Episode-6

1.3K 126 11
                                    

\Unicode/

📲📲📲

"Hello..."

######

"ဟုတ်ပါတယ် Park EunJi ပြောနေပါတယ်"

######

"Nae!!!"

ကြားလိုက်ရချင်းမှာ လက်ထဲကဖုန်းလေးဟာ ကြမ်းပြင်ပေါ်သို့ကျကွဲသွားခဲ့တယ်

သူ့ကိုအခု Mediland hospital ကဆက်တာ

Unnie...Unnie သေနတ်ဒဏ်ရာနဲ့ဆေးရုံကိုရောက်နေတယ်တဲ့ အခြေနေကတော့ ပြင်းထန်စွာပေါ့

အခန်းပြင်သို့ပြေးထွက်ကာ အိမ်အောက်ထပ်ရှိ Sae ဆီသို့.....

"Eun..ဘာဖြစ်လို့လဲ အပြေးလွှားနဲ့"

"Sae..Unnie..Unnie သေနတ်ဒဏ်ရာနဲ့‌ဆေးရုံမှာအသည်းသန်ဖြစ်နေတယ် ငါ..ငါဘယ်လိုလုပ်ရမလဲ"

"ဘယ်လို သေနတ်နဲ့အပစ်ခံရတယ်!? ဘယ်လိုဖြစ်တာလဲ.."

"ငါ..ငါမသိဘူး ငါ..လိုက်သွားမှရမယ်"

"Eun ငါ့ကိုကြည့် အရင်ဆုံးနင်စိတ်ကိုအေးအေးထား Unnie ဘာမှမဖြစ်ပါဘူး စိတ်ကိုငြိမ်ငြိမ်ထား ငါပါနင်နဲ့လိုက်ခဲ့မယ် နင်အိမ်ကိုအကြောင်းကြားစရာရှိတာကြားထား ငါလက်မှတ်ချက်ချင်းသွားဝယ်ခဲ့မယ်.."

ခေါင်းသာငြိမ့်ပြလိုက်သည်

📲📲📲

အိမ်အကူအဒေါ်ကြီးဆီမှဖုန်းဝင်လာလေသည်

"အဒေါ်ကြီး.."

"မမလေး EunJi မမလေးYong အခုဆေးရုံမှာ"

"သမီး အားလုံးသိပြီးပြီ Unnie နားမှာဘဲနေပေးပါအဒေါ်ကြီး သမီးအမြန်ဆုံးနည်းနဲ့ပြန်လာခဲ့မယ်"

"ဟုတ်..ဟုတ်ကဲ့ စိတ်ချပါမမလေး"
.
.
.

သူနဲ့ Sae ညဘက်လေယာဉ်နဲ့ ပြန်လာခဲ့တယ်

လေယာဉ်စီးနေတဲ့တစ်ချိန်လုံးလည်း လုံးဝအိပ်လို့မရပေ NY နဲ့Seoul က၁၄နာရီစီးရတဲ့အတွက် သူ့စိတ်ထဲတွင်အချိန်တွေကပိုကြာသလိုတောင် ခံစားနေရသည်

ဘာမှမဖြစ်ပါစေနဲ့ အကြိမ်ကြိမ်ဆုတောင်းပေမဲ့ စိတ်ထဲတွင်တော့သိသိသာသာလေးလံနေမိသည်

Seoul ကိုရောက်တာနဲ့ လေယာဉ်ကွင်းကနေ တန်းပြီး ဆေးရုံကိုသွားခဲ့သည်။

𝐇𝐞𝐚𝐫𝐭 𝐎𝐟 𝐒𝐭𝐨𝐧𝐞🖤<ကျောက်ဆစ်နှလုံးသား>Where stories live. Discover now