံတွေ ၊စာရွက်တွေကိုကြည့်ရင်း

"Unnie... ကိုယ်ဝန်ရှိတာကိုသိနေခဲ့တာလား ကလေးအဖေဘယ်သူဆိုတာ အထိကိုသိနေခဲ့တာလား ဘာလို့ညီမလေးကိုမပြောခဲ့တာလဲ"

" တာဝန်မယူမှန်းသိရက်နဲ့တောင် တစ်ယောက်တည်းအရာအားလုံးဖြေရှင်းခဲ့တာလား......ဘယ်လောက်ပင်ပန်းခဲ့မလဲ"

အခုချိန်ထိ မှတ်မိနေခဲ့တာပေါ့ Unnie မေးခဲ့တဲ့မေးခွန်းလေးတစ်ခု

*ညီမလေး တကယ်လို့များ Jung နဲ့မဖြစ်မနေပတ်သက်ရမဲ့ကိစ္စရှိရင် ခွင့်ပြုမှာလား*

အဲ့အချိန်တုန်းကဘာကြောင့်မေးခဲ့မှန်းမသိခဲ့ဘူး မပတ်သက်နဲ့လို့တောင်သူပြောခဲ့သေးတယ်

အရာအားလုံးကိုသာအမှန်တိုင်းသိခဲ့ရင် သူခွင့်ပြုခဲ့မှာပေါ့ အစ်မပျော်ရွှင်ဖို့ကအဓိကမဟုတ်လား သူမသိခဲ့လို့သာပြောခဲ့တာပေါ့မပတ်သက်နဲ့ဆိုပြီး

တာဝန်မယူခဲ့တဲ့အပြင် အတင်းလက်ထပ်ခိုင်းမှာဆိုးလို့ ရက်ရက်စက်စက်သတ်ပစ်ခဲ့တဲ့
Jeon Jungkook ဆိုသူကိုလည်းသေလောက်အောင်နာကျည်းမုန်းတီးမိတယ်

စဉ်းစားရင်းအတွေးလွန်နေချိန်မှာ အခန်းတွင်းသို့ဝင်ရောက်လာတဲ့ Cherry ပန်းရနံ့လေးတစ်ခု

သူသိပ်သိတာပေါ့ အဲ့အနံ့လေးကို

Unnie အရမ်းကြိုက်တဲ့ရေမွှေးနံ့လေး အခန်းကတံခါးတွေကိုပိတ်ထားတာကြောင့်အပြင်ကအနံ့လည်းမဖြစ်နိုင်

ထိုင်နေရင်းမှချက်ချင်းထရပ်လိုက်ရင်း

"Unnie...Unnie ဒီအခန်းထဲမှာရှိတယ်မလား  ညီမလေးသိတယ် အခန်းထဲမှာရှိနေတယ်ဆိုတာ...."

စားပွဲပေါ်မှပြုတ်ကျသွားသောစာရွက်လေး

သူကောက်ဖတ်လိုက်တော့

အမှုပိတ်လိုက်ပြီဖြစ်ကြောင်းကြေညာထားတဲ့ သတင်းစာလေး

ရင်နာစွာနဲ့ Unnie ရဲ့ဓာတ်ပုံလေးကိုရင်၌ပွေ့ပိုက်ထားရင်း

"စိတ်ချပါ...ညီမလေးဘယ်တော့မှလက်မလျှော့ဘူး သေချာပေါက်လက်စားပြန်ချေမှာပါ...Unnie စိတ်ချပါ...."

𝐇𝐞𝐚𝐫𝐭 𝐎𝐟 𝐒𝐭𝐨𝐧𝐞🖤<ကျောက်ဆစ်နှလုံးသား>Where stories live. Discover now