မုန်းသောခင်ပွန်း

2.8K 59 0
                                    

2019 Nov 3
ခမ်းနားကျယ်ဝန်းသော အိမ်ခန်း သစ်လွင်တောက်ပခေတ်မီသော အိမ်အပြင်အဆင်
အတွင်းဘက်ခြမ်းကိုလျှောက်ကြည့်လိုက်တော့ သက်လတ်ပိုင်းအမျိုးသားတစ်ယောက် က အလုပ်သွားဖို့အဆင်သင့်ဖြစ်နေပုံနဲ့ သူ့အိပ်ခန်းအတွင်းမှ လျှောက်လာခဲ့တယ် လှေကားကနေတဆင့် သူ့အတွင်းရေးမှူးကို ဖုန်းနဲ့လိုအပ်သည်များကို မှာကြားရင်း အိမ်ရှေ့ တံခါးမကြီးကနေတဆင့် ခြံဝန်းအတွင်းမှာ အသင့်စောင့်နေသော ကားပေါ်တက်ပြီး အလုပ်ကိုထွက်သွားခဲ့တယ်
ကားပေါ်မှာအတွင်းမှူးက သူ့တနေ့တာ schedule ကို တင်ပြတာကို နားထောငိရင်း ဒီနေ့product အသစ်နဲ့ပါတ်သက်တဲ့ အပြီးသတ်အစည်းအဝေးအတွက် အစီရင်ခံစာကိုကြညိ့ရင်းသွားခဲ့တယ်
တနေ့လုံးများပြားလှတဲ့ အစည်းအဝေးတွေနဲ့ အစီရင်ခံစာတွေက သူ့ကို အဖော်ပြုနေလိမ့်မယ် ရုံးခန်းထဲကိုရောက်တာနဲ့ သူ့အတွင်းရေးမှူးလေးကပြင်ပေးထားတဲ့ မနက်စာကိုစားပြီး သူ့တနေ့တာ ကိုစတင်လိုက်တယ်
9:50 pm
တနေ့လုံးပင်ပန်းပြီးကားပေါ်မှာ အနားယူရင်းလိုက်လာခဲ့တယ် အိမ်ရောက်တဲ့အချိန်မှာအတော်ပင်ပန်းနေပြီ
အိမ်ထဲဝင်လာ​တေ့ာ ထုံးစံအတိုင်းအိမ်ကတိတ်ဆိတ်နေတယ် ခါတိုင်းသားနဲ့သမီးနဲ့ကအိမ်မှာရှိနေတော့ သူတို့တွေနဲ့အိမ်က ဒီလောက်ကြီးခြောက်ကပ်မနေဘူး အိမ်ခန်းကိုဖြတ်ပြီး လှေကားပေါ်ကိုဖြည်းဖြည်းခြင်းသူတက်လာတော့ အပေါ်ထပ်မှာ အမျိုးသမီးတစ်ယောက် သေချာပြောရရင်သူ့အမျိုးသမီးက ဖတ်လက်စစာအုပ်ကိုကိုင်ပြီးသူ့ကိုပြုံးပြနေတယ် ပြီးတော့ မောင်ပြန်လာပြီလားဆိုပြီး ချိုချိုသာသာလေးလှမ်းပြောနေတယ် သူအဲ့အမျိုးသမီးကို မြင်ပေမဲ့ မသိကျေးကျွန်ပြုပြီးသူ့အခန်းထဲကိုဝင်သွားလေတယ် ခါတိုင်းဆိုရင်တော့ သားသမီးတွေရှိတဲ့ အခါမျိုးဆိုသူ့ကိုပြန်မပြုံးပြနိုင်ရင်တောင် လူရှိနေကြောင်းတော့ အသိအမှတ်ပြုခဲ့တာမျိုးတွေရှိတယ် စိတ်ထဲကမပါရင်တောင်မှ သူဒီမိန်းမကို မုန်းတယ် အတော်ကိုမုန်းတယ် မျက်စိရှေ့တောင်မမြင်ချင်ဘူး လောကကြီးမှာသူနဲ့နှစ်ယောက်ထဲကျန်နေရင် ကိုယ့်ကိုကိုယ်သတ်သေပစ်လိုက်ချင်တဲ့ထိမမြင်ချင်တာ ခုလိုသူနဲ့တူတူရှိနေရတာ သူ့သားနဲ့သမီးနဲ့ကြောင့် ဒီသားနဲ့သမီးကို စစတုန်းကဒီမိန်းမကြောင့် မလိုချင်ခဲ့မယ့် ခုတော့သူ့အသည်းတုံးလေးများဖြစ်နေလေသည် ခုတော့ကလေးတွေက သြစတြီးယားကို အလည်သွားကြတော့ ကလေးတွေမျက်နှာထောက်ပြီး သူလိမ်နေစရာမလိုပေ ဒီရွံစရာကောင်းတဲ့မိန်းမကိုလည်း အလိုက်သင့်ဆက်ဆံနေစရာလည်းမလိုပေ သိပ်​ကြောက်စရာကောင်းတဲ့မိန်းမ လိုချင်တာရဖို့ဆို ဘယ်လိုနည်းဖြစ်ဖြစ်သုံးတက်တဲ့မိန်းမ Grace

ထပ်ပြီးတဖန်Where stories live. Discover now