[Zawgyi]
ပြေးထွက်သွားတဲ့ ရှောင်းကျန့်နောက်ကို ဆက်မလိုက်တော့ဘဲ မြေပြင်ပေါ်မှာ ခဏလဲလျောင်းနေလိုက်မိသည်။
ရှောင်းကျန့်နဲ့ နီးစပ်နိုင်ဖို့က ဘာလို့ဒီလောက်တောင် ခက်ခဲနေရတာလဲ?
အဲ့ဒီလူအပေါ်မှာရှိတဲ့ သူ့ရဲ့အချစ်တွေက ဘယ်လောက်စစ်မှန်လဲဆိုတာ သူ့ဟာသူအသိဆုံးပဲ။ ဒါပေမဲ့ ဘာလို့များ သူက ရှောင်းကျန့်ရဲ့အချစ်ကို မရနိုင်သေးတာများလဲ။
အဲ့ဒီလူကို သူသိပ်ချစ်ပေမဲ့ ထိုသူကတော့ သူ့ကိုဆို ပစ်ပစ်ခါခါ လျစ်လျူ ရှုနေဆဲပဲ။
စောနလေးတင်ကမှ သူမွတ်သိပ်စွာ နမ်းရှိုက်ခဲ့မိတဲ့ ရှောင်းကျန့်ရဲ့နှုတ်ခမ်းပါးတွေအကြောင်းကို ပြန်စဉ်းစားမိတော့ သူ့နှုတ်ခမ်းဖျားက ယောင်ယောင်လေး ပြုံးမိသွားသည်။
ရှောင်းကျန့်ဆိုတဲ့ အဆိပ်က ဖြေဆေးမရှိဘူးထင်တယ်...အဲ့ဒီအဆိပ်မိပြီးကတည်းက သူ့မှာ နေ့နေ့ညည ဒီစိတ်နဲ့ပဲ ရူးသွပ်နေရတော့တာပါပဲ။
နဖူးပေါ် လက်တင်ကာ စဉ်းစားမိသမျှက ရှောင်းကျန့်နဲ့ ပတ်သက်တာချည်းသာ။
သူနဲ့ဆိုင်ပေမဲ့ သူမပိုင်တဲ့ စိတ်နဲ့ခန္ဓာကိုယ်အလုံးစုံက ရှောင်းကျန့်ဆီမှာမှ ဝပ်တွားခယလိုနေမှတော့ သူဘာတတ်နိုင်မှာလဲ။
စိတ်ရဲ့အလိုကို ခန္ဓာကလိုက်မိတော့ သူ့ရဲ့ရုပ်နဲ့နာမ်က ရှောင်းကျန့်ဆီကကို မခွာချင်တော့ဘူး။
လက်စားလည်းမချေချင်တော့ဘူး။
ရှောင်းကျန့်ကို မုန်းရမယ်ဆိုတဲ့ အတွေးနဲ့လည်း သူ့ဟာသူ ညှင်းမသတ်ချင်တော့ဘူး။
မမုန်းနိုင်မှတော့ ချစ်ရုံပေါ့...မဟုတ်ဘူးလား?
ရင်နဲ့ရင်းပြီး နောက်တစ်ခါထပ်ချစ်မယ်။ ဒီတစ်ကြိမ်မှာတော့ သူဟာ ဘယ်လိုနည်းနဲ့မှ ရှောင်းကျန့်ကို အဆုံးရှုံးမခံတော့ဘူး။ ငယ်ငယ်ကလို ရှောင်းကျန့်ကို ချစ်ဖို့ကလွဲရင် ကျန်တာဘာမှမသိတဲ့ အရူးလေးဝမ်ရိပေါ်ပဲ သူပြန်ဖြစ်ချင်တော့တယ်။