Episode-5

1.4K 125 2
                                    

\Unicode/

"ကိုယ်တို့ ...လမ်းခွဲရအောင်....."

သူ့ကိုအခု ဘာပြောလိုက်တာလဲ အိမ်မက်မက်နေတာလား....အိမ်မက်ဘဲဖြစ်ပါရစေ...

ကျေးဇူးပြုပြီး.....

"Jung....ဘာပြောလိုက်တာလဲ ဘာလို့ လမ်းခွဲရမှာလဲ မဖြစ်နိုင်ဘူးJung"

ပါးပြင်ထက်မျက်ရည်များစီးကျကာ တုန်ရီနေသောအသံနှင့်ပြောလေသည်

"ကိုယ်တို့ ရှေ့ဆက်ဖို့မဖြစ်နိုင်ဘူးလို့ထင်တယ် လမ်းခွဲတာကနှစ်ယောက်စလုံးအတွက်အကောင်းဆုံးပါဘဲ နှုတ်ဆက်ပါတယ်..."

"Jung..မဟုတ်ဘူးလေ Hello! Hello!!"

သူပြောတာကိုပင်နားမထောင်ဘဲဖုန်းချသွားလေသည်

လက်ထဲမှလွတ်ကျသွားသောဖုန်းနှင့်အတူ ကြမ်းပြင်တွင်ထိုင်လျက်သား

တစ်ခြားတစ်ယောက်နဲ့တွေ့တယ်ဆိုတဲ့အကြောင်းပြချက်တစ်ခုနဲ့ သူအခု လမ်းခွဲခံလိုက်ရတာလား

သိပါတယ် Jung ကအရမ်းသဝန်တိုတတ်တာသိပါတယ် သူJung နောက်ကွယ်မှာဘာမှမလုပ်ခဲ့ဖူးဆိုတာ ရှင်းပြခွင့်လေးတော့ပေးသင့်တယ်မဟုတ်လား

ကျွန်မသူမရှိရင်အသက်ရှင်နိုင်ပါ့မလား

ကျွန်မသိပ်ချစ်တယ် သူ့ကိုပြောမပြတတ်အောင်ချစ်တယ်

နှလုံးသား နေရာကနာကျင်လိုက်တာနော်.......

.
.
.
.
.
.
.

Unnie နဲ့အဆက်သွယ်ပြတ်သွားတာ NY ကိုပြန်ရောက်ကတည်းကပင် အိမ်တော်ထိန်းကိုမေးတော့လည်း

Company ကိစ္စနဲ့အလုပ်ရှုပ်နေတယ်ဟုသာဆိုသည်

ဘယ်လောက်ဘဲအလုပ်ရှုပ်ပါစေ Unnie ကဘယ်တော့မှ ဖုန်းမပိတ်ထားတတ်ဘူး

ဘာတွေဖြစ်နေတာလဲနော် သူစိတ်ပူလွန်းတာကြောင့်

ဘယ်နှစ်ခါဆက်ဆက် စက်ပိတ်ထားသည်ကိုဘဲ မငြီးမငြူဖြေပေးနေတဲ့ ဖုန်းလေးကို ထပ်ဆက်လိုက်ပြန်သည်

ထုံးစံအတိုင်း စက်ပိတ်ထားသည်ဘဲဖြေနေလေသည်

ဖုန်းချခါနီးဆဲဆဲမှ ဝင်သွားသော Ph call လေး

𝐇𝐞𝐚𝐫𝐭 𝐎𝐟 𝐒𝐭𝐨𝐧𝐞🖤<ကျောက်ဆစ်နှလုံးသား>Where stories live. Discover now