Grace

660 36 0
                                    


ကျွန်မနိုးထလာတယ် ကျွန်မနိုးထလာတဲ့နေရာက ဆေးရုံမှာတော့ မဟုတ်ဘူး မှန်တင်ခုံ တစ်ခုရဲ့ရှေ့မှာ မှန်မှာပေါ်နေတဲ့ပုံက ကျွန်မမဟုတ်ဘူး ကျွန်မမဟုတ်ဘူးဆိုတာ အခုကျွန်မမဟုတ်တာ မှန်မှာပေါ်နေတာက ကျွန်မငယ်ငယ်လေးပေါ်နေတာ ဦးထုတ်အနက်နဲ့ဦးလေးကပြန်ပို့ပေးလိုက်တာလား ကျွန်မကို အဲ့ဒါဆို ကျွန်မပုံစံကြည့်ရတာ ကျွန်မ နိုင်ငံခြားမှာကျောင်းတက်နေတုန်းနဲ့တူတယ် ကျွန်မဒီမှာဆို ဒါမျိုးဘယ်တော့မှ မဝတ်ဘူး နေပါဦး အခန်းပုံစံကြည့်ရတာတော့ ဒီက အိမ်ပါပဲ ကျွန်မတွေးနေတုန်းပဲရှိသေးတယ် တယောက်ယောက်က တံခါးလာခေါက်တယ် တံခါးခေါက်ပြီး

"ဂရေ့စ် ညီမလေး မနက်စာစားရအောင် မြန်မြန်လုပ် ပြီးရင် ကိုကြီးရုံးသွားရင် ကျောင်းကို တစ်ခါထဲပို့ပေးခဲ့မယ်..." 

စကားသံဆုံးတာနဲ့ တပြိုင်နက်ထဲ တံခါးကပွင့်လာပြီး ဂရေ့ကိုလှမ်းကြည့်နေတဲ့ ဂရေ့စ်ရဲ့ ချစ်လှစွာသောတစ်ဦးထဲသောအကိုကြီး နိုင်ငံခြားကို ၃ရက်ဆိုပြီးသွားရာကနေ ပြန်မလာနိုင်တော့တဲ့ ဂရေ့စ်ရဲ့ အကိုကြီး အကို ရှိတယ်ဆိုတော့ ဂရေ့စ်အိမ်ပြန်ရောက်နေတာပေါ့ ဒါပေမဲ့ ဒါပေမဲ့ဆိုတာမရှိဘူး ဂရေ့စ်ဒီအသက်အရွယ်ထိ တနေရာရာမှာပုံစံတမျိုးနဲ့ အသက်ရှင်နေမှာပါဆိုပြီး ဂရေ့စ်စောင့်နေတဲ့ အကိုကြီး အမြဲတမ်းလူလွှတ်ပြီး ရှာခိုင်းထားသော်လည်း မတွေ့တဲ့ အကိုကြီး အကုန်လုံးက သေသွားပါပြီလို့ပြောနေကျသော်လည်းပဲ လက်မလျော့နိုင်အောင်လုပ်ထားတဲ့ အကိုကြီး ခုတော့ ဂရေ့စ်ပြန်တွေ့ရပြီ ဂရေ့စ်အကိုကြီးကိုဖက်လိုက်တယ် တင်းတင်းကြပ်ကြပ်ဘယ်တော့မှလက်မလွတ်တော့ဘူးဆိုတဲ့ စိတ်နဲ့ တင်းတင်းဖက်ထားမိတယ် အကိုကြီးက ပြန်ဖက်ပေးတယ်ပြီးတော့ ဂရေ့စ်ကို "ကလေးမလေး ကျောင်းတက်ရဦးမယ် လွှတ်တော့ အောက်မှာ အဖေလည်းစောင့်နေတယ် မနက်စာစားရအောင် ပြီးရင်အကိုကြီးကျောင်းလိုက်ပို့ပေးမယ် လာသွားမယ်"ဆိုပြီး ဂရေ့စ်လက်ကို တစ်ဖက်ကဆွဲရင်း တစ်ဖက်က စားပွဲပေါ်မှာတင်ထားတဲ့ကျောပိုးအိတ်ကို ယူလာခဲ့ပြီးတော့ အောက်ကို ဦးဆောင်ပြီးဆင်းလာတော့တယ်

ထပ်ပြီးတဖန်Where stories live. Discover now