ကျွန်တော့ရဲ့နေကြာပန်းလေး

707 27 0
                                    

          အိန်ဂျယ် ပြန်လာမယ့်နေ့ကို သူဘူတာကနေ စောင့်နေတယ် ရထားက ၂နာရီမှ ဆိုက်မှာပေမယ့် သူဝီရိယ စောပြီး ၁၂ မထိုးခင်ထဲက ဘူတာကို ရောက်နေမိတယ် ဘူတာရောက်တော့လည်း နာရီကြည့်လိုက် ရထားလာမယ့်လမ်းကို မျှော်ကြည့်လိုက်နဲ့ ဂနာမငြိမ်ဖြစ်နေတော့ တယ် နောက် ၂ နာရီ ၁၀မိနစ်ရောက်မှ ဘူတာကို ရထားကရောက်လာခဲ့တယ် သူအိန်ဂျယ်ရှိမယ့် တွဲကို တက်လာပြီး အိန်ဂျယ်ကို တက်ရှာတော့ တွဲပေါ်မှာ လူရှုပ်နေတယ် တွေ့ပါပြီသူ့ အိန်ဂျယ်လေး ၁၄ နှစ်မျှော်လင့်လိုက်ရတဲ့ အချိန်တွေ သူအရမ်းပျော်သွားတယ် သူပြေးဖက်မယ်ဆိုပြီး အနားရောက်တော့ အိန်ဂျယ်က သူ့အထုတ်တွေသူ့ဆီ ထိုးပေးတော့တယ် အဲ့တော့ မှသူသတိဝင်လာပြီး အထုပ်တွေကို သေချာကိုင်လိုက်တော့တယ် အိန်ဂျယ်ကတော့ သူ့ကို ကြည့်ပြီးရီနေတော့ တယ်

         ကားကိုရောက်တော့ နောက်ခန်း တံခါးကို ဖွင့်ပြီး အထုပ်တွေ ထည့်လိုက်တယ် အထုပ်တွေ အားလုံးထည့်ပြီးဒါနဲ့ အိန်ဂျယ့်ကို သူလှမ်းဖက်လိုက်တယ် တင်းတင်းကြပ်ကြပ်ကို ဖက်လိုက်တာ ၁၄ နှစ်တာ တောင့်တခဲ့သမျှအတွက်ကို ရည်ရွယ်ပြီးတော့ကို ဖက်ခဲ့တာ အိန်ဂျယ်ကို

        အိန်ဂျယ်က သူ့ကိုလွှတ်ပေးဖို့တောင်းဆိုတော့မှပဲ သူသတိဝင်လာပြီးလွှတ်လိုက်တော့တယ် သူဖက်တာကို လွှတ်လိုက်ပေမယ့် သူလက်၂ဖက်က အိန်ဂျယ့်လက်မောင်း ၂ဖက်ကို တင်းတင်းဆုပ်ထားတုန်းပဲ ဆုပ်ထားရင်းနဲ့ သူအိန်ဂျယ်ကို ပြောလိုက်တာက " မတွေ့ရတာ ကြာပြီ" ဆိုပြီး စိတ်ထဲကနေပြောလိုက်တာက "အရမ်းလွမ်းနေခဲ့တာ" ဆိုပြီးပေါ့

        အိန်ဂျယ်က " နင်နဲ့ငါနဲ့မတွေ့တာ ၂လပဲရှိသေးတာဟ ငါ့ကို အရင်ဘဝတုန်းက တွေ့ခဲ့တဲ့ပုံနဲ့လာပြောမနေနဲ့ သွားမယ် အဆောင်ကို ငါ ရထားအကြာကြီးစီးလာရတာ တောင့်တင်းနေပြီ အထုပ်ဖြည်ပြီးနားတော့မယ် သွားမယ် မြန်မြန်"ဆိုပြီးပြောပြောဆိုဆိုနဲ့ သူ့လက်ကို ရုန်းပြီး ကားပေါ်တက်သွားတော့တယ်

      ကားပေါ်ရောက်တော့ သူနဲ့ အိန်ဂျယ်စကားတွေအများကြီးပြောဖြစ်ကျတယ် အဓိကကတော့ သူပေါ့ သူအိန်ဂျယ်ကို ဘာစားချင်လဲ ဘာလေးကတော့ ကောင်းတယ် နင့်ကိုကျွေးချင်တာ ဘယ်နေရာကတော့ ဘယ်လိုလှတယ် နင်နဲ့ အတူသွားချင်တာ စသဖြင့်တွေကိုပြောပြနေခဲ့တာ အိန်ဂျယ်က သူပြောတာတွေကို ဂရုတစိုက် နားထောင်ပေးခဲ့တယ်
     
       အိန်ဂျယ် အဆောင်မှာ အထုပ်နေရာချပေးပြီးတော့ သူ အိန်ဂျယ့်ကိုမေးတယ် ဒီနေ့ ည သူနဲ့တွေ့ပေးလို့ဖြစ်နိုင်မလားဆိုတော့ အိန်ဂျယ်က သူ အရမ်းပင်ပန်းနေပြီဖြစ်လို့ မတွေ့နိုင်တော့ကြောင်းနဲ့ နောက်အချိန်တွေ အများကြီးရှိသေးကြောင်း မနက်ဖြန်သဘက်ခါလောက်မှ အပြင်သွားကျမယ်ဆိုတဲ့ အကြောင်းသူ့ကိုပြောပြတော့ သူ့အနေနဲ့လည်းလက်ခံခဲ့တယ် ၁၄ နှစ်တောင် သည်းခံခဲ့တာ ပဲ ၁ ရက် ၂ ရက်လောက်ကတော့ ထပ်သည်းခံနိုင်သေးတာပဲ ခုတောင် မျက်နှာလေးပြန်ခဲ့ရပြီမလား ကျွန်တော့်ရဲ့နေကြာပန်းလေးကို

ထပ်ပြီးတဖန်Where stories live. Discover now