ပြန်လည်စတင်

943 34 3
                                    

ဂျက် ပြန်လည်နိုးထလာတော့ သူငယ်ငယ်က နေခဲ့တဲ့ အိမ်တော်က သူ့အခန်းထဲကိုပြန်ရောက်နေခဲ့တယ် ဘေးဘီကိုကြည့်လိုက်တော့ သူ့အခန်းကသူငယ်ငယ်တုန်းက အတိုင်းဘာမှ မပြောင်းလဲဘူး အနံ့ကော အရောင်ကော တူတူပဲ သူ့အိမ်တော်ထိမ်းက သူ့အခန်းထဲကို လာဗန်ဒါအနံ့လေးအမြဲတမ်းထည့်ပေးထားတယ် ဒီအနံ့ကို သူကြိုက်တာတော့မဟုတ်ပေမယ့် သူ့အတွက်တော့ ဒီအနံ့ဟာ ကျင့်သားရနေတဲ့ အနံ့တော့ဖြစ်ခဲ့တယ် နောက်ပိုင်းလည်း ဂရေ့စ်က သူ့အခန်းမှာ အဲ့လို အနံ့မျိုးလေး အမြဲထည့်ပေးထားတက်တယ် ဂရေ့က အမြဲပြီးပြည့်စုံတဲ့လူမျိုးတစ်ယောက်ပဲဖြစ်တယ် အမြဲတမ်းလစ်ဟာမှုမရှိအောင်လစ်ဟင်းမှုမရှိအောင်ထားတယ် နေထိုင်တယ် အားနည်းချက်ဆိုတာဘယ်တော့မှ မရှိတဲ့လူမျိုးဖြစ်တယ် ဂရေ့က စက်ရုပ်လိုမျိုးပဲ အမြဲတမ်းပြုံးထားတက်တယ် သူ့အပြုံးက အမြဲတမ်းအေးစက်နေတက်တယ် သတိကြီးတဲ့ရေခဲမင်းသမီး လို့ကျောင်းတုန်းက ဂရေ့ကိုလူတွေက ခေါ်တက်တာ သတိထားမိတယ် လူတွေက အမှန်ကိုမြင်တက်တာပဲ ဂရေ့က တကယ်ပဲ သတိကြီးတဲ့ရေခဲမင်းသမီးတပါးပဲ အေးချမ်းတာ မဟုတ်ဘူး အေးစက်တာ ဂရေ့လူတွေ အပေါ်သတိမထားပဲလက်လွတ်စပါယ် စိတ်လွတ်လက်လွတ်ဘယ်တုန်းက မှ မဆက်ဆံဘူးဘူး အမြဲတမ်းပျော်နေတာမျိုး ဝမ်းနည်းနေတာမျိုးလည်းမတွေ့ခဲ့ဘူးဘူး တသက်နဲ့တကိုယ် ဦးထုတ်နဲ့အဘိုးအိုနဲ့ပြောတဲ့ အခါမှာလည်းပုံမှန်လေသံနဲ့ ပြောခဲ့တယ် သူ့အနေနဲ့ ဂရေ့ဒီလိုဖြစ်လို့ စိတ်မကောင်းဘူး ဆိုရင်တောင် ဂရေ့ ရဲ့တုန့်ပြန်မှုတွေက သူ့အတွက်တော့ အေးစက်နေခဲ့တယ် ။

သူအခန်းထဲကိုလှည့်ပါတ်ကြည့်တော့ သူသိမ်းထားတဲ့ အခွေတွေကော ကာတွန်းစာအုပ်တွေကော နဂိုအတိုင်းလေးပဲသူထားထားတဲ့ပုံစံ အတိုင်းလေးပဲ သူဘီဒိုကိုဖွင့်ကြည့်လိုက်တော့ သူ့ တီရှပ်တွေ ဂျာကင်တွေ ဂျင်းတွေ ရှပ်တွေ ကုတ်တွေက ခုမျက်လုံးနဲ့ကြည့်ရင်လည်းမိုက်နေသေးတယ် နောက်သူသတိရတော့ ပြက္ခဒိန်ကို ကြည့်လိုက်တော့ ၁၄ နိုဝင်ဘာ ၂၀၀၅ ကျောင်းပြန်ဖွင့်ဖို့ ၂ပါတ်လိုသေးတယ် ၂၀၀၅ ဆိုတော့ သူက ဒီနှစ်ကို တတိယနှစ်တက်မှာ ကျောင်းတွေက ဒီဇင်ဘာ ၁ရက်နေ့ဆိုဖွင့်ပြီ တတိယနှစ်ဆိုတော့ သူနဲ့ ဂရေ့နဲ့စတွေ့တာလည်း တတိယနှစ်ပဲ ကျောင်းမဖွင့်ခင် နှစ်ပါတ်အလိုမှာ သူ့မိဘတွေက သူနဲ့ ဂရေ့ကိုမိတ်ဆက်ပေးပြီး ကျောင်းပြီးရင် လက်ထပ်ရမယ့်အကြောင်းကိုပြောခဲ့တာ "တတိယနှစ် ကျောင်းမဖွင့်ခင် ၂ပါတ်ဆိုတော့ ဒီနေ့ပဲ ဒီနေ့ဂရေ့နဲ့သူနဲ့ ပထမဆုံးတွေ့ရမယ်နေ့ပဲ" " အဘိုးရေ အဘိုးကတော့ ကွက်တိကိုပို့ပေးလိုက်တာပါလား" နောက်ပြီး သူသတိရသွားတာက သူ့ရဲ့နေရောင်ခြည်လေး အိန်ဂျယ် ဒီချိန်မှာ အိန်ဂျယ်က ဒီမြို့မှာရှိမနေဘူး သူ့မြို့ဖြစ်တဲ့ M မြို့ကိုပြန်နေတာ နောက်တပါတ်ရောက်မှ ပြန်ရောက်လာမှာ ကျောင်းဖွင့်ခါနီးမှ သူပြန်လာလိမ့်မယ် "အိန်ဂျယ် ပြန်မလာခင် ဒီကိစ္စကို အပြတ်ရှင်းရမယ် အိန်ဂျယ် ကို ပြန်လာရင် သူချစ်ခွင့်ပန်ပြီး လက်ထပ်ခွင့်တောင်းရမယ် ဒီတစ်ခါတော့ ထပ်အလွဲမခံတော့ဘူး ထပ်အဆုံးရှုံးမခံတော့ဘူး"

ထပ်ပြီးတဖန်Where stories live. Discover now