Episode-16

1.1K 141 84
                                    

\Unicode/

ရုံးအပေါ်ထပ်သို့ပြန်တက်၍ စားပွဲထက်ကျန်ရစ်ခဲ့သော ဖုန်းကိုပြန်ယူပြီးနောက် EunJi ဓာတ်လှေကားဘက်သို့ပြန်လည်ဦးတည်လာခဲ့သည်။

သို့ပေမယ့် ပွင့်ဟလာသောဓာတ်လှေကားတံခါးချပ်များအနောက်မှ ထွက်လာသောသူတစ်ဦးကြောင့် ခြေလှမ်းများဟာအလိုလိုရပ်ဆိုင်းမိပြီးသား...

စူးရှသောမျက်လုံးအကြည့်များဟာလည်း ထိုသူထံသို့ တန်းခနဲရောက်နှင့်နေခဲ့ပြီးသား...

ထိုသူရဲ့နှုတ်ခမ်းနှစ်လွှာဟာ အနည်းငယ်
ပွင့်အာသွားခဲ့တာမို့ သူမ ကိုတွေ့လိုက်ရသည်မှာအနည်းငယ်တော့အံ့ဩသွားခဲ့သည်ထင်၊
ထိုသူက လက်နှစ်ဖက်ကို ဘောင်းဘီအိတ်ကပ်ထဲထည့်ရင်း သူမဆီသို့ဦးတည်လျှောက်လှမ်းလာလေတယ်။

"မပြန်သေးဘူးလား အတွင်းရေးမှုး Park?"

သူမ အနားသို့ Jeon Jungkook ရောက်လာတော့ ချိုအီပြီးအနံ့စူးတဲ့ မိန်းကလေးသုံး
ရေမွှေးအနံ့တစ်မျိုးကပါ ကပ်ပါလာလေတယ်၊
ထိုရေမွှေးနံ့ကို ဗယ်ရိုနီကာဆီကနေ ညနေကမှ လတ်လတ်ဆတ်ဆတ်ရထားတာမို့  ထိုရေမွှေးပိုင်ရှင်က မည်သူဆိုတာကို EunJi တတ်အပ်ပြောနိုင်ပါတယ်။

နှုတ်ခမ်းပါးများဟာ ခပ်ရွဲ့ရွဲ့အပြုံးလေးတစ်ခုကိုမသိမသာဆင်မြန်းသည်။

"အခုပဲ ပြန်တော့မလို့ပါ"

"အော်..အချိန်တောင် တော်တော်နောက်ကျနေပြီ"

လက်ကနာရီကို တစ်ချက်ကြည့်ရင်း Jeon Jungkook က ဆိုလာသည်။

"သွားရအောင်လေ.."

"ဟုတ်.."

ရုံးခန်းဆီသို့မသွားပဲ ဓာတ်လှေကားဘက်ကိုသာ ပြန်လည်ဦးတည်လိုက်သော Jungkook ကြောင့် EunJi လည်းဘာမှမပြောပဲ ဓာတ်လှေကားဆီသို့သာ ဦးတည်လိုက်သည်။

ဓာတ်လှေကားထဲ မဝင်ခင် ကော်ရစ်တာတစ်လျှောက်ထွန်းထားသော
မီးရောင်များက ယခုမှပိုပြီးလင်းလာတာကိုတော့ EunJi သတိထားမိခဲ့ပါတယ်...။

𝐇𝐞𝐚𝐫𝐭 𝐎𝐟 𝐒𝐭𝐨𝐧𝐞🖤<ကျောက်ဆစ်နှလုံးသား>Where stories live. Discover now