လက်စွပ်

873 38 0
                                    

Jack က Angel အထိမ်းအမှတ် သစ်ပင်အောက်မှာ အချိန် အတော်ကြာထိုင်နေမိရင်း လက်မှာစွပ်ထားတဲ့ လက်ထပ်လက်စွပ်ကို ချွတ်ပြီးကြည့်နေမိတယ် အရာရာကို အစက ပြန်တွေးကြည့်နေမိတယ် ဘယ်ကစမှားတာလည်း လူကြီးတွေ သဘောတူတာကို ငြိမ်ပြီးလက်ခံမိတာလား Graduation Party ညတုန်းက မှားခဲ့မိတာကမှားတာလား ကျောင်းမှာ Grace ကို အရေးမလုပ်မိတာက မှားတာလား Angel ကို မရွေးခဲ့မိတာက မှားတာလား တွေးနေမိတုန်းမှာ ဖုန်းမြည်လာခဲ့တယ် ဖုန်းကိုင်လိုက်တဲ့ အချိန်မှာ တစ်ဘက်က "Mr. Jack လားမသိဘူး တောင်ပိုင်းဆေးရုံကို အမြန်လာခဲ့ပါ Mrs. Grace က Evergreen တောင်ဆင်းလမ်းမှာ ကားမှောက်ပြီး တောင်ပိုင်းဆေးရုံ အရေးပေါ် ကို ရောက်နေလို့ ခွဲစိတ်မှုလုပ်ရမှာမို့ အုပ်ထိန်းသူလက်မှတ်လိုနေလို့ပါ '' ဆိုပြီးကြားလိုက်တာနဲ့ Jack တစ်ယောက် ကားဆီကမန်းကတန်းပြေးသွားပြီး တောင်ပိုင်းဆေးရုံကိုဦးတည်လိုက်ပါတော့တယ်
         တောင်ပိုင်းဆေးရုံကိုရောက်တော့ ဆေးရုံကောင်တာမှာ Grace ကိုမေးတော့ Grace က ER မှာပဲရှိသေးတယ် Operation မဝင်ရသေးဘူး ဆိုတာနဲ့ Grace ရဲ့ ကုတင်ကို ရှာကြည့်နေမိတယ် ER က ကုတင်ပေါ်မှာ ပက်လက်အနေအထားနဲ့ ရှိနေတဲ့ Grace ကိုမြင်တော့ သူရုတ်တရက်ကြောင်ကြည့်နေမိတယ် ဒဏ်ရာက အတော်ပြင်းတယ် တိုက်မိတဲ့ အပြင်ချောက်ထဲပြုတ်ကျထားတာဆိုတော့ အတော်ပြင်းတယ် အဲ့အချိန် သူနာပြုတစ်ယောက်က ရောက်လာပြီး Grace ရဲ့ အုပ်ထိန်းသူလားဆိုပြီးမေးတော့ သူခေါင်းငြိမ့်လိုက်မိတယ် သူနာပြုက တာဝန်ခံဆရာဝန်ကိုခေါ်ပေးတော့ ဆရာဝန်က Grace ရဲ့ အခြေအနေကိုပြောပြပြီး ချက်ချင်း ခွဲစိတ်ဖို့လိုအပ်ကြောင်းရှင်းပြပြီး သူနာပြုက လက်မှတ်ထိုးခိုင်းတဲ့ စာရွက်တွေကို လက်မှတ်ထိုးလိုက်တဲ့ အချိန်ထိ သူသတိဝင်တစ်ချက်ဖြစ်နေတယ် Grace ကို Operation ခန်းထဲပို့တဲ့အချိန်မှာ သူဘေးကနေ ပို့လိုက်ရင်း ဝင်ခါနီးအချိန်မှာသူ Grace လက်ကိုကိုင်လိုက်တဲ့ အချိန်မှာ Grace တင်းတင်းဆုပ်ထားတဲ့ လက်က ပြေပြီး သူ့လက်ထဲကို အရာတစ်ခုရောက်လာခဲ့တယ် အဲ့အချိန်သူ Grace ကိုလှမ်းကြည့်လိုက်တဲ့အချိန် Grace က သူ့ကို ပြုံးပြပြီး ''အကို့ကို လက်လွတ်လိုက်တော့မယ်'' ဆိုပြီး ပြောတော့ သူလန့်သွားပြီး '' Grace ဘာတွေပြောနေတာလည်း Grace ကို အကိုစောင့်နေမယ် လက်လွတ်မယ်ဆိုရင်တော့ ခုမလွတ်နဲ့ ဦး Grace ပြန်လာမှ အကိုနဲ့ သေချာစကားပြောကျတာပေါ့ Grace ကို အကိုစောင့်နေမယ် ပြန်လာခဲ့'' လို့ပြောနေတုန်း သူနာပြုက Operation ခန်းထဲဝင်ရတော့မယ်ဖြစ်ကြောင်း လူနာရှင်က အပြင်မှာစောင့်နေပေးဖို့ပြောပြီး Grace ကို Operation ခန်းထဲခေါ်သွားတော့လေတယ်
      သူ့လက်ထဲမှာရှိတဲ့ Grace ရဲ့လက်စွပ်ရယ် သူ့လက်စွပ်ရယ်ကို ကြည့်ရင်း သူ့မျက်ရည်တွေ ကျမှန်းမသိကျနေတယ်




ထပ်ပြီးတဖန်Where stories live. Discover now