Black Castle

490 29 3
                                    

Author Note: ဒီ ဟာကို translation တွေထဲ ထည့်ထည့်နေတာတွေ တွေ့မိလို့ပြောပြတာပါပေါ့နော် English နာမည်တွေ ပေးထားပေမယ့် translation မဟုတ်ပါဘူး မြန်မာနာမည်တွေ ပေးရတာခေါင်းစားလို့ Eng နာမည်တွေ​ပေးထားတာပါ အကယ်လို့ ဇာတ်ကြောင်းခပ်ဆင်ဆင်တွေ ဘာတွေ ရှိနေလို့ တခုခု မကျေနပ်တာရှိရင် လာပြောလို့ရပါတယ် ဖျက်ပေးပါ့မယ် ဒါပေမဲ့ ဒါကတော့ ကိုယ့်ဘာသာရေးချင်တာရေးထားတာဆိုတော့ ဘယ်သူ့ဆီကမှ ကျောရိုးဘာညာယူထားတာမျိုးမရှိပါဘူး ကျေးဇူးတင်ပါတယ်
                                  ********

ဂရေ့စ် ဆေးရုံကဆင်းပြီး အိမ်မှာလည်း တော်တော်လေးနားဖြစ်လိုက်တယ် ကျောင်းလည်း သိပ်မသွားဖြစ်ဘူး သွားဖြစ်ရင်လည်း ခဏ လောက်ပဲသွားဖြစ်တယ် ထိခိုက်ထားတဲ့ အမှုနဲ့ ကျောင်းကလည်း pass ပေးထားတယ်ဆိုပါတော့ ပါချုပ်ကလည်း အမှုတွဲမှာပါတဲ့ ကျောင်းသားတွေကို လူမှုရေးပြစ်ဒါဏ် တစ်ယောက်ကို နာရီ ၂၀၀ ပေးလိုက်တယ် ပြီးတော့ ပျက်စီးသွားတဲ့ ပစ္စည်းတွေအတွက်လျော်ခိုင်းတယ် အဲ့ လျော်ရမည့်ဟာကိုတော့ ဂရေ့စ်ပဲ အကုန် လျော်ပေးလိုက်တယ် လူမှုရေးပြစ်ဒါဏ်ပေးတဲ့ ထဲမှာ ဂရေ့စ်မပါဘူးဆိုတော့ ဂရေ့စ်က ဒီဟာတော့ သူပဲလျော်လိုက်ပါ့မယ်ဆိုပြီး လျော်ပေးလိုက်တယ် ဟင်နီကတော့ နေ့တိုင်းကျောင်းသွားပြီး ကျောင်းတက်လိုက် လူမှုရေးပြစ်ဒါဏ် နာရီပြည့်အောင်လုပ်လိုက်နဲ့  ရန်ဖြစ်ထားတဲ့လူတွေနဲ့ အတူရှိတာကြာတော့ ဘော်ဒါတွေတောင်ဖြစ်နေပြီ အင်းပေါ့ လူငယ်တွေပဲဆိုတော့ ရင်းနှီးကျတာမြန်တယ် ဂရေ့စ်ကတော့ Pass ရတုန်း သာသာယာယာပဲနေတယ် လိုဝီကတော့ သူ့ကို ပုံမှန်လာလာတွေ့ပါတယ် ကျန်တဲ့လူတွေကတော့ ပုံမှန်ပဲ ဂရေ့စ်အဝယ်တော်ကိုလည်း Aနိုင်ငံကိုလွှတ်ထားတယ် ကယ်ဗင်နဲ့ သူနဲ့တိုင်ပင်ပြီးလုပ်ကျမှာပေါ့
တစ်ရက်ကျတော့ လိုဝီက သူ့ကို ပုံမှန်လာတွေ့နေကျ အတိုင်းလာတွေ့တယ် ပြီးတော့ သူပြောရခက်အားနာနေတဲ့ပုံစံနဲ့ ဂရေ့စ်ကို လိုဝီက "ဂရေ့စ် Black အိမ်တော်မှာ ကိုယ့် အမေ ရယ် အဘွားရယ်နဲ့ လူကြီးပိုင်းတွေကို လိုက်တွေပေးမလားဟင် သူတို့က ဂရေ့စ်ကိုတွေ့ချင်နေကျတယ်"လို့ ပြောတယ် ဂရေ့စ် သူ အဲ့လို ရှက်တဲ့ပြီး တွန့်ဆုတ် တွန့်ဆုတ်ဖြစ်နေတာ ခုမှမြင်ဘူးတာ ဂရေ့စ် အရမ်းရယ်ချင်ပြီး သူ့ကို စချင်နေတယ် ဒါပေမဲ့ ဂရေ့စ် သည်းခံလိုက်ပါတယ် သူ့ဘက်က တောင်းဆိုပြီး အကူအညီတောင်းရတယ်ဆိုတာ ဂရေ့စ်ကုသိုလ်ထူးတာပဲ သူခက်ခက်ခဲခဲကြိုးစားရတာဆိုတော့ ဂရေ့စ်စလိုက်ရင် သူနေရပိုခက်သွားလိမ့်မယ် အဲ့တော့ ဂရေ့စ်က အသာအယာပဲ သူ့ကိုပြုံးပြပြီးတော့ "တွေ့ရမှာပေါ့ အကိုလိုဝီရယ် ဂရေ့စ်လည်း အဲ့ကိစ္စရှင့်ကိုဘယ်လိုပြောရမလဲလို့ အများကြီးတွေးနေတာ ရှင်ဘယ်လိုစဥ်းစားထားလဲမသိတော့ မေးရမှာလည်းခက်နေတာ ဂရေ့စ်တို့ ကိစ္စတွေမဆက်ခင် နှစ်ဖက်မိဘကို တရားဝင် တွေ့ထားတာပို​ကောင်းတာပေါ့ ဂရေ့စ် ဘယ်နေ့အစောဆုံးလိုက်တွေ့လို့ အဆင်ပြေမလဲဟင်"လို့မေးလိုက်တော့ လိုဝီက "ဖြစ်နိုင်ရင် မနက်ဖြန်လောက် လိုက်တွေ့နိုင်မလား"လို့ပြန်မေးတော့ ဂရေ့စ်ခေါင်းငြိမ့်ပြလိုက်တယ် လိုဝီပြန်သွားတော့ ဂရေ့စ် အဖေတို့ကို မနက်ဖြန် လိုဝီ့ မိသားစုနဲ့ လိုက်တွေ့မယ့် အကြောင်းပြောလိုက်တယ် အကိုနဲ့ ဟင်နီက သူတို့ လိုက်ခဲ့မယ် ဂရေ့စ်တစ်ယောက်ထဲ စိတ်မချဘူးဆိုပြီး အတင်းတွေပြောတယ် ဂရေ့စ်က ငြင်းတာတောင် သူတို့က အတင်းတွေပြောတာ အဖေအော်လိုက်မှငြိမ်တယ် ဒါတောင် သူတို့က ဂရေ့စ်ထက် လိုဝီနဲ့ပိုရင်းနှီးကျသေးတယ်
မနက်ပိုင်းခပ်စောစောလောက်ဂရေ့စ်ထပြီး လေဆိပ်ကို ဆင်းသွားတယ် မနက် ၇နာရီလေယာဥ်ဆိုတော့ အိမ်ကအတင်းလိုက်မယ်ဆိုတဲ့ ၂ယောက်လည်း မနက်ကို လိုက်ပို့ပါဆိုတာတောင်နှိုးမရလို့ အိမ်တော်ထိန်းဦးလေးက ဂရေစ့်ကို လိုက်ပို့ရတယ် လေဆိပ်ရောက်တော့ လိုဝီက ဂရေ့စ်ကို စောင့်နေတယ် ဂရေ့စ်နဲ့ လိုဝီတို့ နှစ်ယောက် လေယာဥ်ပေါ်တက်လာကျတယ် 14 နာရီတောင်ကြာအောင် စီးပြီးနောက် I နိုင်ငံကို ရောက်လာကျတယ် ည ၉နာရီလောက်ရောက်တော့ မြို့ထဲက Heaven ဟိုတယ်မှာပဲ တည်းဖို့ ပြင်လိုက်ကျတယ် ဒီကို ဂရေ့စ် အဝတ်အစား သိပ်မယူလာတော့ ဟိုတယ် မန်နေဂျာကိုပဲ အကူအညီတောင်းပြီး အဝတ်အစားဆိုင်တွေကိုပဲ ဟိုတယ်ကိုလာဖို့ပြောလိုက်ရတယ် ဂရေ့စ် မနက်ဖြန်ကျရင် လိုဝီ့ အိမ်ကလူကြီးတွေ နဲ့ ပထမဆုံးအကြိမ်တွေ့ရမှာဆိုတော့ အဝတ်အစားအတွက်ကို သေချာစီစဥ်ဖြစ်တယ် အရမ်းလည်း ခေတ်မဆန်လွန်း ခေတ်နောက်မကျလွန်းတဲ့ ဟာမျိုးပေါ့ ဂရေ့စ်ညတွင်းချင်းပဲ ဆိုင်ကနေ ၄ / ၅ စုံလောက် ရွေးလိုက်တယ် ကျန်တာတွေက လိုဝီသူ စီစဥ်ပေးထားတယ်လို့ ပြောတယ်
အကုန်စီစဥ်ပြီးတော့ ဂရေ့စ် လိုဝီ့ အခန်းဘက်ကို ထွက်လာခဲ့တယ် လိုဝီက ဂရေ့စ်ကို တံခါးဖွင့်ပြီးတော့ အထဲကိုဝင်ခိုင်းတယ် ဂရေ့စ်က အခန်းတွင်းရောက်တာနဲ့ လိုဝီ့ကို " ရှင်တို့ အိမ်မှာ လူကြီး ဘယ်နှယောက်ရှိလဲ ကျွန်မ ဘာတွေ ဆောင်ဖိုရှောင်ဖို့ လိုအပ်တာရှိသေးလား ကျွန်မ လက်ဆောင် တချို့တော့ ပြင်လာတာရှိတယ် ကျွန်မ ထပ်ပြင်ဖို့လိုသေးတာရှိသေးလားသိချင်လို့" လို့​မေးတော့ လိုဝီက "အွန်း ငါတို့အိမ်မှာ လူကြီးက ၃ယောက်ရှိတယ် အဘွားရယ် အမေရယ် ငါရယ်"လို့ပြောတော့ ဂရေ့စ်က "အဘွားနဲ့ အမေ အတွက် ဆောင်ရန်ရှောင်ရန် ဘာရှိလဲ" ဆိုတော့ လိုဝီက"အဘွားနဲ့ အမေက တော့ ဆောင်ရန်ရှောင်ရန်သိပ်တော့ မရှိပါဘူး သေချာတာတော့ နှစ်ယောက်လုံးမင်းကိုကြိုက်မှာ မဟုတ်ဘူး မင်းသည်းခံဖို့တော့လိုလိမ့်မယ် ငါ့ကို ခြိမ်းခြောက်သလိုတော့ ငါ့အဖွားနဲ့ အမေကို မခြိမ်းခြောက်နဲ့ပေါ့ ဟိုက ငါ့ထက်သွေးရဲတယ် I လူမျိူးစစ်စစ်တွေ"လို့ပြောတော့ ဂရေ့စ်က "ဂရေ့စ်သဘောပေါက်ပြီ "လို့ပြောနေတုန်း လိုဝီက "မင်းဆောင်ဖို့ ရှောင်ဖို့လိုတာ တစ်ခုရှိသေးတယ် အဲ့ဒါ ငါ့ကိုပဲ မင်းညဘက်ကြီး တစ်ယောက်ထဲ ငါ့အခန်းထဲလာတာ မကြောက်ဖူးလား"ဆိုပြီး သူ ဂရေ့စ်နားကို သိသိသာသာတိုးလာတယ် ဂရေ့စ်က လက်နှစ်ချောင်းကို သူ့ရင်အုံကို လှမ်းထောက်ပြီးတော့ ပြောလိုက်တယ် "နှစ်ယောက်ထဲရှိတဲ့ချိန် ကြောက်ရမှာ ကျွန်မ မဟုတ်ဘူး ရှင်  ကျွန်မက ရှင့်ကို မကြောက်လို့ ဒီထိ တစ်ယောက်ထဲလိုက်လာတာ တော်ရုံသတ္တိနဲ့တော့ ဘယ်သူမှ အယ်ဖာနဲ့ မယူရဲဘူး သဘောပေါက် ရှင်"လို့ ပြောပြီး လက်နှစ်ချောင်းနဲ့ပဲ တွန်းထုတ်လိုက်ပြီးတော့ ဂရေ့စ် ပြန်ထွက်သွားတယ် လိုဝီ တစ်ယောက် ရယ်ပြီးကျန်ခဲ့တယ်
နောက်နေ့ မနက်ကျတော့ ဟိုတယ်ကို ဟယ်လီကော်ပတာ တစ်စင်း ရောက်လာပြီး ဂရေ့စ်နဲ့ လိုဝီ့ကို လာခေါ်သွားတယ် ဂရေ့စ်က အင်္ကျီနဲ့ စကပ် ပန်းဖျော့ရောင် ဝမ်းဆက်ကို ဝတ်ထားပြီးတော့ ဖိနပ် အသားရောင်လေးကို ဝတ်ထားတယ် အတက်နိုင်ဆုံး အရိုးရှင်းဆုံးနဲ့ အငြိမ်ဆုံး ပုံစံဝတ်ထားတယ် လက်ဝတ်လက်စား အနေနဲ့ကတော့ ဂရေ့စ် ဆွဲနေကျ မြလည်ဆွဲလေးနဲ့ လိုက်နဲ့ မြနားကပ် လေးကို ပန်ထားပြီးတော့ ဦးထုတ် ခပ်ကြီးကြီးကိုစောင်းလိုက်တယ် လက်ပွေ့အိတ် ခပ်လတ်လတ်တလုံးကိုလည်းကိုင် ထားလိုက်တယ် ဟယ်လီကော်ပတာ နဲ့ နာရီဝက်လောက် သွားပြီးတဲ့ အချိန်မှာ တောအုပ်တွေရဲ့ အလွန်နားမှာ အရမ်းကို ရှေးကျပြီး ခန့်ထည်တဲ့ ရဲတိုက်ကြီး တစ်ခုကိုတွေ့လိုက်ရတယ် အဲ့ ရဲတိုက်ကြီး ဆင်ဝင် အပေါ်ဘက်နားမှာပဲ လေယာဥ်ရပ်တဲ့ ကွင်းရှိတော့ ဂရေ့စ်တို့ အဲ့ကပဲ ဆင်းပြီး အပေါ် ခန်းမထဲကို တန်းပြီး ဝင်လို့ရတယ် လိုဝီက အရင်ဆင်းပြီး ဂရေ့စ်ကို တွဲချပေးတယ် ပြီးတော့ သူကပဲ ဦးဆောင်ပြီး အထဲကိုဝင်သွားတယ် ရဲတိုက်ရဲ့ လက်ရာက ၁၈ ရာစုလောက်က ဆောက်ထားတဲ့ပုံပဲ ဒါပေမဲ့ သေချာ ထိန်းသိမ်းစောင့်ရှောက်ထားတော့ လုံးဝခိုင်သေးတယ် အထဲမှာက လည်း တော်တော်လေးကို ကျယ်ပြီး ခမ်းနားတယ် ဂရေ့စ်တို့ ခန်းမကို ကျော်ပြီးလျှောက်လာပြီးတော့ အခန်းတစ်ခန်းထဲဝင် သွားတယ် အဲ့ အခန်းမှာတော့ အသက် ၈၀ အရွယ် အမျိုးသမီးတစ်ဦးရယ် ၅၀ အရွယ် အမျိုးသမီးတစ်ဦးတို့က ထိုင်ပြီး လက်ဖက်ရည်သောက်ရင်း စကားထိုင်ပြောနေတာကိုတွေ့လိုက်ရယ် လိုဝီနဲ့ ဂရေ့စ် ဝင်လာတာကို တွေ့တော့ အသက် ၈၀ ကျော် အဖွားကြီးက လက်နှစ်ဖက်ကို ဆန့်တန်းပေးတယ် လိုဝီက အမျိုးသမီးကြီးကို ဖက်ရင်း နမ်းပြီးတော့ နှုတ်ဆက်လိုက်တယ် ပြီးတော့ နောက်အမျိုးသမီးကိုလည်း ဖက်ပြီး နှုတ်ဆက်လိုက်တယ် ပြီးတော့ လိုဝီက "အဖွား အမေ ဒါက ဂရေစ့်ပါ ဂရေ့စ် ဒါကတော့ ကိုယ့်ရဲ့ အဖွားနဲ့ အမေပါ"ဆိုပြီး မိတ်ဆက်​ ပေးတော့ ဂရေ့စ်က လိုဝီ့ အမေနဲ့ အဖွားဘက်ကို လှည့်ပြီး "မင်္ဂလာပါ Mrs.Viridis နဲ့ Mrs.Viridis ကျွန်မက ဂရေ့စ်ပါ"လို့ နှုတ်ဆက်လိုက်တယ် Mrs.Viridis Jr က ဂရေ့စ်ကို ထိုင်ဖို့ ပြောလိုက်ပြီး အိမ်စေတစ်ယောက် ကို ဂရေ့စ်နဲ့ လိုဝီ အတွက် လက်ဖက်ရည်ယူလာဖို့ ​မှာလိုက်တယ် ပြီးတော့ ဂရေ့စ်ကို "တို့လည်း တွေ့ရတာဝမ်းသာပါတယ် Ms Grace ဒီကိုရောက်တုန်း တို့ဘက်က ဧည့်ဝတ်မကျေပွန်တာ ရှိရင်လည်း ကြိုပြီးတော့ မေတ္တာရပ်ခံပါတယ်"လို့ပြောတာ ဂရေ့စ်က ပြုံးပြပြီးတော့ ခဏ ငြိမ်နေလိုက်တယ် နည်းနည်းငြိမ်နေတာ ကြာပြီးတော့ မှ ဂရေ့စ်က အနားက အိမ်စေတစ်ယောက်ကို လှမ်းခေါ်ပြီးတော့ ဂရေ့စ်ပြင်ဆင်လာတဲ့ လက်ဆောင်တွေ ယူလာခဲ့ဖို့ပြောလိုက် တယ် ခဏကြာတော့ တစ်ယောက်က ဂရေ့စ် လက်ဆောင်ဗူးတွေယူပြီးရောက်လာတယ် ရောက်လာတော့ ဂရေ့စ်က "ဘာမှ ကြီးကြီးမားမားတော့ မဟုတ်ဘူးဂရေ့စ် စေတနာလေးတွေ နည်းနည်းပြင်ဆင်လာပါတယ် ဖွားဖွား အတွက်ကတော့ ၁၅ရာစု စူးရုံအင်ပါယာ ရဲ့လက်ရာ ဆင်စွယ်ရိုးတပ် ဆေးတံရှည်ပါ လိုဝီကပြောတယ် ဖွားဖွားကြီးက ဆေးတံလှလှလေးတွေသဘောကျတက်တယ် ပြောပြတော့ ဂရေ့စ် ပြင်ဆင်လာခဲ့တာ ဒီဟာက စူးရုံအင်ပါယာရဲ့ ဦးရီးတော်ဝမ်ရယ် ရဲ့ပစ္စည်းလို့တော့ပြောတယ် ဆေးတံရဲ့ သမိုင်းကတော့ ဗူးထဲက ကဒ်လေးထဲမှာ ရေးထားတယ်လို့တော့ပြောတယ် ဖွားဖွားသဘောကျလိမ့်မယ်လို့ ဂရေ့စ် မျှော်လင့်ပါတယ်"လို့ပြောတော့ အမျိုးသမီးကြီးက ပစ္စည်းကို တစ်ချက်ကြည့်လိုက်ပြီးတော့ ဘေးကို အသာထားလိုက်တယ် ဂရေ့စ်ကတော့ တည်တည်ငြိမ်နဲ့ပဲ နောက် အမျိုးသမီးဘက်ကို လှည့်ပြီး "အန်တီ့ အတွက်ကတော့ ဂရေ့စ် တော်တော်လေးစဥ်းစားလိုက်ရတာ လိုဝီ့ကို အန်တီက ဘာတွေကြိုက်တက်လဲ ဘာတွေစုဆောင်းတာတွေ ဘာတွေ ရှိလဲမေးတော့ သူက သူ့အမေက ဒီလောက်ကြီး ပစ္စည်းတွေကို သိပ်စိတ်မဝင်စားဘူးဆိုပြီးတော့ ဂရေ့စ် အများကြီးစဥ်းစားလိုက်ရတာ အန်တီ့ အတွက် လိုအပ်တာ အသုံးလိုတာဆိုတာမျိုးကတော့ ရှိမှာမဟုတ်ပေမယ့် အမှတ်တရအနေနဲ့ဖြစ်စေချင်တော့ ဂရေ့စ် ဒီ ပတ္တမြား ရင်ထိုးလေးပြင်လာတယ် သူငယ်ချင်းတစ်ယောက်ကို အကူအညီတောင်းပြီးတော့ အရမ်းကြီးလည်း ထင်းနေတာမျိုးမဟုတ်တဲ့ ဒီဇိုင်းလေးတော့ ဂရေ့စ် ရွေးလာခဲ့တယ် အခု အန်တီ့ကို တွေ့လိုက်ရတော့ ဂရေ့စ် အရွေးမှန်သွားတယ်ဆိုတာ သိလိုက်ရတယ် ဒါက ဂရေ့စ်ရတဲ့ စေတနာပါ"ဆိုပြီးတော့ ပြောတော့ အမျိုးသမီးရွယ်ကတော့ ဂရေ့စ်ကို ကျေးဇူးတင်ကြောင်းပြောတယ် ပြီးတော့ ထမင်းစားဖို့ ပြင်လိုက်မည်ဖြစ်ကြောင်း အဖွားကတော့ နားမှာဖြစ်ပြီးတော့ လိုဝီ့ကို ဂရေ့စ်ကို အိမ်ထဲပါတ်ပြဖို့ မှာလိုက်တယ်
လိုဝီက ဂရေ့စ်ကို အိမ်ထဲ ပါတ်ပြတယ် ခန်းမတွေ ပန်းချီကားတွေ အကြောင်း တစ်ခန်းချင်းစီကို ပြတယ် နောက် အိပ်ခန်းကျယ်ကြီး တစ်ခုစီရောက်သွားတယ် အထဲမှာ အိပ်ရာကြီးက လည်းအကြီးကြီးပဲ အိပ်ရာရဲ့ခေါင်းရင်းမှာ ဝံပုလွေခေါင်းပုံ ပန်းချီကားကြီးချိတ်ထားတာကို တွေ့လိုက်ရတယ် အိပ်ရာနဲ့ မလှမ်းမကမ်း ဘေးမှာ ဆိုဖာ အရှည်နဲ့ စားပွဲလည်းရှိတယ် ကုတင်နဲ့ကပ်ရပ်မှာတော့ မီးအိမ်လေးတင်ထားတဲ့ စားပွဲလေးလည်းရှိတယ် အဲ့ထဲမှာ ဓါတ်ပုံအချို့လည်းတင်ထားသေးတယ် ဂရေ့စ်က ကုတင်ပေါ်မှာ ထိုင်လိုက်ပြီးတော့ လိုဝီ့ကို " ဒါ ဂရေ့စ် လိုဝီနဲ့ ယူပြီးသွားရင် နေရမယ့် အခန်းလား"ဆိုပြီးမေးလိုက်တော့ လိုဝီက ဂရေ့စ် ခေါင်းကိုလှမ်းပုတ်လိုက်ပြီးတော့ "ဒီကောင်မလေး မမေးရဲ မပြောရဲတဲ့စကားမရှိဘူး နောက်ပြီး ငါ့ကို လိုဝီ လိုဝီနဲ့ ငါနင့်ထက် အများကြီးကြီးတယ် ငါ့အမေနဲ့ အဖွားက နဂိုထဲက သိပ်ကြည်တာမဟုတ်ဘူး နင် လိုဝီလိုဝီနဲ့ ငါ့ကို ခေါ်မနေနဲ့ အကိုဖြစ်ဖြစ် ကိုကိုဖြစ်တပ်ခေါ် မလေးမစားနဲ့ "ဆိုပြီးပြောတော့ ဂရေ့စ်က "အွန်းပါ သတိထားပါ့မယ်"

ထပ်ပြီးတဖန်Where stories live. Discover now