Kelvin

473 24 2
                                    

ဂရေ့စ် ဆေးရုံက ဆင်းတော့ လိုဝီနဲ့ ဟင်နီက လာကြိုတယ် ဂရေ့စ် ဆေးရုံတက်နေတုန်း သူတို့ ၂ယောက် အတော်လုံးနေကျတယ် ဂရေ့စ်တောင် မျက်စိနောက်တယ် ခုလည်း ဂရေ့စ်ကိုလာကြိုတာကို နှစ်ယောက်သား ကွိကျိ ကွိကျိနဲ့ ဟီလာထနေတယ် ဂရေ့စ်က နောက်ခန်းမှာ ဟင်နီက ဂရေ့စ်ကိုတောင် အဖော်လုပ်ပြီးနောက်မှာထိုင်မပေးဘူး အရှေ့မှာ ၂ယောက်သား ဂရေ့စ်ကို လှည့်တောင်မကြည့်ဘူး အဲ့ဒါနဲ့ပဲ ဂရေ့စ်က လိုဝီ့ကို ဂရေ့စ်ကို Marmaid club မှာ ချပေးခဲ့ဖို့ပြောလိုက်တယ် အဲ့တော့ ဟင်နီက "နင်ဒီနေ့မှ ဆေးရုံက ဆင်းမှာ ပြန်ကျင့်မလို့လား နားဦးလေ"ဆိုတော့ ဂရေ့စ်က "ကယ်ဗင် ရောက်နေပြီလေ ငါခေါ်တုန်းကခေါ်ထားပြီးတော့ ခုသူရောက်နေပြီ ငါသွားတော့တွေ့ရမှာပေါ့" ဟင်နီ "နောက်နေ့ရှိသေးတယ်လေ နောက်နေ့မှတွေ့လို့မရဘူးလား ခုမှဆေးရုံကဆင်းလာတာနားဦး" ဆိုတော့ ဂရေ့စ် "ဒီနေ့ပြန်မှာ ငါသူနဲ့တိုင်ပင်စရာတွေရှိသေးတယ် မမှီရင် ငါဟိုထိပြန်လိုက်ကမှာ ခုတွေ့လိုက်တာကောင်းလား ဒါမှမဟုတ် ဒီနေ့နားပြီး နက်ဖြန်ကျမှ ကမ္ဘာ့ဟိုဘက်ခြမ်းကို လေယာဥ်နဲ့ လိုက်သွားပြီးတွေ့တာပိုကောင်းလား"လို့ပြောလိုက်တော့မှ ဟင်နီတစ်ယောက် တိတ်သွားတယ် အဲ့တော့မှ လိုဝီက"ကယ်ဗင်က ဒေးဗစ်ကောင်လေးမဟုတ်လား "ဆိုတော့ ဂရေ့စ်"ဟုတ်တယ်"လို့ဖြေလိုက်တယ် လိုဝီလည်း ဘာမှဆက်မပြောတော့ပဲ နဲ့ ဂရေ့စ်ကို Marmaid Club ကို မောင်းပို့ပေးတယ်
ကလပ်ကိုရောက်တော့ ဂရေ့စ်ဆင်းတော့ ဟင်နီကပါ လိုက်ဆင်းတယ် ဂရေ့စ်က "ဟင်နီ နင်နဲ့ လိုဝီနဲ့ ပြန်နှင့် ငါကယ်ဗင်နဲ့ ပြောပြီးတော့မှ ငါ့ဘာသာငါ ပြန်လာခဲ့မယ်"ဆိုတော့ လိုဝီက "ငါတို့လိုက်လို့ အဆင်မပြေဘူး ဆိုရင် ငါတို့ ဒီအပြင်မှာပဲစောင့်နေမယ် မင်းမပါပဲနဲ့တော့ ငါတို့အရင်ပြန်ဖို့က မဖြစ်နိုင်ဘူး မင်းလည်းနေကောင်းခါစပဲရှိသေးတာ"ဆိုတော့ ဂရေ့စ်က အရမ်းငြင်းမနေတော့ပဲ "အဲ့ဒါဆို တနေရာရာသွားနေလို့ရတယ် ဒီမှာ အကြာကြီးစောင့်နေရမှာစိုးလို့ ဂရေ့စ်ကို နောက် ၁နာရီခွဲလောက်မှပြန်လာကြိုပေါ့"လို့ပြောတော့ လိုဝီက ခေါင်းငြိမ့်ပြီးလက်ခံလိုက်တယ် ပြီးတော့ သူတို့ဒီအနီးအနားမှာပဲရှိနေမယ့်အကြောင်းရယ် အကြောင်းတခုခုဖြစ်ဖြစ် စောပြီးတာပဲဖြစ်ဖြစ် သူ့ကို ဖုန်းဆက်လိုက်ဖို့ပြောတယ်
ဂရေ့စ် အထဲကိုရောက်တော့ ကလပ်က နည်းနည်းစောသေးတော့ မဖွင့်သေးဘူး ဂရေ့စ် အပေါ်ထပ် ရုံးခန်းနေရာကိုတက်သွားတယ် ရုံးခန်းကိုရောက်တော့ ဂရေ့စ် တံခါးခေါက်ပြီး ဝင်သွားတယ် ဂရေ့စ်ကိုမြင်တာနဲ့ ကယ်ဗင်က ပြေးဖက်ပြီး နှုတ်ဆက်တယ် "ဂရေ့စ်ရယ် နင်ဒီရောက်ကတည်းက ငါ့ကို အဖက်ကို မလုပ်ဘူး ငါ့မှာ နင့်ကို တွေ့ချင်လို့ တကူးတကလာရတာ"ဆိုတော့ ဂရေ့စ်က ကယ်ဗင့်ကိုဖက်ပြီး ရယ်နေတယ် ပြီးတော့ ဂရေစ့်က "နင် ငါ့ကို တွေ့ချင်တာချည်းပဲ မဟုတ်ပါဘူး နင့်ဘဲနင် တွေ့ချင်တယ်ဆိုတာလေးပါ" အမှန်ဆို ကယ်ဗင်က ဂရေ့စ်နဲ့ အကတိုက်ဖို့ လာခဲ့တာ ဂရေ့စ်နဲ့သူနဲ့ က ငယ်ငယ်ကတည်းက ပါတနာအနေနဲ့ကလာတာ တော်တော်ကြာပြီ ဂရေ့စ် ဒီရောက်ကတည်းက တွဲမကဖြစ်တာဆိုတော့ အခုမှ ဂရေ့စ်နဲ့ ကရအောင်ဆိုပြီး လာတာ သူဒီရောက်တော့ ဂရေ့စ်က ဆေးရုံရောက်နေလို့ မကဖြစ်တာ ဂရေ့စ်ကို သူက ဆေးရုံလာတွေ့မယ်ဆိုပြီးပြောတာကို ဂရေ့စ်က လက်မခံတာ သူလာတွေ့မယ် ဆေးရုံမှာဆိုမလွတ်လပ်လို့ဆိုပြီး​ပြောထားတာ
ကယ်ဗင် "ဂရေ့စ် နင်​တိုင်ပင်စရာရှိတယ်ဆိုငါ့ကို"
ဂရေ့စ်" အွန်း နင့်ကိုကော ဒေးဗစ်ကိုကော အဓိကက အကူအညီတောင်းစရာရှိနေတာ"
ကယ်ဗင်က ဒေးဗစ်လက်ကို ကိုင်ပြီး ဒေးဗစ်ကို ပြုံးပြတယ် အဲ့မှာ ဂရေ့စ်က ဆက်ပြီး " ငါ မီဒီယာ attention လိုချင်တယ်"လို့ပြောလိုက်တော့ ကယ်ဗင်က "ဂရေ့စ် နင်ဟုတ်ကောဟုတ်ရဲ့လား နင့်လောက် လူတွေ အာရုံစိုက်မခံချင်တာ နင်ပဲမဟုတ်ဘူးလား အဲ့ဒါကြောင့် နင်ပွဲတွေတောင် မတက်တာလေ Private Party တွေတောင် နင်သိပ်မှ မတက်တာ အဲ့လိုလူက media attention တဲ့လား နင်ဖြစ်ချင်ရင်တော့ လွယ်ပါတယ် ဘာလို့လဲ ငါ့ကိုတော့ နင်ပွင့်ပွင့်လင်းလင်းပြောပြမယ်မလား" ဆိုတော့ ဂရေ့စ်က "ဒေးဗစ် ယူတို့ဆီက DJ အသစ် လိုဝီ သိတယ်မလား"ဒေးဗစ်"အွန်း သိတယ်လေ ငါဖိတ်ထားတာ တော်တယ် အဲ့အကိုက" ဂရေ့စ်" ငါသူနဲ့ လက်ထပ်တော့မယ်" ကယ်ဗင်နဲ့ ဒေးဗစ် "ဘာရယ် ဂရေ့စ် နင်လာနောက်နေတာလား ရုတ်တရက်ကြီး ဘာထဖြစ်တာလဲ" ဂရေ့စ် "အင်း တကယ်ပြောတာ လိုဝီက Black အိမ်တော်က အယ်ဖာ" ဒေးဗစ် " အာ ငါသဘောပေါက်လာပြီ Black အိမ်တော်က လျှို့ဝှက်တဲ့ အဖွဲ့အစည်းကနေ လူသိရှင်ကြားဖြစ်အောင် လုပ်မယ်ဆိုပြီး သတင်းသဲ့သဲ့ ကြားနေတာကြာပြီ အဲ့တော့ သူတို့က Green အိမ်တော်နဲ့ ပူးပေါင်းမယ်ပေါ့" ဆိုတော့ ဂရေ့စ်ခေါင်းငြိမ့်ပြလိုက်ပြီးတော့ "အဲ့တော့ ငါနင်တို့ အကူအညီလိုနေတယ် ခုတလော Media သမားတွေ အကုန်ဖိတ်ပြီးလုပ်မယ့် ပွဲလေးမရှိဘူးလား ငါတက်ဖို့အတွက်" ဆိုတော့ ကယ်ဗင်က "ဒေးဗစ်အဖေရဲ့ ပွဲရှိတယ်လေ တက်မလား" ဆိုတော့ ဂရေ့စ်က "ဘာအတွက်လဲဟင် ပွဲက" လို့​မေးလိုက်တော့ ကယ်ဗင်က ဂရေ့စ်က ရေသန့်ဗူးခွံနဲ့လှမ်းရိုက်ပြီးတော့ "သူ့အဖေက နာမည်ကြီး Fashion Designer လေ ခုနင်ကိုင်လာတဲ့ အိတ်က သူ့အဖေ Brand လေ"ဆိုပြီးပြောတယ် ဂရေ့စ်ကပြန်ပြီး" အဲ့ဒါငါလည်းသိတယ်လေ ငါပြောတာ ပွဲက ဘာပွဲလည်း fashion show လား ဘာလား မေးတာလေ" ဆိုတော့ မှ ကယ်ဗင်က အော် တဲ့ ဂရေ့စ် သူ့ကို မျက်စောင်းလှမ်းထိုးတော့ ဒေးဗစ်ကရယ်ပြီး "ငါတို့ Brand ရဲ့ တစ်နှစ်တစ်ခါ Gala လုပ်မှာ အဲ့ဒါ တခြား Fashion လောက လူတွေကော cele တွေကော ငါအဖေနဲ့ရင်းနှီးတဲ့လုပ်ငန်းရှင်တွေကော ငါနဲ့ရင်းနှီးတဲ့ နင်တို့လို ဘရုတ်သုပ်ခတွေလည်း လာတယ် ငါနင့်ကို နှစ်တိုင်းခေါ်တယ် ဟင်နီတောင်လာတယ် နင်ပဲ ကြောင်တောင်တောင်လုပ်နေတာ" ဆိုတော့ ဂရေ့စ်က "ဟင်နီသွားတယ် ဟုတ်လား သူက ဘယ်တုန်းက သွားလိုက်တာလဲ ငါတောင် မသိပဲနဲ့" ဆိုတော့ ကယ်ဗင်က "နင် ရေကျောက်ပေါက်နေတုန်းကလေ"လို့ပြောတော့ မှ ဂရေ့စ် သတိရသွားတယ် အဲ့တုန်းက အတော်ခံရတာ အဲ့ချိန် ဟင်နီဆိုတဲ့ကောင်က လွတ်လပ်ရေးရနေတာပေါ့ တော်တော်သစ္စာမရှိတဲ့ကောင် ဆိုပြီး တွေးလိုက်သေးတယ် ဂရေ့စ်တွေးနေတုန်းမှာပဲ ကယ်ဗင်က " နင် အဲ့နေ့ကျရင် ပွဲတက်လာခဲ့ ဟင်နီနဲ့ မလာနဲ့ တစ်ယောက်ထဲလာ ပြီးတော့ အလှဆုံးဝတ်ပြီး ချေမိုးနေလိုက် media attention ကတော့ ငါ့တာဝန်ထားလိုက် ငါ share ဝင်ထားတဲ့ fashion မဂ္ဂဇင်း ၆စောင်ကနေ နင့် အကြောင်းလူ စိတ်ဝင်စားအောင် ထည့်ပေးမယ် အဲ့ကနေ အာရုံစိုက်လာပြီဆိုရင် ငါ့ အဖေ channelတွေ က သတင်းတွေမှာပါ ထည့်ပြီး မွှေပေးမယ် နင် သတိတော့ထား ဒီပွဲပြီးရင် နင် ခဏတော့ တနေရာရာရှောင်နေလိုက် လူတွေ့မခံနဲ့ ၂ပါတ်လောက်ကို ပြီးတော့မှ နင် ရီယို့ ကို အကူအညီတောင်းပြီး လူကြားထဲပြန်ထွက်ပြလိုက် ရီယိုက နင့်ဆို ကူညီမှာပါ" လို့ပြောတော့ ဂရေ့စ်က "ရီယိုက ကျွန်ဝယ်ရာ အဆစ်ပါဦးမှာပေါ့ အဲ့တော့" လို့ပြောတော့ ဒေးဗစ်က "နင် ရီယို့ကို အကူအညီမတောင်းချင်လည်း လိုဝီ့နဲ့ပဲ လူလုံးထွက်ပြလို့ရတယ် ဘာပဲပြောပြော သူလည်း DJ လောကမှာ နာမည်ရှိပြီးသားပဲကို" ဆိုတော့ ဂရေ့စ်က "Green နဲ့ပေါင်းလို့ Black အိမ်တော်ကို လူလုံးထွက်ပြတာကို နာမည်ခံရမှာလေ ခုသူ့ပြန် အကူအညီတောင်းနေရင် ငါနဲ့ပူးပေါင်းလို့ကော သူဘာထူးမှာလဲဖြစ်သွားမှာပေါ့ အာ့မှတော့ DJ လိုဝီက Black အိမ်တော်က အယ်ဖာဆိုပြီးတော့ပဲ ကြော်ငြာလိုက်တာမြန်ဦးမယ် ဆိုပြီး ငါ သိက္ခာကျတယ်ရယ်" ဆိုတော့မှ ​ြငိမ်သွားတယ် ကယ်ဗင်က "အဲ့ဒါဆို ငါ ခု ​ြပန်သွားရင် ဒီကိစ္စ အတွက်စီစဉ်စရာရှိတာ စီစဉ်လိုက်​ေတာ့မယ် ​ေနာက်ပြီးတော့ နင့် အဝယ်တော်ကို ငါဆီဆက်သွယ်ခိုင်းလိုက် နင်အဲ့နေ့ ခေါင်းအစခြေအဆုံးအတွက် စီစဥ်ရအောင်လို့ အဆင်သင့်ဖြစ်ရင် နင့်ဆီငါဆက်သွယ်လိုက်မယ် နင်ကတော့ ပွဲရက်နီးမှလာခဲ့ နောက်ပြီး ဒီကြားထဲ skin ကို treatment လေးဘာလေးကြိုလုပ်ထား အဲ့ပွဲမှာ နင့်အလှဆုံးဖြစ်ရမှာ သိတယ်မလား အဲ့တော့မှ ဟိုတစ်ယောက်လည်း Green က ဘာမှမလုပ်ပေးလဲနေပါ နင့်ရရင် ရပါပြီဖြစ်အောင်လို့"လို့ပြောတော့ အကုန်လုံးရယ်နေကျတယ်
ဂရေ့စ်ပြန်ထွက်လာပြီးတော့မှ လိုဝီတို့ကိုဖုန်းဆက်မလို့လုပ်ထားတာ ဂရေ့စ်ထွက်လာတော့ သူတို့ကပြန်ရောက်နေပြီ ဂရေ့စ်ကားပေါ်ရောက်ရောက်ချင်း ဟင်နီက "နင်သူတို့ ၂ယောက်နဲ့ ဘာတွေဒီလောက်ပြောနေလို့ကြာနေရတာလဲ "လို့မေးတော့ ဂရေ့စ် "ဒီလိုပါပဲ မတွေ့ရတာကြာတော့ ဟိုပြောဒီပြောပေါ့ " ဆိုတော့ ဟင်နီက "ဟိုပြောဒီပြောကလည်း ၂နာရီလောက်ကြာတယ်" ဆိုပြီးပွစိပွစိလုပ်နေတယ် ဂရေ့စ်လည်း သူ့ကို ပြန်ပြောရမှာ ပင်ပန်းနေတာနဲ့ပဲ မသိချင်ယောင်ဆောင်ပြီး လိုက်လာရာကနေ မှေးကနဲ အိပ်ပျော်သွားမှန်းမသိသွားတော့တယ်

ထပ်ပြီးတဖန်Where stories live. Discover now