Welcome Home

584 21 0
                                    


ဂရေ့စ် တစ်ယောက် ပြန်ရောက်လာတာနဲ့ မာဂရက်နဲ့ သူ့အဖေနဲ့ကို လုံခြုံတဲ့နေရာကို ပို့ထားရတော့တယ် အတက်နိုင်ဆုံး လူအသိအနည်းဆုံးဖြစ်အောင် ဟင်နီနဲ့ သူနဲ့ နှစ်ယောက်ထဲ စီစဉ်ခဲ့ရတယ် မာဂရက်နဲ့ သူ့အဖေနဲ့ Safe House ကိုရောက်ပြီ အကုန်လုံး Perfect ဖြစ်ပြီဆိုမှ သူမ အိမ်ကိုပြန်ခဲ့တယ် အိမ်ကို ပြန်ရောက်တော့ သူမအဖေက သူမကို စောင့်နေခဲ့တယ် သူမ ရောက်တာနဲ့ သူမ အဖေရဲ့ ရှေ့က ခုံမှ ဝင်ထိုင်ပြီး သူမအဖေစကားစလာမယ့် အချိန်ကိုစောင့်နေခဲ့ တယ် သူမအဖေက သူမကို " သမီး ဟိုမှာ ဘာတွေလုပ်ခဲ့တာလဲအဖေသိတယ် ဘာအတွက် ဘာရည်ရွယ်ချက်နဲ့ လုပ်ခဲ့တယ်ဆိုတာတော့ အဖေသိဖို့လိုမယ်ထင်တယ် သမီးက အကြောင်းမရှိပဲနဲ့တော့ ဘာမှ ဒီလောက်ထိအန္တရာယ်များ တဲ့ ကိစ္စကိုလုပ်လောက်တဲ့အထိတော့ မထင်ဘူး" ဂရေ့စ်က "အဖေသမီးကို ယုံတယ်မလား အဖေသမီးကို ယုံသလောက်ကို သမီးက အဖေနဲ့ ကိုကို့ကိုချစ်တယ် ဒီလောက်ဆို သမီးအဖြေက လုံလောက်တယ်လို့ သမီးထင်တယ် " ဆိုပြီး ပြန်ဖြေခဲ့တယ် အတန်ကြာတဲ့ အထိထိုင်နေခဲ့တယ် အတန်ငယ်ကြာတော့ သူ့အဖေက ဘေးက ဖုန်းကို ကောက်ကိုင်ပြီးတော့ သူမ အကိုကို ဖုန်းလှမ်းခေါ်ပြီး အိမ်ကိုပြန်လာဖို့ပြောလိုက်တယ်
ခဏကြာတော့ ဂရေစ့်အကို Jay ပြန်ရောက်လာခဲ့တယ် ဂရေ့စ်ကိုမြင်တော့ သူ့ပုံစံက မေးခွန်းတွေ အများကြီးရှိနေတယ် ဒါပေမဲ့ ရှေ့မှာ အဖေကလည်း ရှိနေတော့ သူအနေနဲ့မေးရလည်းခက်နေတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ပေါ့ Jay က ဂရေ့စ်ဘေးမှာ ဝင်ထိုင်ပြီးတော့ ဂရေ့စ်နဲ့ သူ့အဖေကို အကဲခတ်နေခဲ့တယ် ဂရေ့စ်က "မာဂရက်နဲ့ သူ့အဖေ save house မှာရှိပါတယ် စိတ်မပူပါနဲ့ ဒါ save house ရဲ့သော့နဲ့လိပ်စာနဲ့ပါ အကိုသူ့ကိုသွားတွေ့လို့ရပါပြီ နောက် ၃ရက်အတွင်းကို အကိုနဲ့ မာဂရက် ခြေရာဖျောက်နိုင်ရင်တော့ အကောင်းဆုံးပဲ မဟုတ်ရင် အကုန်လုံးအတွက်စိုးရိမ်ရတယ် အကို သွားချင်တဲ့နေရာရှိတယ်ဆိုရင် ပြော အန္တရာယ်ကင်းအောင်စီစဥ်ရအောင်လို့ " ဆိုတော့ Jay က" နေဦး ကိုကိုသိချင်တာက ဂရေ့စ် မာဂရက်ကို ဘယ်လိုသိလဲ အကိုနဲ့ မာဂရက်ကိစ္စကို ဘယ်လိုသိတာလဲဆိုတာ အကိုသိဖို့လိုတယ် ဂရေ့စ် ဂရေ့စ်ကို ဒီလောက် အန္တရာယ်များတဲ့ ကြားထဲတိုးခိုင်းရလောက်တဲ့ အထိ အကို မမိုက်မဲဘူး Wolf တွေ ဘယ်လောက်ရက်စက်တယ်ဆိုတာ ဂရေ့စ်လည်းသိပြီးသား သူတို့ကို လုပ်သွားတဲ့ ကိစ္စနဲ့ ဂရေ့စ်ကို ကြိမ်းသေပေါက်ငြိုးမှာပဲ အကို့ကို နည်းနည်းတော့ အသိပေးတာပဲဖြစ်ဖြစ်တော့လုပ်သင့်တယ် အကိုအရမ်းစိတ်ပူသွားတာ စစသိချင်းတုန်းကဆို ဂရေ့စ် ရန်သူက ထင်တာထက်ကိုအများကြီးပို အင်အားကြီးတယ်နော် နောက်ပြီး ဒီကိစ္စက ပြောရရင် ဂရေ့စ်နဲ့ ဘာမှမဆိုင်ဘူး" ဆိုပြီး တရဆက်ကိုပြောနေတုန်းမှာ ဂရေ့စ်က ဖြတ်ပြီး "အကို အကိုနဲ့ မာဂရတ် ဆက်သွယ်နေတာကိုလည်း Wolf တွေ မသိဘူးထင်နေတာလား သူတို့က ကမ္ဘာပေါ်မှာ သတင်းအချက်အလက် ကို ချုပ်ကိုင်ထားတာ Wolves တွေ တည်ထောင်ထားတာ အနည်းဆုံး နှစ် ၁၅၀ ကျော်ပြီ သူတို့ ရဲ့ အနက်ရောင်ရဲတိုက်ဆိုတာ အကုန်လုံးက နာမည်ပဲကြားဘူးတာ ဘယ်လောက် လူအင်အားငွေအား အကုန်ခံပါစေ အကို့ကို အစအန တောင် ဂရေ့စ်တို့ရှာနိုင်မှာ မဟုတ်ဘူး အဲ့ဒါကြောင့်လက်ဦးမှုယူလိုက်တာ အကို့ကို သူတို့စောင့်ကြည့်နေကျတာ မာဂရတ်ကိုရောပဲ ဂရေ့စ်သာ လက်မဦးခဲ့ရင် မာဂရက်ကိုသတ်ပြီး အကို့ကို အစအနပါဖျောက်ပစ်လိမ့်မယ် မယုံမရှိနဲ့ အားလုံးက မျက်စိတမှိတ်အတွင်းမှာပဲဖြစ်သွားတာ" ဆိုပြီး ပြောပြီး သူမ အဖေနဲ့ အကိုနဲ့ကို ပင်ပန်းတယ်လို့အကြောင်းပြနှုတ်ဆက်ပြီး သူမအိပ်ခန်းကို ပြန်တက်လာခဲ့တယ် သူမ အခန်းထဲရောက်တော့ သူမစလွယ်သိုင်းထားတဲ့သူမလက်ကိုင်အိတ်ကို ကုတင်ပေါ်ပစ်တင်လိုက်တယ်နောက်ခါးပါတ်ကို ဆွဲဖြုတ်လိုက်ပြီး အပေါ်က ကုတ်ကိုအရင်ချွတ်လိုက်တယ် ပြီးသူမ နားကပ်နဲ့ လည်ပါတ်ကိုလည်း ဖြုတ်ပြီး မှန်တင်ခုံပေါ်တင်ထားလိုက်တယ် ပြီးတော့ ကုတင်ပေါ်မှာထိုင်လိုက်ပြီး ပြီးစလွယ်တင်ထားတဲ့ အိတ်ကို ခြေရင်းနားကို တွန်းရွေ့လိုက်တယ် နောက်သူမ ကုတင်ပေါ်မှာ ပက်လက်လှန်လိုက်ပြီး သူမ ရဲ့ ၂ဘဝ စာအကြောင်းကို စဉ်းစားမိနေလေတယ် သူမ ဒီရောက်ကတည်းက သူမအကိုကိစ္စကိုပဲအရင်ဆုံးလုပ်နေခဲ့တာဆိုတော့ သူမ အကြောင်းကို သေချာတွေးမိဖို့ အချိန်မရှိခဲ့ဘူး အခု သူမ ခေါင်းအေးအေးနဲ့ ဘာဆက်လုပ်ရမလဲဆိုတာကို တွေးနေမိတယ် အခု သူမလုပ်ချင်တာ သူမကိုယ်သူမ ပြောင်းလဲပစ်ချင်တာပဲ ပြောင်းလဲပစ်တယ်ဆိုတာ သူမ အတွက်လွယ်တဲ့ ကိစ္စပဲ ဘာလို့လဲဆိုတော့ သူမ အရင်ကလည်း ယောကျာ်းတစ်ယောက်အတွက်သူမကိုယ်သူမ ပြောင်းလဲပစ်ခဲ့ဘူးတာပဲလေ ခုလောလောဆည်တော့ သူမ အရမ်းပင်ပန်းနေပြီ သူမ အိပ်လိုက်ဦးမယ် သူမမှာဘာမှ လောစရာမှမလိုတာ
နောက်နေ့က စနေဖြစ်နေတော့ သူမ ကျောင်းလည်းသွားစရာလည်းမလိုတော့ ပေါ့ပေါ့ပါးပါး ဖြစ်အောင် သူမ ဆံပင်ညှပ်ဖို့ထွက်လာခဲ့တယ် နောက်သူမ မြို့ထဲလည်း လျှောက်သွားကြည့်ချင်တာနဲ့သူမ တစ်ယောက်ထဲထွက်လာခဲ့တယ် ရာသီဥတုကလည်း နည်းနည်းပူတာနဲ့ သူမပေါ့ပေါ့ပါးပါး လက်ပြတ်ဂါဝန်ငပိရောင်ခေါ်မလားပဲ အဲ့ဒါလေးပေါ်မှာ မြင်းချေးရောက် ဝတ်စကုတ်လား မပြောတက်ဘူး အသားလေးအေးတယ် ထပ်ဝတ်လာခဲ့တယ် ‌ဈေးလေးလည်းပါတ်ဦးမှာဆိုတော့ လမ်းလျှောက်ရင်မနာတဲ့ ကြိုးသိုင်းဖိနပ်အထူလေးစီးပြီးထွက်လာခဲ့တယ် ငယ်ငယ်တုန်းက သူမဝတ်ခဲ့တဲ့ဟာတွေက ခုသူမနဲ့ ကျတော့ သိပ်မကိုက်ဘူးဖြစ်နေတယ် အဲ့ထဲကမှသူမတော်တော်ရှာဖွေပြီးရွေးခဲ့ရတယ် သူမရဲ့ ပန်းရောင်လက်ကိုင်အိပ်ထဲမှာတော့ သူမ ပိုက်ဆံရယ် ဟင်နီ့ဦးလေး သူမကိုလက်ဆောင်ပေးထားတဲ့ ပစ္စတိုကို ထည့်လာခဲ့တယ် သူမအရင်တုန်းက သူမအကိုပျောက်ဆုံးနေတဲ့ အချိန်တုန်းက လိုက်ရှာရင်းWolf တွေနဲ့ပါတ်သက်နေမှန်းသိကတည်းက သူမ သေနတ်ပစ်လည်းကျင့်ခဲ့တယ် သူမ အမြဲတမ်းသေနတ်ဆောင်တက်တဲ့အကျင့်လည်းရှိတယ် အရင်တုန်းကဆို သူအံဆွဲမှာထားထားတဲ့ သေနတ်ကို အမွှာလေးတွေ ယူဆော့တာမြင်လိုက်ရတုန်းကဆို သူမ အသည်းတွေပြုတ်မတက်ပဲ အဲ့ကတည်းက သူမ သေနတ်ကို အလွယ်မထားတော့ဘူး တော်တော်ကို လုံလုံခြုံခြုံသိမ်းခဲ့ရတယ် အမှတ်တရပေါ့ ခုတော့ သူမဆံပင်သွားညှပ်လိုက်ပါဦးမယ် သူမကအရင်ထဲက ဆံပင်ပုံစံပြောင်းရတာ သိပ်သဘောမကျတော့ သူမဆံပင်က အမြဲတမ်းဒီတိုင်းပဲဖြစ်နေတက်တယ် သူမမှာ အရမ်းလှတဲ့ ဖြောင့်စင်းမဲနက်နေတဲ့ ဆံပင်ရှိတယ် သူမလည်းသူမဆံပင် သူမသဘောကျတော့ အရှည်ထားပြီးနေခဲ့တာညှပ်ရတာလည်း နှမြောတာပါတာပေါ့ ခုတော့လည်း ဒီတောက်တပ်တပ်မတ်မတ်လည်းမရှိတော့ပါဘူး အဲ့ဒါကြောင့်လည်းပဲ အပြောင်းအလဲလေးဖြစ်အောင် ညှပ်ပစ်ခဲ့တယ် အရင်တုန်းက အမြဲတင်ပါးပေါ်ရောက်လုရောက်နီး ဆံပင်က ခုတော့ ပုခုံးကိုတောင်သိပ်မထိချင်တော့တဲ့ ဂုတ်ဝဲသာသာလေးဖြစ်သွားပြီ သူမကိုယ်သူမှန်ထဲကြည့်ရင်း ကျေနပ်နေခဲ့တယ် နောက်သူမ ပြည်ထဲရေးဝန်ကြီးဌာနကိုရောက်ခဲ့တယ် ဟင်နီ့ဦးလေးပေးထားတဲ့သေနတ်ကို လိုင်စင်တင်ဖို့လေ နို့မို့သူမ သေနတ်ကိုင်တာတရားမဝင်ဖြစ်ပြီး Jail အောင်းနေရဦးမယ် သူမလိုအပ်တဲ့ စာရွက်စာတန်းတွေဖြည့်ပြီး လိုအပ်တဲ့စစ်ဆေးမှုတွေခံပြီးတဲ့နောက်မှာ သူမသေနတ်လေးလိုင်စင်ရသွားခဲ့လေပြီ အဲ့ကိစ္စပြီးတော့ သူမ Shopping Centre ကို သွားခဲ့သေးတယ် အဝတ်အစားအသစ်လေးလည်းဝယ်ရင်း Diving သွားရင်စားဖို့ဘာဖို့လေးဝယ်ခဲ့တယ် နောက်သူမ စာအုပ်လေးဘာလေးကြည့်ချင်လို့ စာအုပ်ဆိုင်ဘက်ကိုလျှောက်လာတဲ့ အချိန်မှာ ရုပ်ရှင်ကြည့်မလို့ သွားနေတဲ့ Jack နဲ့ Angle တို့အတွဲကို တွေ့လိုက်တယ် Jack ရဲ့ လက်တစ်ဖက်က Popcorn ခွက်ကို ကိုင်ပြီး တစ်ဖက်က Angle လက်ကို တယုတယနဲ့ကိုင်ပြီး ရုပ်ရှင်ရုံဘက်ကိုလျှောက်သွားတယ် သူတို့အတွဲကဂရေ့စ်ကို မမြင်လောက်မှန်းသိပေမဲ့ ဂရေ့စ်ကတော့ သူမကိုယ်တိုင်တောင်မသိလိုက်ခင်မှာပဲ သူမပုန်းနေမိတော့တယ် သူတို့မျက်စိတစ်လျှောက်ကပျောက်သွားတဲ့ အချိန်ကျမှ ဂရေ့စ်ပုန်းနေတဲ့နေရာကနေ ထွက်လာဖြစ်တယ် သူမစာအုပ်ဆိုင်ဘက်ဆက်သွားရင်ကောင်းမလား စဉ်းစားမိပေမယ့် သူမဆက်သွားချင်စိတ်မရှိတေ့ာလို့ သူမ အိမ်ကိုပဲပြန်လာခဲ့တေ့ာတယ် ဂရေ့စ် တစ်ယောက် ပြန်ရောက်လာတာနဲ့ မာဂရက်နဲ့ သူ့အဖေနဲ့ကို လုံခြုံတဲ့နေရာကို ပို့ထားရတော့တယ် အတက်နိုင်ဆုံး လူအသိအနည်းဆုံးဖြစ်အောင် ဟင်နီနဲ့ သူနဲ့ နှစ်ယောက်ထဲ စီစဉ်ခဲ့ရတယ် မာဂရက်နဲ့ သူ့အဖေနဲ့ Safe House ကိုရောက်ပြီ အကုန်လုံး Perfect ဖြစ်ပြီဆိုမှ သူမ အိမ်ကိုပြန်ခဲ့တယ် အိမ်ကို ပြန်ရောက်တော့ သူမအဖေက သူမကို စောင့်နေခဲ့တယ် သူမ ရောက်တာနဲ့ သူမ အဖေရဲ့ ရှေ့က ခုံမှ ဝင်ထိုင်ပြီး သူမအဖေစကားစလာမယ့် အချိန်ကိုစောင့်နေခဲ့ တယ် သူမအဖေက သူမကို " သမီး ဟိုမှာ ဘာတွေလုပ်ခဲ့တာလဲအဖေသိတယ် ဘာအတွက် ဘာရည်ရွယ်ချက်နဲ့ လုပ်ခဲ့တယ်ဆိုတာတော့ အဖေသိဖို့လိုမယ်ထင်တယ် သမီးက အကြောင်းမရှိပဲနဲ့တော့ ဘာမှ ဒီလောက်ထိအန္တရာယ်များ တဲ့ ကိစ္စကိုလုပ်လောက်တဲ့အထိတော့ မထင်ဘူး" ဂရေ့စ်က "အဖေသမီးကို ယုံတယ်မလား အဖေသမီးကို ယုံသလောက်ကို သမီးက အဖေနဲ့ ကိုကို့ကိုချစ်တယ် ဒီလောက်ဆို သမီးအဖြေက လုံလောက်တယ်လို့ သမီးထင်တယ် " ဆိုပြီး ပြန်ဖြေခဲ့တယ် အတန်ကြာတဲ့ အထိထိုင်နေခဲ့တယ် အတန်ငယ်ကြာတော့ သူ့အဖေက ဘေးက ဖုန်းကို ကောက်ကိုင်ပြီးတော့ သူမ အကိုကို ဖုန်းလှမ်းခေါ်ပြီး အိမ်ကိုပြန်လာဖို့ပြောလိုက်တယ်

ထပ်ပြီးတဖန်Where stories live. Discover now