Mission 1.1

579 25 0
                                    

ဂရေ့စ် နဲ့ဟင်နရီ တို့နှစ်ယောက် ဟင်နီဦးလေး အိမ်ရောက်တော့ ဟင်နီဦးလေးနဲ့ အဒေါ်က သူတို့ကိုသူတို့ ရိုးရာဟင်းတွေ နဲ့ ဖွယ်ဖွယ်ရာရာ ဧည့်ခံကျွေးမွေးတယ် သူတို့ တူဝရီးတွေလည်းမတွေ့တာကြာနေကျတာဆိုတော့ စကားတွေပြောနေကျတယ် ကျောင်းတက်ရတာ အဆင်ပြေလား မင်းမိဘတွေနေကောင်းလားဘာညာအစုံပေါ့ ဂရေ့စ်နဲ့လည်း အလာပသလာပ ပြောပြီးနောက် ဟင်နီ့ဦးလေးက ဂရေ့စ်ကို "ဂရေ့စ် သမီး ဦးကို ဘာလို့တွေ့ချင်တာလဲ သမီးပွင့်ပွင့်လင်းလင်း ပြောလို့ရပါတယ် ဦးတို့ က သားသမီးလည်းမရှိတော့ ဟင်နီက ဦးတို့ရဲ့သားပဲ သမီးက သားရဲ့သူငယ်ချင်းဆိုတော့ ဦးရဲ့သမီးလိုပဲ သဘောထားတဲ့အတွက် ဦးတို့ကို အားနာစရာမလိုဘူး" ဆိုပြီး စကားလမ်းဖွင့်ပေးတော့ ဂရေ့စ်က "ဟုတ်ကဲ့ အဲ့ဒါဆို သမီးပွင့်ပွင့်လင်းလင်းပဲပြောပါ့မယ် ဦးရဲ့ လူတွေကို သမီး ၃ရက်လောက်ငှားချင်ပါတယ် သမီးအကိုရဲ့ လူမှုရေးကိစ္စလေးက နည်းနည်း အန္တရာယ်များနေတဲ့ အနေအထားလေးဖြစ်နေတော့ သမီးနည်းနည်းကြားဝင်ရမယ့် အခြေအနေလေးဖြစ်နေလို့ပါ ပိုပြီး အသေးစိပ်ပြောရရင် သမီးအကိုက wolves တွေကိုသွားထိမယ့် အနေအထားဖြစ်နေလို့ပါ အဲ့တော့ သမီးအကို အန္တရာယ်နည်းနိုင်သမျှနည်းအောင် လုပ်ရမယ့်အနေအထားဖြစ်နေလို့ပါ နောက်ပြီး ဒီနိုင်ငံကနေ အန္တရာယ် ကင်းကင်းခွာနိုင်ဖို့ အတွက်ပါကောပါ" ဆိုတော့ ဟင်နီ့ဦးလေးက အတန်ငယ်စဉ်းစားနေကာ "ကောင်းပြီလေ ဦးကူညီနိုင်ပါတယ် ဒါပေမဲ့ ဦးတို့က wolves တွေနဲ့ ထိပ်တိုက်ပြဿနာတော့ မဖြစ်နိုင်ရင်ပိုကောင်းမယ်" ဆိုပြီးပြောတော့ ဂရေစ့်က "ဦးတို့ထိပ်တိုက်တွေ့စရာအထိတော့ မလိုပါဘူး သမီး စဉ်းစားထားတာရှိပါတယ် အဲ့ဒါကိုလည်း ဦးနဲ့ တိုင်ပင်ချင်ပါသေးတယ် ပြီးတော့ သမီးကို ကူညီတဲ့ အတွက်ကို Lilith ရေလက်ကြားမှာရှိတဲ့ သမီးတို့ ပိုင်တဲ့ သ‌‌င်္ဘောကျင်းတွေ နဲ့ ဆိပ်ကမ်းတွေကို အခမဲ့ ၃နှစ် ငှားရမ်းပေးပါ့မယ် ဦးကို" ဆိုပြီး ကမ်းလှမ်းပြီး ဂရေ့စ်က သူ့အစီအစဉ်ကို ပြောပြခဲ့တယ် နောက်ဆုံးမှာ ဟင်နီ့ဦးလေးက သဘောတူပေးခဲ့တယ် ထို့နောက် ဟင်နီ့ဦးလေးက သူတို့နှစ်ယောက်အတွက် လက်ဆောင်ဆိုပြီး ပစ္စတို ၂လက် နဲ့ ကျဉ်ဆံတွေကို လက်ဆောင်ပေးခဲ့တယ် ဒီမှာနေတဲ့ အတော့အတွင်းတော့ မင်းတို့ ၂ယောက်အနေနဲ့ ဆောင်ထားတာပိုကောင်းတယ်ဆိုပြီးတော့ပေါ့

ထပ်ပြီးတဖန်Where stories live. Discover now