Can You Smile?

504 29 3
                                    

ကျွန်တော် ငိုင်ပြီးထိုင်နေမိတာ ဘယ်လောက်မှန်းတောင်မသိဘူးတော့ ဒီ၂ရက်အတွင်းမှာပဲ ကျွန်တော်တစ်ခုပြီးတစ်ခုကြုံတွေ့လိုက်ရတာ လွန်ခဲ့တဲ့ ၁၅နှစ်မှာရှောင်နေခဲ့မိတဲ့ နာကျင်မှုတွေအကုန် တခုပြီးတစ်ခု ဆက်တိုက်တန်းစီကြုံလိုက်ရသလိုပဲ ဂရေ့စ်ကျွန်တော့်ကို ဒါဏ်ခတ်နေတာလား ကလေးမွေးတုန်းကလည်း ကျွန်တော်မွေးပြီးမှ အဖေအတင်းခေါ်လို့ဆေးရုံကို ကျွန်တော်နောက်ကျမှရောက်သွားတာ ကျွန်တော်ရောက်တဲ့ အချိန်မှာ ဂရေ့စ်က အရမ်းပင်ပန်းလို့ အိပ်နေပြီ ကျွန်တော် ဆေးရုံခန်းထဲကထွက်ပြီး ကလေးတွေထားတဲ့နေရာကိုသွားကြည့်တော့ ကလေးတွေက ကျန်းကျန်းမာမာနဲ့ အဆင်ပြေတယ်လို့ ဂရေ့စ်အဖေကပြောတယ် စိတ်မပူဖို့ကောပေါ့ ကျွန်တော်စိတ်မပူခဲ့ပါဘူး စိတ်မဝင်စားခဲ့ဘူးပေါ့ပြောရရင် အဖေနဲ့အမေတို့ကတော့ ပျော်နေကျတယ် သူတို့‌ြေမးလေးတွေဘယ်လောက်ချောကြောင်း အဖေနဲ့ဘယ်လိုတူကြောင်း အမေနဲ့ဘယ်လောက်တူကြောင်းပြောနေတယ် ကျွန်တော့်ကိုလည်းဂုဏ်ယူကြောင်းပြောကျတယ် ကျွန်တော်အဲ့တစ်ခေါက်ပဲဆေးရုံရောက်ဖြစ်တယ် နောက်ပိုင်းဆေးရုံဆင်းတဲ့အထိအကြောင်းအမျိုးမျိုးပြပြီးမသွားဖြစ်ဘူး ဆေးရုံကဆင်းတော့လည်း ဂရေ့စ်ကိုအမေက ခေါ်ထားခဲ့တယ် အဲ့တုန်းကလည်းကျွန်တော် အလုပ်များတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ‌ေရှာင်နေမိတယ် ဂရေ့စ်အဖေ ရောဂါဖြစ်တော့ အကုန်လုံးက အတော်တော်ရောဂါကျွမ်းမှသိကျတာ ဂရေ့စ်က သူ့အဖေကိုစောင့်ရှောက်ဖို့ အတွက် Aနိုင်ငံကို သူ့အဖေနဲ့အတူထွက်သွားခဲ့တယ် ၆လလောက်ကြာတော့ သူ့အဖေဆုံးသွားတော့မှ ကျွန်တော်လိုက်သွားဖြစ်ခဲ့တယ် အဲ့တုန်းက အစစအရာရာ ဂရေ့စ်စီမံခဲ့တာ ကျွန်တော်ကဘေးကနေကြည့်ပြီး ဂရေ့စ်ကို တော်တော်သွေးအေးတဲ့မိန်းမလို့တွေးမိသေးတယ် Aနိုင်ငံမှာပဲ ဈာပနကိုကျင်းပတော့ ဂရေ့စ်ရဲ့အသိုင်းအဝိုင်းအကုန်လာကျတယ် ဂရေ့စ်ကိုနှစ်သိမ့်ပေးတယ် အားပေးကျတယ် ဂရေ့စ်က တည်တည်ငြိမ်ငြိမ်နဲ့ပဲတုန့်ပြန်ခဲ့တယ် ကျွန်တော်မသိခဲ့ဘူး ဂရေ့စ်ဘယ်လောက်ခက်ခဲခဲ့မှန်း ဈာပနပွဲပြီးတော့ ကျွန်တော်တန်းပြန်လာခဲ့တယ် ဂရေ့စ်ကတော့ တလလောက်ထပ်နေပြီးမှပြန်လာခဲ့တယ် အဲ့တုန်းက Green Group အတွက် စီမံစရာရှိတာတွေစီမံဖို့ကို ကျွန်တော်စိတ်မဝင်စားခဲ့ဘူး ကျွန်တော်နေနိုင်ခဲ့တာပေါ့ ကျွန်တော်သိတာ ကျွန်တော့်ပျော်ရွှင်မှုကို ဂရေ့စ်ဖျက်စီးခဲ့တာ အဲ့တော့ ဂရေ့စ်ပျော်သည်ဖြစ်စေ ဝမ်းနည်းသည်ဖြစ်စေကျွန်တော်နဲ့မဆိုင်ဘူး ဂရေ့စ်နေရာမှာ အိန်ဂျယ်ဆိုရင်ကော ကျွန်တော်ပျော်မှာလား ခုက ကျွန်တော်ပျော်တာမပျော်တာနဲ့မဆိုင်‌ေတာ့ဘူး ကျွန်တော်နာကျင်အောင်လုပ်မိနေဦးမှာလား အိန်ဂျယ် အသက်ရှင်နေတယ် အခုချိန်မှာ ဒါပေမဲ့ ဂရေ့စ်ကကော ကျွန်တော်ပေးခဲ့တဲ့ဒဏ်ရာတွေက ပျောက်နိုင်ပါ့မလားပဲ ကျွန်‌ေတာ်သိပ်ကလေးဆန်ခဲ့တယ် ကျွန်တော်ခုထိလည်းကလေးဆန်နေတုန်းပဲ ဂရေ့စ်ကို ကျွန်တော်လက်လွှတ်ရမယ် ကျွန်တော်အတ္တကြီးကြီးနဲ့ ဂရေ့စ်က ကျွန်တော့်ကိုလက်မလွှတ်တာလို့အကြောင်းပြပြီး ကျွန်တော်က ဂရေ့စ်ကို ဆုပ်ကိုင်ထားခဲ့တာ ခုလည်း သူ့ကို ကျွန်တော်ဆုပ်ကိုင်ဖို့ ကြိုးစားနေမိတယ် အခုဂရေ့စ်က ကျွန်တော့ပျော်ရွှင်မှုကိုပြန်ပေးလိုက်ပြီလေ အဲ့အတွက် ကျွန်တော် ကိုယ့်ကိုကိုယ်ပြန်မေးဖြစ်တယ် 'ဂျက် မင်း ပြုံးနိုင်ပြီလား' ဆိုပြီးတော့ပေါ့

ထပ်ပြီးတဖန်Where stories live. Discover now