\Unicode/
"ဘယ်လိုဖြစ်ရတာလဲ Hyung ရယ်.."
ဆေးရုံအခန်းတွင်းသို့ Jimin အပြေးဝင်လာပြီး ကုတင်နဘေးတွင်ရပ်ကာစိုးထိတ်စွာပြောသည်။အခန်းတွင်း Jimin ရောက်လာတော့ EunJi လည်းထိုင်နေရာမှ ထလာပြီး
နဘေးနားတွင် လာရပ်သည်။"အတွင်းရေးမှုး Park.. Hyung ကဘာဖြစ်တာတဲ့လဲ..ဆရာဝန်ဘာပြောလဲဟင်"
"အခုကတော့ အရမ်းအားနည်းနေတယ်တဲ့၊
အလုပ်တွေရဲ့ stressကြောင့်ပင်ပန်းပြီးဖြစ်တာလို့ပြောတယ်.."ခပ်ဖွဖွသက်ပြင်းချသံနဲ့အတူ ကုတင်နဘေးကခုံတွင် လေးတွဲစွာထိုင်ချလိုက်သည်။EunJi လည်းအတူ Jimin ၏နဘေးနားတွင်ဝင်ထိုင်လိုက်၏။
ဆေးပိုက်မသွင်းထားသောလက်တစ်ဖက်ကို ဆုပ်ကိုင်လိုက်ရင်း Jimin အားလျော့စွာဆိုလာသည်။
"အဲ့တာကြောင့် ကျွန်တော် Hyung ကိုပြောတယ်၊အလုပ်ကြီးပဲအရမ်းဖိလုပ်မနေနဲ့ ကိုယ့်ကျန်းမာရေးကိုလည်းဂရုစိုက်ဦး ဆိုပြီး..
ဒါပေမဲ့ အလုပ်နဲ့ပတ်သက်လာရင် Hyung ကခေါင်းမာတယ်လေ..ဘယ်တော့မှပြောစကားနားမထောင်ဘူး၊အမြဲတမ်း အဆင်ပြေပါတယ်ပဲ ပြောနေတာ..အခုတော့..."မျက်ရည်များအနည်းငယ်ရစ်သီလာတော့ ပြောလက်စ စကားကိုဆက်မပြောတော့ပဲ နှုတ်ခမ်းကိုဖိကိုက်ကာ မျက်တောင်များပုတ်ခတ်သည်။
Jimin လည်းဒီရက်ပိုင်းအလွန်ပင်ပန်းနေတယ်ဆိုတာကြည့်ရုံနဲ့တင် နားလည်မိပါတယ်၊ဘေးတစောင်းအနေထားမှာ မေးရိုးတို့ကထင်းလို့နေသည်။ ဆက်တိုက်သတင်းဆိုးတွေသာ ဝင်လာနေသောဒီအချိန်ကာလကြီးက လူတိုင်းအတွက်ရောဒီလိုပဲလား..လူတိုင်းကံဆိုးမှုတွေကြုံနေရတယ်ဆိုရင်တောင်
သူတို့မိသားစုလောက်တော့ မဆိုးရွားလောက်သေးပါဘူး ဟု Jimin တွေးမိသည်။"အရမ်းကြီးလည်း မစိုးရိမ်ပါနဲ့ ဒါရိုက်တာ Jimin shi..,CEO ကစိတ်ဓာတ်မာကျောတဲ့သူပဲ မနက်ဖြန်လောက်ဆိုတာနဲ့ချက်ချင်းပြန်ပြီးသတိရမှာပါ"
Jimin အတွက်နှစ်သိမ့်စကားပြောနေပေမယ့် EunJi ရင်ထဲမှာလည်းစိုးရိမ်စိတ်တို့ မရှိဘူးဆိုရင် လိမ်ခဲ့မိသလိုများဖြစ်မလား..။
![](https://img.wattpad.com/cover/245761317-288-k251470.jpg)
YOU ARE READING
𝐇𝐞𝐚𝐫𝐭 𝐎𝐟 𝐒𝐭𝐨𝐧𝐞🖤<ကျောက်ဆစ်နှလုံးသား>
Fanfiction𝑴𝒂𝒊𝒏 𝑪𝒂𝒔𝒕 : 𝑱𝒖𝒏𝒈𝒌𝒐𝒐𝒌 𝐗 𝑶𝑪 𝚂𝚝𝚊𝚝𝚞𝚜 . | 𝐎𝐧 𝐠𝐨𝐢𝐧𝐠 sᴛᴏʀʏ ɪᴅᴇᴀ 𝒷𝓎 @𝗖𝗵𝗮𝗻𝘁𝗿𝗲𝗮_𝗛𝘆𝗼𝗛𝗼𝗼𝗻 ❝ကိုယ်ကရင်နာရတာကိုမှ အချစ်လို့ထင်ခဲ့တာ အချစ်ကြောင့်နဲ့ အများကြီးရှုံးနိမ့်ခဲ့ပြီးထင်ပါတယ်....❞ ❝ကိုယ္ကရင္...