[Zawgyi]
စစ်မြေပြင်မှာ တိုက်ခိုက်နေရပေမဲ့ ဘယ်သူ့အတွက် တိုက်ခိုက်ပေးနေရမှန်း သူ့ဟာသူမသိတော့ဘူး။ သူခက်ခဲနေခဲ့ချိန်မှာ လက်ကမ်းပေးခဲ့တာက ယူးတိုဖြစ်နေခဲ့လို့ အဲ့ဒီလူအတွက် သူတိုက်ခိုက်ပေးနေမိတာ ဖြစ်ကောင်းဖြစ်နိုင်သလို သူလဲကျနေချိန်မှာ ဆွဲမထူခဲ့ကြတဲ့ သူ့လူမျိုးတွေကို မုန်းတီးမိလို့လည်း ဖြစ်နိုင်သည်။ ဒါပေမဲ့ သေချာတာတစ်ခုကတော့ ဒါဟာ သူလိုချင်ခဲ့တဲ့ ဘဝမျိုးမဟုတ်တာပါဘဲ။
သူတွေးခဲ့ဖူးတဲ့ အနာဂတ်တွေနဲ့ အခုသူကြုံနေရတဲ့ လက်ရှိကာလက ဘာလို့များ ဒီလောက်တောင် ကွာခြားနေရတာလဲ။ တကယ်ဆို သူဟာ အချစ်ခံချင်ခဲ့ရုံလေးပဲကို။
ပါးနဲ့မားရဲ့ "သားကြီး"လို့ခေါ်သံလေးတွေ...ညီလေးရဲ့ "ကော"ဆိုပြီး ခေါ်တတ်တဲ့ အသံလေးတွေရယ်ကို သူတကယ်သတိရမိသည်။ အရင်လို ဆယ်ကျော်သက်လေးမဟုတ်တော့ပေမဲ့လည်း ထိခိုက်ရှနာအပြည့်နှင့် သူ့ရဲ့နှလုံးသားလေးက မိသားစုနဲ့ပတ်သက်လာရင်တော့ ခံစားလွယ်နေဆဲပဲ။
ပြီးတော့ အိမ်မှာ ကျန်နေခဲ့တဲ့ အဲ့ဒီလူ။
ရှောင်းကျန့်ဆိုတဲ့လူက သူ့အလာကို စောင့်မျှော်နေဖို့ သူဘယ်လောက်တောင် စိတ်ကူးယဉ်ခဲ့ရဖူးလဲ။ သူသိပ်ချစ်ရတဲ့ အဲ့ဒီလူသားကို သူပိုင်နေရပေမဲ့ မဆိုင်နိုင်သေးပြန်ဘူး။
အခုလို ဝေးကွာနေရတဲ့အချိန်တွေမှာ ရှောင်းကျန့်ကို သတိရမိတဲ့စိတ်က သူ့ကို ပြင်းပြင်းထန်ထန် နှိပ်စက်နေလို့ အိပ်မရတဲ့ညတာတွေဟာလည်း များသထက်များလာသည်။
ခဏလေးပဲ....ခဏလေးပဲ သူစောင့်ရတော့မှာပါ။ နောက်ထပ် လနည်းနည်းနေရင် ရှောင်းကျန့်ကို သူပြန်တွေ့နိုင်တော့မှာပါ။
သူ့ကို စောင့်နေနိုင်လားမသိတဲ့ အဲ့ဒီလူကို လွမ်းတဲ့စိတ်နဲ့ပဲ သူရူးတော့မယ်ထင်ပါရဲ့.......။