[Zawgyi]
သူ့ဆီကို တဖြည်းဖြည်း လျှောက်လာနေသော ဝမ်ရိပေါ်ကိုကြည့်ရတာ အရင်နဲ့မတူဘဲ ထူးဆန်းနေသလိုပဲ။ ဝမ်ရိပေါ်က တစ်လှမ်းချင်းရောက်လာရင်းကနေ သူ့အနားနီးလာနေပြီမို့
"မတိုးလာနဲ့...အဲ့နားမှာပဲရပ်နေ"
သူ့စကားကြောင့် ဝမ်ရိပေါ်က ခဏရပ်သွားပေမဲ့ ဆက်တိုးလာနေပြန်တာမို့
"ငါမင်းကိုရိုက်မှာနော်...ဝမ်ရိပေါ်"
သူ့စကားကို နားမထောင်သည့် ဝမ်ရိပေါ်က မရပ်သည့်အပြင် သူ့ရှေ့တည့်တည့်မှာပင် လာရပ်နေသေးသည်။ ဝမ်ရိပေါ်နှင့်သူ အကြည့်ချင်းဆုံနေခိုက်မှာ
"ဒီနေ့မင်းအပြင်သွားမှာမလား...ငါလည်းလိုက်ခဲ့မယ်ရှောင်းကျန့်"
ဒါလေးပြောဖို့ကို ဒီလောက်ထိ ကပ်လာစရာလိုလို့လား?
သူ့မှာဖြင့် ဝမ်ရိပေါ်က တစ်ခုခုလုပ်တော့မယ်ထင်ပြီး ရင်တောင်တုန်တယ်။
"ဘာလိုက်လုပ်မှာလဲ...ငါ့ဟာငါတစ်ယောက်တည်းပဲသွားချင်တယ်"
ဝမ်ရိပေါ်က တစ်ခုခုကို အလေးအနက်စဉ်းစားဟန် ပြုနေရင်းမှ
"အံဆွဲထဲက သေနတ်နဲ့ ပစ်သတ်ခံချင်လား...ဒါမှမဟုတ် ငါ့ကိုပါခေါ်သွားမလား...မင်းကြိုက်တာပြော"
ဒီကောင် သက်သက်ညစ်နေတာ။
တစ်စက်မှ အကျင့်မကောင်းတဲ့ကောင်!
"မင်းအကျင့်ယုတ်လှချည်လား"
ဒေါသကြောင့် ရှူးရှူးရှားရှားဖြစ်နေသည့် သူ့ကို ဝမ်ရိပေါ်က ကြည့်ရင်းရယ်နေကာ
"ငါအကျင့်ယုတ်တော့ ဘယ်သူကလာပြောရမှာလဲ...အေး ပြောရဲတဲ့ကောင်ရှိလာရင်လည်း ငါကအသေသတ်ပစ်မှာ"
"မင်းဘာလို့များ ဒီလောက်တောင် စိတ်ရောကိုယ်ပါ ကြမ်းတမ်းလာရတာလဲ"
"အခြေအနေနဲ့အချိန်အခါအရ ပြောင်းလဲသွားတာလေ"
"ထားပါတော့..မင်းရေသွားချိုးတော့ ငါမနက်စာပြင်ထားလိုက်မယ်"