မယ်ဂရေ့စ်

689 29 0
                                    

          ကျောင်းဖွင့်ဖို့ တစ်ပါတ်လိုတဲ့ အချိန်မှာကျောင်းအပ်ဖို့ကျွန်တော် ကျောင်းကိုရောက်လာခဲ့တယ် ကျောင်းမှာ  နယ်ပြန်နေတဲ့ ကျောင်းသားအတော်များများကလည်းရောက်နေပြီ ကျောင်းအပ်ဖို့ အဆောင်နေဖို့ အတွက်ကို ဒါပေမဲ့ အိန်ဂျယ်ကတော့ ပြန်မလာသေးဘူး ကျွန်တော် အိန်ဂျယ်နဲ့ ညတိုင်းဖုန်းပြောဖြစ်တယ် သူက ကျွန်တော့်ကို သူတနေ့တနေ့ဘာလုပ်ဖြစ်တယ် ဘယ်သွားတယ် ဘာစားတယ်ဆိုတာကိုပြောပြတယ် ကျွန်တော်က သူပြောသမျှကိုနားထောင်နေရတာကိုပျော်တယ် ၁၄ နှစ်လောက်မကြားရတာ ကြာတဲ့ သူ့အသံလေးကိုကြားရတာ အရမ်းပျော်တယ် နောက်၂ရက်လောက်နေရင် အိန်ဂျယ်ကိုတွေ့ရတော့မှာ သူဘူတာမှာလာကြိုမယ့် အကြောင်းကိုတောင် မနေ့ကို ပြောပြဖြစ်သေးတယ် အဆောင်နေရာချပြီးတာနဲ့ အိန်ဂျယ်နဲ့သူ ကမ်းနားက ဆိုင်မှာ တူတူထိုင်ပြီးတော့ အိန်ဂျယ့်ကို သူချစ်ခွင့်ပန်မယ် အိန်ဂျယ်က အဲ့ဆိုင်လေးကို သဘောကျမှာ သူအားလုံးစီစဉ်ထားပြီးပြီ 

         ကျောင်းသားရေးရာရောက်တော့ ကျောင်းအပ်မယ့်ကျောင်းသားက တော်တော်များတယ် ကျွန်တော်က အိန်ဂျယ့် အတွက်ကော ကျွန်တော့ အတွက်ပါ ၂ယောက်စာ အပ်ရမှာ အရင်တုန်းကလည်းအဲ့လိုပဲ အိန်ဂျယ့်အတွက် ကျွန်တော်အမြဲကျောင်းအပ်ပေးခဲ့တာ အိန်ဂျယ်ကလိုတဲ့စာရွက်စာတမ်းတွေအကုန်လုံး စီစဉ်ပေးခဲ့တာ နှစ်တိုင်းအဲ့လိုဆိုတော့ ကျွန်တော်အတွက်က အခက်အခဲမရှိခဲ့ဘူး လွန်ခဲ့တဲ့ ၁၄နှစ် ဒီလိုအချိန်တုန်းက ဒီတစ်ခေါက်မှာ ဂရေ့စ်က ကျွန်တော်နဲ့အတူကျောင်းအပ်ဖို့လိုက်လာခဲ့တာ ကျွန်တော်က သူကျောင်းအပ်ဖို့ ကိစ္စအစစအရာရာ လုပ်ပေးခဲ့တာတောင် မဆီမဆိုင်သတိရသေးတယ် အဲ့တုန်းက ဂရေ့စ်ကို အဲ့နေ့က လိုက်လာတုန်းက သူသတိထားမိတာ မိန်းကလေးငယ်လေးက ငယ်ငယ်လေးနဲ့တည်ငြိမ်အေးဆေး လိုက်တာဆိုပြီး ဒူးအထက်ဂါဝန် အဝါရောင်ဖျော့ဖျော့လေးနဲ့ အိတ်လေးကိုင်ပြီး ငြိမ်ငြိမ်လေး နေနေရုံနဲ့တင် ကျောင်းက ကျောင်းသားရော ကျောင်းသူတွေကပါ လှည့်ကြည့်ရလောက်အောင် ရှင်းသန့်ကျော့မော့နေခဲ့တာပေါ့

          ပြီးခဲ့တာတွေလဲပြီးခဲ့ပါပြီ သူအခု ကျောင်းအပ်ဖို့ ကိစ္စ ဆက်လုပ်ဖို့ လုပ်တဲ့ အချိန်မှာ ကောင်တာ တစ်ခုမှာ စကားများနေတဲ့ အသံကြားခဲ့ရတယ် ကျောင်းသားရေးရာ က စာရေးမနဲ့ ကျောင်းသား ၁ယောက် ကျောင်းသူ ၁ တစ်ယောက်ရှိနေတာကို ဖြတ်ကနဲ့ တွေ့လိုက်တယ် သေသေချာချာ ကြည့်လိုက်တော့ ကျောင်းသားက ဟင်နရီ ဆိုတော့က စာရေးမနဲ့စကားများနေတာက ဂရေ့စ် မှတ်တောင်မမှတ်မိဘူး ဂျင်းဘောင်းဘီအရှည် အကြပ်အပေါ်မှာ အပြာရောင်စကပ်အလွင့်တစ်ထည်ထပ်ဝတ်ထားပြီး သားရှည်ဖိနပ်အရှည်ကို စွတ်ထားတာ အပေါ်က ကျ ဂျင်းလက်ပြတ်ကို ဝတ်ထားပြီး အဲ့ အပေါ်က country coat လား အဲ့မျိုးကို ဝတ်ထားတာ တွဲလောင်းတွဲလောင်းလေးတွေနဲ့ဟာမျိုးလေး ပြီးနေကာ မျက်မှန်က တပ်ထားသေးတယ် တပ်ထားတဲ့နေကာမျက်မှန်က သေးသေးလေးလေ သိလား မျက်လုံးဆိုဒ်လောက်ပဲရှိတဲ့ နေကာမျက်မှန်လေး နားဆွဲကော ဝတ်ထားတဲ့ accessories တွေက လက်ကောက်တွေကော လက်စွပ်တွေကော လည်ဆွဲတွေကော ရှုပ်ရှက်ခက်နေအောင် ဝတ်ထားတာ hippie style မျိုးတွေ ဘေးက ဟင်နရီကောပဲ မျက်မှန်တွေကော ဂျာကင်တွေကော ဦးထုတ်တွေကော အရောင်စုံပဲ ဝတ်ထားတာ ဒါပေမဲ့ လိုက်ဖက်အောင် ဝတ်တက်ကျတယ် ၂ယောက်စလုံး ဟင်နရီက တော့ အရင် တုန်းက လည်း အဲ့လိုပဲ ဝတ်တက်မှန်း သူ မှတ်ဉာဏ်ထဲမှာရှိတာဆိုတော့ သိပ်မအံ့ဩမိပေမဲ့လို့ ဂရေစ့်ကတော့ အတော်လေး အံ့ဩမိတယ် အဲ့လို ဝတ်စားလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်မိဘူး 

ထပ်ပြီးတဖန်Where stories live. Discover now