ခေါက်ဆွဲ

460 30 2
                                    

လိုဝီနဲ့ သူမနဲ့ ဟင်နီ့ အခန်းကို ဝင်လာခဲ့ကျတယ် ပြီးတော့ ဟင်နီရဲ့ အခန်းက studio type ဆိုတော့ အကုန်လုံးက ဟာလာဟင်းလင်း ဂရေ့စ် အိတ်တလုံးယူပြီး ဟင်နီ့ အဝတ်အစားတွေရယ် ဂစ်တာရယ် ထုတ်လာတယ် ပြီးတော့ ဟင်နီ့ကိုဖုန်းဆက်ပြီး ဘာတွေယူလာရဦးမလဲ မေးပြီးတော့ လိုအပ်တဲ့စာအုပ်တွေ မုန့်တွေရယ် အရုပ်တွေရယ် အခွေတွေရယ် ထည့်လာလိုက်တော့ အိတ်က ၆အိတ်လောက် ထွက်လာတယ် အဲ့ဒါတွေကို ကားပေါ်တင်တော့ အပြည့်ပဲ မတက်နိုင်ဘူး ဟင်နီ့ကို Aနိုင်ငံမပြန်မချင်း ဂရေ့စ် သူ့အိမ်ကနေ ပြန်ခိုင်းဘူးစိတ်ကူးမရှိဘူး အတင်းပြန်မယ်လုပ်ရင် သူပါလိုက်လာမယ်ဆိုပြီး ချိန်းခြောက်မယ် ကိုယ့်အကြံနဲ့ကိုယ်ကတော့အပြည့်ပဲ အားလုံးတင်ပြီးတော့ ဂရေ့စ် ဟင်နီတို့နားက အမဲလုံးခေါက်ဆွဲဆိုင်ကို ထွက်လာခဲ့တယ် အဲ့နားက အမဲလုံးခေါက်ဆွဲဆိုင်က တကယ်ကိုအရသာရှိတာ ဟင်းရည်ကရော ဆန်ခေါက်ဆွဲရယ့်ပျော့ပျောင်းမှုကော အမဲသားလုံးရဲ့ texture ကောက ဂရေ့စ်အကြိုက်နဲ့ကွက်တိ ညှီလည်းမညှီဘူး ဟင်းခပ်အမွှေးအကြိုင်သုံးထားတာလည်းကွက်တိပဲ တချို့ဆိုင်တွေက အမဲသားမညှီအောင် ဟင်းခပ်အမွှေးအကြိုင်သုံးတာ များတက်တာမျိုးတွေရှိတယ် ဂရေ့စ်က အရမ်းအနံ့ပြင်းရင်မကြိုက်ဘူး ညှီရင်လည်းမကြိုက်ဘူး အဲ့တော့သူ့အကြိုက်နဲ့ ကွက်တိဖြစ်တဲ့ဆိုင်မျိုး မနည်းရှာထားရတာ ဆိုင်လေးကတော့ ပုံမှန်အမဲသားလုံးဆိုင်တွေမျိုးပဲ အိမ်ဆိုင်လေးပေါ့ အဲ့မှာ ဂရေ့စ် က လိုဝီ့ကို ဒီဆိုင်ကဘာတွေကောင်းတယ်ဆိုတာမျိုးရှင်းပြနေသေးတာ နောက်အဲ့ဆိုင်က အမဲသားဖက်ထုတ်လည်းရသေးတယ် ပုံမှန်ဆိုဆိုင်တွေက ကြက်သားဖက်ထုပ် ဝက်သားဖက်ထုပ်ပဲရှိတာ ဒီတစ်ဆိုင်ပဲ အမဲသားဖက်ထုပ်ရတာ သူ့ဟင်းခတ်အမွှေးအကြိုင်သုံးထားတာရှယ်မိုက်တာ နောက်ပြီး သူ့ဖက်ထုပ်ထဲမှာက ကြွက်နားရွက်မှိုလေးလည်းထည့်ထားသေးတယ် အာ့တော့ စားလိုက်ရင် ဒုတ်ဒုတ် ဒုတ်ဒုတ်နဲ့ ဝါးရတဲ့ အရသာလည်းရတယ် နောက်ပြီး သူ့ဖက်ထုတ်က အရည်ရွှမ်းသေးတယ် စားလိုက်ရင် အသားကြားထဲက အသားအချိုရည်လေးကထွက်ထွက်လာတာက အရမ်းမိုက်တယ် အဲ့ဒါနဲ့ လိုဝီ့အတွက်က အမဲသားလုံးချဉ်စပ်ခေါက်ဆွဲတစ်ပွဲ ဂရေ့စ်က ရိိုးရိုးအမဲသားလုံးခေါက်ဆွဲတစ်ပွဲ ကိုမှအမဲသားလုံး Extra Topping နဲ့ ပြီးတော့ ဖက်ထုပ် ၂ပွဲ အမဲသားပေါက်ဆီတစ်ပွဲ တို့ဖူးကြော်တစ်ပွဲ မှာလိုက်တယ်
အစားအစာမလာခင် ထိုင်စောင့်နေတုန်း ဂရေ့စ်က လိုဝီ့ကို စကားပြောမလို့ပြင်တုန်း လိုဝီက ဖြတ်ပြီးတော့ "မင်းမှာ သေနတ်ရှိနေတာ ဘယ်လိုသိလဲမေးမလို့လား ဒါကတော့ တိုက်ဆိုင်တာပေါ့ ကိုယ်က mermaid club က DJ လေ ကိုယ့်အလှည့်မရောက်သေးလို့စောင့်တုန်း မင်းက ပွဲဖြစ်သွားတာလေ အဲတော့ မြင်လိုက်တယ်ပဲဆိုပါတော့" ဂရေ့စ်ကပြန်ပြီး "ကျွန်မ ဒီတစ်ခေါက်သည်းခံလိုက်တယ်ဆို ရှင်ကူညီထားတာတွေလည်းရှိနေလို့ပါ ဒီတစ်ခါနောက်ဆုံးဖြစ်ပါစေ နောက်တစ်ခါဆိုကျွန်မ ပါးရိုက်တာလောက်နဲ့ပြီးမသွားဘူး"ဆိုတော့ လိုဝီက "သိပါတယ် ကိုယ်က မင်းဘာဆိုတာ နောက်တစ်ခေါက်တော့ မဖြစ်လောက်ပါဘူး နောက်အကြိမ်ကြိမ်ဖြစ်အောင်ပဲကိုယ်ကြိုးစားရမှာပေါ့"လို့ ပြုံးပြီးပြောတယ် နောက်သူကပဲထပ်ပြီး "ကိုယ်ကြိုစားရင်တော့ ဖြစ်နိုင်ချေရှိတယ်မလား"ဆိုတော့ ဂရေ့စ်က "May Be"ဆိုပြီး ပုခုံးလေးတွန့်ချိုးပြီးပြန်ပြောလိုက်တယ် အဲ့တော့ လိုဝီက "ကိုယ်က မင်းဘေးမှာဘယ်သူရှိရှိ မင်းရင်ထဲမှာဘယ်သူရှိရှိ လက်ထပ်ထားတာဖြစ်ဖြစ် စေ့စပ်ထားတာဖြစ်ဖြစ်ရှိရင်လည်းဂရုစိုက်မှာ မဟုတ်ဘူး"ဆိုပြီးပြောတော့ ဂရေ့စ်က ဂရုမစိုက်သလိုပြုံးလိုက်ပြီး ပါးစပ်ကလည်း "ကလေးပြောတွေ"ဆိုပြီးပြောလိုက်တယ် သူမပြောလိုက်တုန်းမှာ အစားအသောက်တွေလာချတယ် လာချတုတုန်းမှာကတည်းက ဂရေ့စ် ရှေ့က ဘာဖြစ်ခဲ့လဲ ဆိုတာ အကုန်မေ့သွားပြီ ပူပူလောလောလေး လာချတုန်း ဂရေ့စ် စားဖို့ကြံတယ် ဂရေ့စ်ဟင်းရည်ကို အရင်စသောက်တယ် ဟင်းရည်ကြည်ကြည်ချိုချိုလေးက လည်ပင်းထဲကို နွေးခနဲဆင်းသွားတာမျိုးလေး နောက်ပြီးခေါက်ဆွဲကိုစားတယ် ပြီးမှ အသားလုံးလေးကို နည်းနည်းဖြဲပြီး အောင်းပူလေးနည်းနည်းထုတ်ပြီးမှစားတယ် မဟုတ်ရင် မီးလုံးကြီးမျိုချရသလိုဖြစ်သွားလိမ့်မယ် နောက်ပြီးတော့ ဂရေ့စ်က ခေါက်ဆွဲကို တို့ဖူးကြော်လေးတင်ပြီးစားရတာကိုသဘောကျတယ် တို့ဖူးကြော်က အရမ်းမာလို့လည်းမကောင်းဘူး အပေါ်ယံလေးပဲ ကြော်ထားပြီးတော့ ပျော့နေတာမျိုးလေးကိုကြိုက်တာ တို့ဖူးကြော်က ကြွတ်နေတာဆိုမကြိုက်ဘူး ဒီဆိုင်က အချဉ်လည်းကောင်းတယ် မုန်ညှင်းရွက်ကို အချဉ်တည်ထားတာလေး အစိမ်းချဉ်လို့ခေါ်တက်ကျတာမျိုးဆိုတော့ ဂရေ့စ် ပါတ်ဝန်းကျင်ကိုတောင်မေ့သွားပြီး ပျော်ရွှင်စွာနဲ့စားသောက်နေတော့တယ် ဂရေ့စ်စားနေတုန်းမှာ လိုဝီက ရုတ်တရက် "မင်းမနေ့က ဆင်းလာပြီး ကယ်လိုက်တဲ့တစ်ယောက်က မင်းနဲ့ဘာဆိုင်လဲ အမြဲတမ်းတတွဲတွဲတွေ လုံးထွေးပြီးတွေ့နေရတယ် သူက မင်းနဲ့ဘာလဲ"ဆိုပြီးလည်းပြောရော ဂရေ့စ်က အဓိပ္ပါယ်ပါပါ​ပြုံးလိုက်ပြီး "ခုနကကျတော့ ဘေးမှာဘယ်သူရှိရှိဂရုစိုက်ဘူးဆို စားနေရင်းမှ သတိရသွားတာလား"ဆိုရင်းပြောတုန်း လိုဝီက ဖြတ်ပြောမယ်အလုပ် ဂရေ့စ်က "အရင်ကုန်အောင်စားလိုက်ဦး ဒီဆိုင်က စားစရာတွေက အရသာရှိတယ် အကုန်လုံးခဏမေ့ထားပြီး အရသာရှိတဲ့အစားအသောက်လေးကိုပဲ အာရုံစိုက်လိုက်ရအောင် ပြီးမှပြောစရာရှိတာပြောရအောင်လား"ဆိုပြီး စကားကိုဖြတ်ချပြီး ကိုယ့်ဘာသာကိုယ် ဆက်စားနေသော ဂရေ့စ်ကို လိုဝီကြည့်နေလိုက်တယ် ဂရေ့စ်ကတော့ သူ့ကိုလောကကြီးရှိနေတဲ့လို့တောင် မထင်တဲ့ပုံစံမျိုးနဲ့ အေးအေးဆေးဆေးဆက်စားနေတော့တယ်
အားလုံးစားသောက်ပြီးတော့ ဂရေ့စ်က ကောင်တာကိုထထွက်သွားတယ် သူက နောက်က လိုက်ပြီး "ကိုယ်လိုက်ကျွေးမယ်လို့ပြောထားတာ ကိုယ်ရှင်းလိုက်ပါ့မယ်"ဆိုပြီး ပြောတော့ ဂရေ့စ်က "ဘယ်သူက ရှင်းနေသေးလို့လည်း ဒါဂရေ့စ်အိမ်အတွက်ပါဆည်မှာနေတာ ဟိုဝိုင်းကရှင်ရှင်းရမှာ ကျွန်မမမေ့ဘူး"လို့ပြောပြီး ကောင်တာက အမျိုးသမီးကို ပါဆယ်အော်ဒါမှာ ပိုက်ဆံတခါထဲရှင်းပြီး သူမ အိမ်ကိုပို့ခိုင်းလိုက်တယ် ပြီးတော့ဝိုင်းမှာပြန်လာထိုင်တယ် ခုနက ကြောင်သွားတဲ့ ကိုယ်တော်ချောကလည်း ဂရေ့စ်နောက်ကလိုက်ပြီး ဝိုင်းမှာပြန်ထိုင်တယ် ဂရေ့စ်က စားပွဲထိုးလေးကိုခေါ်ပြီး မုန့်လက်ဆောင်း ၂ခွက်မှာလိုက်တယ် စားပွဲထိုးလေးပြန်ထွက်သွားတော့ဂရေ့စ်က "ကျွန်မ မနေ့က ကယ်လိုက်တယ်ပဲထားပါတော့ အဲ့တစ်ယောက်က ဟင်နရီတဲ့ ကျွန်မ သူငယ်ချင်း မိသားစုဆိုလည်းဟုတ်တယ် ဒါပေမဲ့ သူ့ဘက်က သဘောတူတယ်ဆိုရင် ကျွန်မသူ့ကိုလက်ထပ်ဖို့လည်းဝန်မလေးဘူး သူနဲ့ကျွန်မနဲ့က အဲ့လိုဆက်ဆံရေးပဲ"လို့ပြောပြီးဂရေ့စ် ငြိမ်ပြီး သူ့ဘက်ကတုံ့ပြန်လာမှာကိုစောင့်နေတယ် သူက "မင်းက Stygian နဲ့လည်းစေ့စပ်ဖို့လုပ်လိုက်သေးတယ်နော်"လို့ပြောရော ဂရေ့စ် ကရယ်ပြီး"ဟုတ်တယ် Stygian နဲ့ က ကျွန်မစေ့စပ်ဖို့ပဲ ဒါပေမဲ့ သူ့ဘက်က ကျွန်မကိုငြင်းသွားတယ်လေ" လို့ပြောတော့ သူက "မင်း ငါ့ကိုကော လက်ထပ်နိုင်လား"ဆိုပြီးမေးတော့ ဂရေ့စ်က "ရှင်ကျန်းမာတယ်ဆိုရင်တော့ ကျွန်မရှင့်ကိုလက်ထပ်နိုင်ပါတယ်" ဆိုတော့ လိုဝီ" မင်းက ကျန်းမာတဲ့ဘယ်ယောကျာ်းကိုမဆိုလား " ဂရေ့စ်"ကျန်းမာတဲ့ ဘယ်ယောကျ်ားကိုမဆိုပါ" လိုဝီ"ဘာလို့လဲ" ဂရေ့စ် "ကျွန်မက ကလေးချစ်တက်တယ်လေ ကျွန်မလက်ထပ်ပြီးတာနဲ့ ကလေးယူဖို့ကြိုးစားမှာပါ ကျွန်မ အိမ်မက်တွေမြန်မြန်ပြည့်ဝဖို့က ကျွန်မအိမ်ထောင်ဖက်က ကျန်းမာဖို့လိုတယ်လေ" ဆိုတော့ လိုဝီက "မင်းအိမ်ထောင်ပြုတာ ကလေးယူဖို့သက်သက်လား" ဂရေ့စ် "လောလောဆည်တော့ အဲ့လိုပဲ ကျွန်မမှာ အကုန်ပြည့်စုံတယ် ငွေကြေး အာဏာ အလှအပ အကုန်ပဲ အဲ့တော့ ကျွန်မ ကျန်းမာတဲ့ အိမ်ထောင်ဖက်ပဲလိုတယ် ကျွန်မက " လိုဝီ "အဲ့လူမကျန်းမာရင်တောင် မင်းယူမယ်ဆိုတဲ့ ယောကျ်ား အဲ့ယောကျ်ားမှဆိုတာမျိုးကော မရှိဘူးလား "ဆိုတော့ "လောလောဆည်တော့မရှိသေးဘူး" လိုဝီက "အခု ငါက မင်းကို အတင်းအကြပ်လက်ထပ်မယ် မရရင် အကြပ်ကိုင်မယ်ဆိုပြီး တွေးထားတာ " ဆိုတော့ ဂရေ့စ်က " ရှင့်မှာ လောလောဆည်လက်ထပ်ထားတဲ့သူ လက်ထပ်ဖို့ ကတိပေးထားတဲ့လူ မရှိဘူးဆိုရင် ရှင့်ကျန်းမာရေးထောက်ခံစာယူခဲ့ ကျွန်မ ချက်ချင်းလက်ထပ်လို့ရတယ်" လို့ပြောတော့ လိုဝီက ခေါင်းငြိမ့်လိုက်ပြီး "မင်းနောက်နေတာမဟုတ်ဘူးလို့ပဲယူဆပါတယ်" ဆိုတော့ ဂရေ့စ်က "ကျွန်မ မနောက်တက်ပါဘူး ဒီလိုမျိုးကိစ္စဆို ကျွန်မပိုလို့တောင်မနောက်သေးတယ်"ဆိုတော့ လိုဝီက "မင်းကို ငါ ချက်ချင်းလက်ထပ်ရမယ့် အကြောင်းပြချက် ငါ့မှာတော့မရှိဘူး မင်းမှာကောရှိလား "ဆိုတော့ ဂရေ့စ်က "ကျွန်မ ကလေးလိုချင်တယ် "လို့ဖြေလိုက်တယ် လိုဝီက သက်ပြင်းချပြီး ထိုင်ခုံကိုမှီလိုက်တယ် နောက်ပြီးသူက ဂရေ့စ်ကို "မင်းကရူးနေတာပဲ "ဆိုပြီးပြောလိုက်တယ် ဆက်ပြီးတော့  " မင်းက မင်းလိုချင်တာ ရဖို့အရေးဆို ဘယ်သူ့ဖြစ်ဖြစ်ပေါင်ကားပေးမယ့် သဘောလား" ဆိုတော့ ဂရေ့စ်က "ကျွန်မက ကားထားတယ်ဆိုရင်တောင် ဘယ်သူဖြစ်ဖြစ်ကတော့ ဘယ်သူဖြစ်ဖြစ်က ကျွန်မခွင့်ပြုချက်မရပဲ ဆံပင်တမွှေးထိလို့မှ မရတာ" လိုဝီ "ဘာလဲ သေနတ်ရှိလို့လား" ဂရေ့စ် "သေနတ်က အဆင်တန်ဆာပါ ကျွန်မက ပိုကြောက်ဖို့ကောင်းတယ်" လိုဝီ" အဲ့ဒါဆို မင်းဖန်ပြွန်သန္ဓေသားယူဖို့ကောင်းတယ်" ဂရေ့စ် "ကျွန်မ အဖေရဲ့ ကျန်တဲ့သက်တမ်းမှာတော့ ကျွန်မသူ့ကို စိတ်ချမ်းသာအောင်ထားဖို့လိုသေးတယ်လေ" လိုဝီ "မင်းမှာ အရမ်းယုံကြည်ချက်တွေပြည့်ဝနေတာပဲကို မင်းအဖေကို နားဝင်အောင်ပြောဖို့တော့ ယုံကြည်ချက်မရှိဘူးလား" ဆိုတော့ "ဟုတ်တယ် ကျွန်မမှာ အ​ဲ့အတွက်တော့မရှိဘူး" ဆိုတော့ လိုဝီက "အင်းလေ ကိုယ်တောင် နည်းနည်း ဖြုံသွားတဲ့ကိစ္စမျိုးဆိုတော့ မင်းအဖေပိုဆိုးမှာပေါ့ မင်းငါ့ကိုဘာလို့ပြောပြနေတာလဲ ဒါတွေ"ဆိုတော့ ဂရေ့စ်က "ရှင်မေးလို့လေ နောက်ပြီး ရှင်ကော စိတ်ဝင်စားမလားလို့ ကမ်းလှမ်းကြည့်တာပေါ့ "ဆိုတော့ လိုဝီက "ကိုယ့်ကိုကော ဘာကိုကြည့်ပြီးကမ်းလှမ်းတာလဲ ကျန်းမာတယ်ထင်လို့လား" ဂရေ့စ်" ရှင်ကျွန်မကို ကစားဖို့ကြိုးစားရဲတယ်လေ အဲ့တော့ရှင့်ကို ဖောင်တင်ဖို့ အခွင့်အရေးပေးတာပေါ့ နောက်ပြီး ရှင်က ကျွန်မနဲ့ ရှင်းချင်တဲ့ကိစ္စ ရှိသေးတယ်မလား ဟုတ်တယ်ဟုတ် Alpha" လို့ပြောလိုက်တော့ လိုဝီ တစ်ဖြစ်လဲ Alpha က လက်ခုပ် ၃ချက်တီးပြီး ​" Green အိမ်တော်က မမလေးက ကွာတာတော့ကွာတယ်"

ထပ်ပြီးတဖန်Where stories live. Discover now