[ 16 ]

4.4K 475 19
                                    

[Zawgyi]

အဲ့ဒီ​နောက်​ပိုင်းမှာ ယူးတိုက သူ့ကို တကယ်​​မွေးစားခဲ့သည်​။ ​မျှော်​လင့်​ချက်​မဲ့​နေခဲ့တဲ့ သူ့ဘဝကို ယူးတိုက ဒုတိယအကြိမ် ရှင်​သန်​ခွင့်​​ပေးခဲ့သည်​။ ဂျပန်​လူမျိုးဖြစ်​​သော ယူးတိုက သူ့လိုတရုတ်​လူမျိုး ​ကောင်​​လေးတစ်​​ယောက်​ကိုလည်း ​မွေးစားထား​သေးသည်​တဲ့။

"အိမ်​မှာမင်းနဲ့ရွယ်​တူတစ်​​ယောက်​ရှိ​သေးတယ်​..သူကအ​တော်​​တော့​အေးတယ်​ကွ မင်းကပဲစပြီးအဆင်​​ပြေ​အောင်​​နေ​ပေါ့ ဟုတ်​ပြီလား"

အဲ့တစ်​​ယောက်​က ​အေးတဲ့သူဆိုရင်​ ရိ​ပေါ်က စကားနည်းတဲ့သူ အမျိုးအစားထဲပါသည်​။ တစ်​​ယောက်​​သောသူအတွက်​သာ သူ​ပြောင်းလဲခဲ့​ပေမဲ့ ထိုသူက သူ့ကို အ​ရေးပင်​မစိုက်​ခဲ့​ပေ။

ဘယ်​တတ်​နိုင်​မလဲ...​ရောမ​ရောက်​မှ​တော့ ​ရောမသားလို ​နေရ​တော့မှာ​ပေါ့။

"ဟုတ်​"

"ဒါနဲ့မင်းနာမည်​က"

"ဝမ်​ရိ​ပေါ်"

"ဟုတ်​ပြီရိ​ပေါ်...ငါက​မွေးစားအ​ဖေဆို​ပေမဲ့ ယူးတိုလို့ပဲ​ခေါ်လို့ရတယ်​"

"ဟုတ်​ ယူးတို"

ဒါဟာ သူနဲ့ယူးတိုရဲ့ ​တွေ့ဆုံခြင်းအစပဲ။

ယူးတိုရဲ့အိမ်​​ကို အဝတ်​တစ်​ထည်​ ကိုယ်​တစ်​ခုနှင့်​သာ သူလိုက်​သွားခဲ့ရသည်​။ ယူးတိုရဲ့အိမ်​က အ​တော်​ကြီး​ပေမဲ့ ပရိ​ဘောဂများများစားစားမရှိဘဲ ရှင်းလင်း​နေသည်​။

ယောင်​လည်​လည်​ဖြစ်​​နေ​သော သူ့ကို ယူးတိုက ပြုံးပြလာပြီး

"ခဏ​နေဦး​နော်​ရိ​ပေါ်"

ယူးတို၏အ​ပြောကို သူ​ခေါင်းသာ ငြိမ့်​ပြလိုက်​သည်​။

"မင်​​ယောင်​..ငါ​ရောက်​​နေတယ်​ထွက်​ခဲ့"

မင်​​ယောင်​ဆိုတာက ယူးတို​ပြောတဲ့ သူနှင့်​ရွယ်​တူဆိုတဲ့ တစ်​​ယောက်​ပဲဖြစ်​မည်​။ ယူးတို​အော်​လိုက်​​တော့ အခန်းတံခါးက ပွင့်​လာပြီး အထဲက ​ကောင်​​လေးတစ်​​ယောက်​ထွက်​လာသည်​။

Gladiolus[Completed]Onde histórias criam vida. Descubra agora