Episode-21:1

965 111 58
                                    

\Unicode/

တိမ်တွေကြားမှာ ပျံသန်းနေသောခံစားမှုမှ မြေပြင်ပေါ်ဆင်းသက်လိုက်သော တုန်ခါမှုကြောင့် မျက်လုံးများမှိတ်ထားရာမှ ဖွင့်ကာ ပြတင်းပေါက်မှတစ်ဆင့်အပြင်သို့ကြည့်သည်။

မြေပြင်ပေါ်ဘီးချနေပြီဖြစ်တာကြောင့် တပ်ထားသောနားကြပ်ကိုဖြုတ်ကာ သူ၏နဘေးခုံတွင် အိပ်ပျော်နေသော CEO အားလှုပ်နှိုးလိုက်၏။

"CEO..ရောက်ပြီ"

Berlin Brandenburg International Airport!

Airport ဆိုင်းဘုတ်ကြီးကိုတစ်ချက်မော့ကြည့်ပြီးနောက် လေကိုအဝရှူသွင်းလိုက်သည်။အမိမြေမဟုတ်တဲ့အတွက် လေထုကအနည်းငယ်တော့စိမ်းသက်သက်ဖြစ်သည်။ ဒါပေမဲ့ နေရာသစ်တွေကိုခရီးထွက်ရတာ EunJi အလွန်နှစ်သက်၏။

ပူအိုက်တဲ့ရာသီဥတုမဟုတ်ပဲ Seoul နီးပါးလောက်အေးကာ စိုစွတ်တဲ့ရာသီဥတုဖြစ်တာကြောင့် သဘောကျကာအပြုံးများဆင်မြန်းသည်။ နွေကျောင်းပိတ်ရက်တွင်ခရီးထွက်လာတဲ့ ကလေးတစ်ယောက်သဖွယ် EunJi ခံစားရသည်။ စိတ်အစုံတို့ လွတ်လပ်ပေါ့ပါးစွာဖြင့်..။

အလုပ်ကိစ္စနဲ့ ဒီကိုရောက်လာတယ်ဆိုတာတောင် မေ့နေမိတယ်၊ ဂျာမနီကိုလာရတဲ့အကြောင်းကတော့ နည်းပညာပြပွဲဖျက်သိမ်းကြောင်း ကြေညာစာထုတ်လိုက်တဲ့ Mr.Hoffman ကိုလာတွေ့ခြင်းပင်။

CEO ကသူ့ရဲ့ဆရာဖြစ်သူ Mr.Hoffman ကိုနားချကာ စည်းရုံးသိမ်းသွင်းကြည့်မယ်ဟုပြောသည်။ ပြပွဲက ကျင်းပမှကိုဖြစ်မှာ၊ဒီပွဲဟာ CEO Jeon အတွက်အလွန်အရေးကြီးသည်။ ဂျာမနီမလာခင်တစ်ရက်အလိုက ကုမ္ပဏီတွင် ဘုတ်အဖွဲ့ဝင်အစည်းဝေးထိုင်ကြသည်။

Simon တို့ကတော့မပြောင်းလဲတိုင်းနှုတ်ထွက်ဖို့သာတောင်းဆိုခဲ့သည်။ငြင်းပယ်တဲ့သူတွေလည်းရှိတာကြောင့် မဲဆုံးဖြတ်မှုမှာမညီမျှခဲ့။နောက်ဆုံးတော့သဘောတူညီမှုတစ်ခုကို CEO နှင့်ဘုတ်အဖွဲ့ဝင်တို့ဆုံးဖြတ်ချက်ချခဲ့သည်။

နည်းပညာပြပွဲမှာသာ Jeon Selba အနိုင်ရခဲ့မယ်ဆိုရင် နှုတ်ထွက်မယ့်ကိစ္စကိုအားလုံး၏သဘောဆန္ဒဖြင့်ငြင်းပယ်သည်ဟူ၍။နဂိုကတည်းက ပြပွဲမှာယှဉ်ပြိုင်ချင်တဲ့ CEO Jeon ကဒီဆုံးဖြတ်ချက်ကိုသဘောတူခဲ့ပါတယ်။

𝐇𝐞𝐚𝐫𝐭 𝐎𝐟 𝐒𝐭𝐨𝐧𝐞🖤<ကျောက်ဆစ်နှလုံးသား>Where stories live. Discover now