[Zawgyi]
ချင်ရှန်းမှာ အလုပ်လုပ်ရသည့် ရက်တွေက ရှောင်းကျန့်အတွက် တကယ်ပင်ပန်းတယ်လို့ ဆိုရမည်။ အရင်က ဖောင်တိန်သာ ကိုင်ခဲ့သည့်လက်တွေက အခုလို အလုပ်ကြမ်းလေး နည်းနည်းလုပ်ရရုံနဲ့တင် ပေါက်ပြဲကုန်သည်။
"ရှောင်းကော...လက်တွေသက်သာရဲ့လား"
သူ့လက်အခြေအနေကို သိနေသည့် ကျစ်မင်က စိတ်ပူစွာ မေးလာသည်။
"အဆင်ပြေပါတယ်..ကောဘာမှမဖြစ်ဘူး"
"ရှောင်းကောလက်လေးတွေက တကယ်နူးညံ့လိုက်တာ"
"ကောကအရင်ကဘာမှသိပ်မလုပ်ခဲ့ရလို့ပါ"
ကျစ်မင်က သူ့စကားကို ခေါင်းတငြိမ့်ငြိမ့်ဖြင့် ထောက်ခံနေရင်းကနေ
"ရော့ဒီမှာ ကောအတွက် ဆေးယူလာတယ်...လက်ကိုလိမ်းထားလိုက်"
"အာ..ကျေးဇူးကွာ"
"ကျေးဇူးတွေဘာတွေမလိုပါဘူး...ကဲကျွန်တော်လည်း အလုပ်သွားလုပ်လိုက်ဦးမယ်"
"အင်း"
ကျစ်မင်ပေးခဲ့သည့် ဆေးဘူးလေးကို ဘောင်းဘီအိတ်ကပ်ထဲထည့်ကာ အလုပ်ပြန်လုပ်ရန်ပြင်လိုက်သည်။
"တစ်ယောက်လောက်လာဦး"
ထိုဝိုင်းက သူနှင့်မဆိုင်သော်လည်း အခြားသူများက မအားကြသောကြောင့် သူပဲ သွားမေးလိုက်သည်။
"ဘာလိုအပ်လို့ပါလဲဗျ"
"အရက်ရယ် အမြည်းရယ်...ပြီးတော့ လျန်မေကိုခေါ်လာခဲ့"
လျန်မေဆိုတာက ဒီနေရာရဲ့ နာမည်အကြီးဆုံး ကောင်မလေးဆိုတာ သူသိပေမဲ့ ခက်တာက သူမကို မမြင်ဖူးဘူး။
ဘယ်လိုလုပ်ရပါ့?
"ဟုတ်ကဲ့ခဏလေးစောင့်ပေးပါနော်..ကျွန်တော်သွားခေါ်ပေးပါ့မယ်"
"မြန်မြန်...ငါစိတ်မရှည်တတ်ဘူး"
"ဟုတ်ကဲ့"