[Zawgyi]
ရှောင်းကျန့်ကို တင်းကြပ်စွာ ဖက်ထားရင်းနှင့် သူ့ရဲ့ပူလောင်နေတဲ့ စိတ်တွေကို ငြိမ်သက်အောင် ပြုလုပ်ရသည်။
ရင်ခွင်ထဲက ခေါင်းလုံးလေးကတော့ ကြောက်သွားလို့လားတော့မသိ၊ သူ့ရင်ခွင်ထဲမှာ ငြိမ်ကုပ်နေသည်။
တအောင့်လောက်ကြာတော့မှ သူ့ကို လက်နှင့်တွန်းလာသည်မို့ ဖက်ထားရာမှ လွှတ်ပေးလိုက်တော့ သူနဲ့ဝေးရာကို သွားပြေးရပ်သည်။
သူ့ကို အဲ့လောက်တောင် မချစ်နိုင်တာလား?
သူ့မှာ ဘာလိုအပ်ချက်တွေများရှိနေလို့ အဲ့လူက ဒီလောက် ခါးခါးသီးသီးဖြစ်နေရတာလဲ?
ရှောင်းကျန့်ကို အော်ဟစ်ကာ ဒေါသထွက်ပစ်လိုက်ချင်ပေမဲ့ ခုနကကိစ္စနဲ့တင် အကြောက်မပြေလောက်သေးတာမို့ ကိုယ့်ဒေါသကိုယ် ပြန်မြိုချလိုက်ရသည်။
"ခင်ဗျားဒီမှာခဏနေခဲ့...ဒီကနေ တစ်ဖဝါးခွာသွားကြည့် ခင်ဗျားကိုရိုက်သတ်ပစ်မှာ"
ဒီလောက်ခြိမ်းခြောက်တာတောင် ခေါင်းမာသည့် ရှောင်းကျန့်က သူ့ကိုအဖက်မလုပ်ဘဲ မျက်နှာကိုလွှဲထားသေးသည်။
"ခင်ဗျားနဲ့နောက်မှရှင်းမယ်...နေနှင့်ဦး"
ရှောင်းကျန့်ကို ခဏထားခဲ့ပြီး ခုနက ရုတ်ရုတ်သဲသဲဖြစ်ထားသည့်နေရာသို့ သူထွက်လာခဲ့သည်။
"ခုနကကောင် ဘယ်ရောက်သွားလဲ"
ဘေးကရပ်ကြည့်နေသည့် လူအုပ်ထဲမှ ကောင်မလေးကို မေးလိုက်တော့ အနှီကောင်မလေးက ကြောက်ကြောက်လန့်လန့်နှင့် ဆိုင်ထွက်ပေါက်ဘက်ကို ညွှန်ပြလာသည်။
သူမညွှန်ပြသည့် နေရာကို ကြည့်လိုက်တော့ ယိုင်တီးယိုင်တိုင် ခြေလှမ်းများနှင့် ဒရောသောပါးပြေးမည်ပြုနေသော ဟိုလူ
"အဟက်...ဝမ်ရိပေါ်ရဲ့လူကို လာထိထားပြီး ဒီလို လွယ်လွယ်ပြေးလို့ရမလား"