မိုးရေတွေနဲ့

567 29 4
                                    

ဂရေ့ ကျောင်းဖွင့်ရက်ပြန်ရောက်တော့ ပုံမှန်အတိုင်းအတန်းချိန်တွေပုံမှန်ပြန်တက်ခဲ့တယ် သူမပုံမပျက်နေရင်း တဖက်ကလည်း ဝံပုလွေတွေအသံကိုနားစွင့်ဖြစ်တယ် ဟင်နီ့ဦးလေးပြောတာကတော့ သူတို့ဘက်မှာတော့ ဝံပုလွေတွေပြန်ငြိမ်နေပြီဆိုတဲ့အကြောင်းရယ်ကိုပြောတော့ သူမဟန်မပျက်နေလိုက်ဖို့ပဲရှိတော့တယ် သူမနဲ့ဟင်နီနဲ့နေ့တိုင်း အတန်းတွေတူတူတက်တယ် ညတိုင်း ဘားဖြစ်ဖြစ် ကလပ်ဖြစ်ဖြစ် တူတူသွားတယ် အရမ်းပျော်ဖို့ကောင်းတယ် သူမရဲ့ အစားထိုးပြန်ရတဲ့ငယ်ဘဝကို သူမ အကျိုးရှိရှိ အသုံးချနေတယ်ပဲပြောရမှာပေါ့ သူမ နောက်ပိုင်းလုပ်ဖို့လိုတာ ပြောရရင် သူမဖြေမဆည်နိုင်တဲ့ အရာဆိုတာ သူမဖခင်ကျန်းမာရေး တစ်ခုပဲရှိတော့တယ် အရင်တုန်းက အရာအားလုံးဖြစ်ပျက်သွားတာအရမ်းမြန်ဆန်တယ်လို့ပဲပြောရမယ် သူမအကို သူမသူငယ်ချင်း သူမအဖေတို့က တစ်ယောက်ပြီးတစ်ယောက်က သူမဘေးကနေထွက်သွားကျတယ် အရင်တုန်းက သူတို့ရဲ့ နွေးထွေးမှုကို သတိမမူမိလိုက်ရင်တောင် သူတို့ရဲ့လစ်ဟာမှုကိုတော့ သူမ အလူးအလဲခံစားခဲ့ရတာ အခုတော့ သူတို့အကုန်လုံးက သူမဘေးမှာရှိနေကျတယ် သူမမှမပျော်ရင် ဘယ်သူကများပျော်နိုင်ပါလိမ့်မလဲ

သူမ မနက်ပိုင်း အတန်းတက်ဖို့လာရင်နဲ့ အဆောင်ရှေ့မှာကပ်ထားတဲ့ စာရင်းကိုဝင်ကြည့်ခဲ့တယ် ကျောင်းသားကဒ်အတွက် ဓါတ်ပုံမပေးရသေးတဲ့ကျောင်းသားစာရင်း သူမနာမည်ကြီးက ထိပ်ဆုံးက အဲ့တော့မှ သူမဦးဏှောက်ထဲရောက်လာတယ် ကျောင်းကစာရေးမရဲ့ သတိပေးသံကြီးက ဒါပေမဲ့ ဒီနေ့တော့ သူမပါမလာဘူး မနက်ဖြန်ကျမှပဲပေးတော့မယ် ဒီနေ့တော့ အတန်းပဲအေးဆေးတက်တော့မယ် တရက်လောက်ထပ်နောက်ကျသွားလည်း ဘာမှတော့ မဖြစ်ပါဘူး အရင်တုန်းက လည်း ပထမနှစ်ဝက်ပြီးခါနီးတော့မှရတာများ လုပ်လိုက်မှဖြင့်အသည်းအသန်ချည်းပဲ အဲ့စာရေးမတွေနဲ့ကတော့ အရင်ဘဝလည်းမတည့်ဘူး အခုဘဝလည်းတည့်မနေဘူး။ သူမ အတန်းထဲရောက်တော့ ဟင်နီကမရောက်သေးဘူး ဒါနဲ့ နည်းနည်းလည်းစောနေသေးတော့ ရောက်တဲ့သူတွေလည်းသိပ်မရှိသေးဘူး သူမ ပြတင်းပေါက်နားကနေရာကိုရွေးပြီးထိုင်လိုက်တယ် အဲ့နေရာက နေလှမ်းကြည့်ရင် အောက်ကနေ ကန်တင်းကိုသွားတဲ့လမ်းကိုလှမ်းမြင်နေရတယ်အဲ့လမ်းက အမိုးမိုးထားတဲ့လျှောက်လမ်းတစ်ခုဖြစ်ပြီးတော့ သစ်သားတိုင်လေးတွေထောက်ထားတယ် သူမကလူတွေလှုပ်ရှားသွားလာနေတာကို ကြည့်ရတာသဘောကျတယ် သူမက လူတွေနဲ့ ခပ်လှမ်းလှမ်းကနေပြီးကြည့်တဲ့အခါ အမြဲတမ်းပြုံးနေတယ်လို့ထင်ရတဲ့လူတွေရဲ့ သက်ပြင်းချတာတွေ တည်ငြိမ်တယ်ဆိုတဲ့လူတွေရဲ့ အလွဲလေးတွေကိုကြည့်ရတဲ့ အရသာကသူမအကြိုက်ဆုံးထဲမှာပါတယ် အဲ့ဒါကြောင်ခုလိုစာသင်ချိန်မရောက်ခင်စောစောကို သူမအမြဲရောက်အောင်လာတယ် အခိုက်အတန့်လေးတွေလွတ်သွားမှာစိုးလို့လေ

ထပ်ပြီးတဖန်Where stories live. Discover now