Episode-20

1.1K 138 89
                                    

\Unicode/

အခန်းတံခါးရှေ့တွင် နှုတ်ခမ်းဖိကိုက်ကာရပ်နေသည်က ၅ မိနစ်စွန်းစွန်းရှိနေခဲ့ပြီ။အခန်းထဲဝင်ရဖို့အရေးကို ခြေ လက်များအေးစက်တုန်ရီနေတာကြောင့် အခုထိမဝင်ဖြစ်သေးပါ။

သူ့ကိုခေါ်တွေ့ရတဲ့အကြောင်းရင်းက အလုပ်ထုတ်လိုက်ပြီမို့ ရုံးစားပွဲပေါ်ကသူ့လက်ကျန်ပစ္စည်းတွေ ခေါ်ပေးတာလား၊ဒါမှမဟုတ် နှုတ်ထွက်တဲ့ကိစ္စနဲ့ပစ်ပစ်နှစ်နှစ်ပြောပြီး ရန်တွေ့ခဲ့တာတွေကိုမကျေနပ်လို့ ဒုတိယအကြိမ်ရန်ဖြစ်ဖို့အတွက်လား။

"ရှီး!ငါတကယ်ရူးချင်တယ်!"

ဆံပင်ရှည်များကို လက်ချောင်းသွယ်များဖြင့်ထိုးဖွကာသူပြောသည်။ ထိုနောက်တော့ ကုတ်အင်္ကျီအရှည်ကို တံတောင်ဆစ်အနားထိဆွဲတင်လိုက်ပြီး ဖွာချနေသောဆံပင်ရှည်များကို နားအနောက်ဘက်သို့သိမ်းလိုက်သည်။

"ဘာဖြစ်ဖြစ်ကွာ!အိုကေ! ရန်ဖြစ်မယ်ဆိုလည်း တစ်ပွဲတစ်လမ်းထပ်နွှဲကြတာပေါ့!"

*Knock Knock!*

တံခါးနှစ်ချက်ခေါက်လိုက်ပြီး လက်များတင်းတင်းဆုပ်ကာ အခန်းထဲဝင်သွားသည်။

"ကျွန်မကိုဘာကိစ္စခေါ်---!"

အခန်းထဲတွင် ရှင်းလင်းသပ်ရပ်နေသော ကုတင်တစ်လုံးသားရှိသည်။ဆိုဖာဘက်ကို ကြည့်တော့လည်း ပိတ်ထားသော laptop တစ်လုံးနှင့်အတူ သပ်ရပ်စွာစီထားသောဖိုင်တွဲများရယ်သာ...။

ရေချိုးခန်းအတွင်းဝင်ကြည့်တော့လည်းမရှိ။

*Buzz!*

ဖုန်းဆက်ကြည့်တော့လည်း Night stand ပေါ်တွင်တင်ထားခဲ့သော ဖုန်းကကိုင်သူမဲ့စွာထမြည်၏။

"ဒီလူကြီး ဘယ်ရောက်သွားတာပါလိမ့်?"

တစ်ယောက်တည်း ခေါင်းကုတ်ကာ CEO Jeon အားရှာပုံတော်ဖွင့်သည်။

ရှာမယ်ဆိုကာမှ ဘယ်မှာသွားရှာလို့ရှာရမှန်းမသိဖြင့် ကော်ရစ်တာထက်တွင်ယောင်လည်လည်။

"ဆရာမ!"

"Nae?"

သူနာပြုဆရာမအားတွေ့တော့ လှမ်းခေါ်ကာအနားသို့ပြေးသွားသည်။

𝐇𝐞𝐚𝐫𝐭 𝐎𝐟 𝐒𝐭𝐨𝐧𝐞🖤<ကျောက်ဆစ်နှလုံးသား>Where stories live. Discover now