နေဝင်ချိန်

543 32 1
                                    

နေ့လည်စာစားပြီးတော့ ကျွန်တော်တို့ ခဏနားကျတယ် ကျွန်တော်နဲ့ ဟင်နရီနဲ့က တစ်ခန်း ဂရေ့စ်နဲ့ အိန်ဂျယ်နဲ့က တစ်ခန်းပေါ့ နားတဲ့ အချိန်မှာ ဟင်နရီက မိန်းကလေးတွေ အခန်းဘက်ကိုကူးပြီး မိန်းကလေးတွေနဲ့အဖွဲ့ကျနေတယ် ကျွန်တော့်ကိုလည်းခေါ်ပေမဲ့ ကျွန်တော်သိပ်နေလို့မကောင်းဖြစ်နေတော့ အခန်းထဲမှာပဲနေခဲ့တော့မယ်ဆိုပြီးကျန်နေခဲ့တာ အရမ်းတော့မကြာလိုက်ပါဘူး ဟင်နရီ အခန်းထဲပြန်ရောက်လာတယ် ပြီးတော့ တန်းပြီးအိပ်သွားလိုက်တာဆိုတာ ကျွန်တော်ကတော့ အိပ်တာအိပ်လို့မရဘူး အဲ့ဒါနဲ့ပဲ ကျွန်တော် လေကောင်းလေသန့်ရှူရအောင် အပြင်ကိုထွက်လာခဲ့တယ်
ကျွန်တော် အပြင်ကိုရောက်တော့ Hoodie ဝတ်ထားတဲ့ Grace တစ်ယောက်ထဲ သဘေင်္ာမှာ ကာထားတဲ့ တန်းပေါ်မှာထိုင်ရင်း ဆေးလိပ်ထိုင်သောက်နေတာကို တွေ့ရတယ် ကျွန်တော်သူ့အနားကို ချဥ်းကပ်သွားတော့ ဂရေ့စ်က သူ့ကိုလှည့်ကြည့်ရင်း ဆေးလိပ်မီးခိုးငွေ့ကို မှုတ်ထုတ်လိုက်တယ် ပြီးတော့ သူ့ကိုပြုံးပြပြီး ဆေးလိပ်ဘူးကို သူ့ကိုကမ်းပေးတယ် သူက ဂရေ့စ်ကိုပြန်ပြုံးပြပြီးတော့ ဂရေ့စ်ကမ်းပေးတဲ့ ဆေးလိပ်ဘူးက တစ်လိပ်ကိုယူပြီးပါးစပ်မှာ တပ်လိုက်ပြီးတော့ ဂရေ့စ်နားကိုတိုးပေးလိုက်တော့ ဂရေ့စ်ကသူ့ကို ဆေးလိပ်မီးညှိပေးတယ် သူနဲ့ ဂရေ့စ် ခဏလောက်ငြိမ်သက်နေပြီးတော့ သူက ဂရေ့စ်ကို " ဂရေ့စ် ဆေးလိပ်သောက်တက်တာ ကြာပြီလား" ဆိုပြီး စကားစလိုက်တယ် ဂရေ့စ်က "ကြာပြီလို့ပြောရမှာပေါ့ ၁၇နှစ်လောက်ရှိပြီ" လို့ပြောရင်းရယ်လိုက်တယ် သူက ဂရေ့စ်ကိုပြန်ပြီး " အကို ဂရေ့စ်ဆေးလိပ်သောက်တက်မှန်းမသိခဲ့ဘူး ဂရေ့စ်သောက်တာ အကိုမှတ်မိသလောက်ပေါ့"ဆိုတော့ ဂရေ့စ်က " ဂရေ့စ် အကို့ရှေ့မှာ မသောက်တာပါ ကလေးတွေရှေ့ကောပဲ တယောက်ထဲရှိတဲ့ အချိန်တွေဆိုသောက်ဖြစ်တယ် အဲ့ဒါကြောင့် အိမ်ကိုလေဝင်လေထွက်ကောင်းအောင် ဆောက်ထားပြီးတော့ လာဗန်ဒါအနံ့ အမြဲမွှေးနေအောင်လုပ်ထားတာလေ ဆေးလိပ်နံ့ပျောက်အောင်" ဆိုပြီးပြောပြီးတာနဲ့ ဂရေ့စ်က သူ့ရဲ့ ကုန်ခါနီးဆေးလိပ်ကို အောက်ကိုပစ်ချပြီး ခြေထောက်နဲ့ မီးကို နင်းသတ်ပြီးတော့ အမှိုက်ကိုပြန်ကောက်ပြီး အမှိုက်ခြင်းနေရာကို သွားပစ်လိုက်တယ်ပြီးတော့ အဲ့နားမှာပဲ သွေးပူလေ့ကျင့်ခန်းလုပ်ပြီးတော့ Hoodie ကိုချွတ်ပစ်လိုက်ပြီး two piece နဲ့ပဲ ပင်လယ်ထဲကို ခုန်ချသွားတယ်
ဂရေ့စ်ကတော့ ပင်လယ်ထဲမှာအေးအေးဆေးဆေးပဲ တစ်ယောက်ထဲရေစိမ်နေတယ် သူ့ကိုလည်းအဖော်လုပ်ကူးဖို့ဘာဖို့တို့ခေါ်တာမျိုးလည်းမရှိပဲနဲ့သူ့ဟာသူ အေးဆေးကူးနေတာ အဲ့တော့ သူလည်းလိုက်မသွားတော့ပဲ အပေါ်မှာပဲအေးဆေး ဆေးလိပ်လေးသောက်ရင်း ပင်လယ်ကြီးကိုကြည့်ရင်းနေနေတော့တယ် သူဆေးလိပ်ကုန်ခါနီးတော့ ဆေးလိပ်ကိုကြည့်ရင်းစိတ်ချဥ်ပေါက်ပေါက်နဲ့တွေးနေမိတာက 'ဝါး ငါတကယ်ပဲ ကိုယ့်ကိုကိုယ်တော်တော် အထင်ကြီးနေခဲ့မိတာပါလား လာဗင်ဒါနံ့ ဆေးလိပ်နံ့ပျောက်အောင်တဲ့လား ဂျက် ဂျက် မင်းက သူ့ကိုတချိန်လုံး မင်းရဲ့အပြစ်သားဆိုပြီး လေကြီးလေကျယ်တွေ ကိုယ့်ကိုကိုယ်ဟုတ်လှပြီထင်နေတာ'
အဲ့အချိန်မှာပဲ ဂရေ့စ်ရေထဲက တက်လာပြီး အသင့်ထားထားတဲ့ သဘက်နဲ့ ရေသုတ်ပြီးတော့ ချွတ်ထားခဲ့တဲ့ Hoodie ကိုပြန်ဝတ်ပြီးသူ့နားကို ပြန်လျှောက်လာတယ် ပြီးတော့သူ့ကို " အရင်တုန်းကလည်း အကိုနဲ့ညီမ တူတူရှိနေပေမဲ့လည်း ကိုယ့်ဒဏ်ရာနဲ့ကိုယ် ကိုယ့်လမ်းကိုယ်လျှောက်ခဲ့တာပဲ အခု အကိုကောညီမကော ဒဏ်ရာတွေကိုပြန်အဖက်ဆည်နိုင်တဲ့ အခွင့်အရေးရနေတာပဲ အခုက ညီမတို့ကျေးဇူးတင်ပြီးတော့ ကောင်းကောင်းအသုံးချရမှာပေါ့ ညီမလေ အကို့ကို အမြဲတမ်းကျေးဇူးတင်နေတယ်ဆိုတာတော့ အကိုသိစေချင်တယ် ဘာလို့ဆို ကုန်ဆုံးခဲ့တဲ့ ၁၅နှစ်တုန်းက အကိုလည်းဒဏ်ရာတွေရှိခဲ့တယ် ဒါပေမဲ့ အကိုဘယ်လောက်နာကျင်နေရပါစေ ညီမနားမှာရှိနေခဲ့တယ် အင်းပေါ့လေ အကြောင်းပြချက်ပေါင်းစုံနဲ့ အကိုကော ညီမကော အချင်းချင်းဒဏ်ရာတွေပေးရင်းဖက်တွယ်နေခဲ့ကျပေမယ့် အကိုရှိခဲ့တာတင် ညီမအတွက် အရမ်းကြီးမားတဲ့ အင်အားဖြစ်ခဲ့တယ်ဆိုတာတော့ အကို့ကိုသိစေချင်တယ်" ဂျက် ပြန်ပြောဖို့ လုပ်ပေမဲ့ ဂရေ့စ်ကဆက်ပြီး " ညီမ ဒီအကြောင်းကို ညီမဒီကိုရောက်ကတည်းက အကို့ကိုပြောချင်ခဲ့တာ ပြောဖို့အခွင့်မကြုံခဲ့လို့ ခုနကပြောဖို့ အခွင့်ကြုံလာတော့လည်း ညီမစဥ်းစားနေခဲ့တာ အဟောင်းတွေအသစ်ဖြစ်နေမလားလို့ ဒါပေမဲ့ ညီမအခုမှမပြောရင် ဘယ်တော့မှပြောစရာအကြောင်းရှိတော့မှာမဟုတ်ဘူးလေ အွန်း ညီမပြောစရာတော့ ကုန်သွားပြီ ရေသွားချိုးလိုက်ဦးမယ်" လို့ပြောပြီး သူ့လက်ထဲက မီးကုန်နေတဲ့ ဆေးလိပ်ခွံကို ယူသွားပြီး အတွင်းခန်းဘက်ကို လျှောက်သွားတယ် သူခဏတွေပြီးကျန်ခဲ့တယ် သူ့ဘက်ကလည်း ဂရေ့စ်ကိုပြောစရာတွေရှိသေးတယ်လေ ဂရေ့စ်ဘက်က ကြေလည်ပြီးလို့ပြောပေမဲ့ သူ့မှာပြန်ပြောဖို့ စကားတွေကော အတွေးတွေကောက ရှုပ်ထွေးတာထက်ရှုပ်ထွေးကုန်တယ် ဂရေ့စ်က သူ့ကိုကျေးဇူးတင်ပါတယ်တဲ့ ဘာကိုကျေးဇူးတင်ရမှာလည်း သူလျစ်လျူရှုခဲ့တဲ့အတွက်ကျေဇူးတင်တာလား သူဂရေ့စ်ကို နာကြင်အောင်လုပ်မိလို့ကျေးဇူးတင်တာလား သူဂရေ့စ်ကို သေအောင်ကျိန်ဆဲမိခဲ့တာတွေအတွက်လား အဲ့ဒါတွေအတွက်ဆိုသူက ဂရေ့စ်ကို ကျေးဇူးတင်ရမှာ တောင်းပန်ရမှာလေ ဂရေ့စ်က ဟင်နရီ့သေချင်းအတွက် ဘယ်သူ့ကိုမှ အပြစ်မတင်ပဲ တယောက်ထဲခံစားခဲ့ရတာအပြင်ကို အိန်ဂျယ့်သေဆုံးမှုအတွက် တယောက်ယောက်ကို တရားခံရှာဖို့လိုနေ့တဲ့ သူ့အတွက် တရားခံဖြစ်ပေးခဲ့ရတာလေ သူကမှ ဂရေ့စ်ကိုကျေးဇူးတင်ရမယ့်လူ တောင်းပန်ရမယ့်လူလေ အဲ့ဒါ့ကြောင့် သူဂရေ့စ်ကို လှမ်းခေါ်ဖို့ ဂရေ့စ်ကိုလှမ်းကြည့်ရင်းပြင်လိုက်တဲ့ အချိန်မှာ "ဂျက်" ဆိုပြီး အိန်ဂျယ်က သူ့ကိုလှမ်းခေါ်လိုက်တယ် ဂရေ့စ်က သူ့ရှေ့က အိန်ဂျယ့်ကိုပြုံးပြနှုတ်ဆက်ပြီး အောက်ထပ်ကိုဆင်းသွားတယ် အိန်ဂျယ်က သူ့ကိုပြုံးပြရင်းသူ့ဆီကို လျှောက်လာပြီး သူ့ကိုလှမ်းဖက်ပြီးတော့ပြောတယ် "ဂျက်ရယ် ကြည့်ပါဦး နေဝင်နေတာလှလိုက်တာဆိုပြီး" သူလည်း အိန်ဂျယ်ပြောတာကိုသတိထားမိပြီးနေဝင်တာကိုလှမ်းကြည့်မိတယ် ပြီးတော့ စိတ်ထဲကနေ ' ဒီနေ့တော့ နေမင်းကြီးကပါ ကျွန်တော့ကို အစိမ်းရောင်နေရောင်ခြည်တွေ ထုတ်ပေးနေပါကောလား' လို့တွေးရင်း သူ့ရင်ခွင်ထဲက အိန်ဂျယ်ကိုပြန်ဖက်ပြီး သက်ပြင်းအကြိမ်ကြိမ်ပဲချမိနေတော့တယ်

ထပ်ပြီးတဖန်Where stories live. Discover now