Green အိမ်တော်ရဲ့ မမလေး

514 33 3
                                    

ဂရေ့စ်အိမ်ရောက်တာနဲ့ တန်းအိပ်ပြစ်လိုက်တော့တယ် ဂရေ့စ်အရင်က အဲ့လိုပင်လယ်ထဲရေသွားကူးတာမျိုးတစ်ပါတ်တစ်ခါလောက်တစ်ယောက်ထဲလုပ်နေကျပါ ဟင်နီမရှိတော့နဲ့နောက်ပိုင်း ခရီးတွေမထွက်ဖြစ်တော့ နီးနီးနားနားအဲ့ကိုပဲသွားဖြစ်ခဲ့တယ် အိမ်မှာပင်ပန်းသမျှစိတ်ကောလူကောက ပင်လယ်ထဲမှာရေအားရပါးရကူးလိုက်ရင် မပျောက်ရင်တောင်အနည်းငယ်လောက်သက်သာတယ် အတွေးတွေလည်းရှင်းအောင်ပေါ့ ဒီတစ်ခေါက်ကတော့ ပင်လယ်ထဲသွားတာ မလန်းတဲ့အပြင်စိတ်ကော လူကောနောက်ကျိရှုပ်ထွေးလာတယ် ဒဏ်ရာတွေကိုအပ်နဲ့လိုက်လိုက်ဆွသလိုပဲ အကိုနဲ့အိန်ဂျယ်နဲ့ တစ်တီတူးပြီးချစ်ကြည်နူးနေတာကို Live ထိုင်ကြည့်ရတာ အိတ်ထဲက သေနတ်နဲ့အကုန်ထုတ်ပစ်ချင်စိတ်ပါပေါက်တယ် ဟင်နီကို အဲ့အတွဲနဲ့နောက်မပါတ်သက်နဲ့လို့ပဲ ခြိမ်းခြောက်ရတော့မှာပဲ ဟင်နီ ဟင်နီ ငါတစ်ရက်လောက် ဒင်းနားမရှိလိုက်တာနဲ့ ပြဿနာကိုလှေပေါ်ထိခေါ်လာတယ် ညကျရင်လည်းထပ်တွေ့ရဦးမယ် နေမကောင်းဘူးဆိုပြီးညကျမသွားရင်ကောင်းမလား မဖြစ်သေးပါဘူး ဟင်နီဆိုတဲ့ကောင်က စိတ်မချရဘူး နောက်ပွဲတွေပါထပ်ချိန်းလာဦးမယ် ငါဒီညကိုယ်တိုင်ဇယားဖျက်ခဲ့မှရမယ် အိန်ဂျယ်ဆိုတဲ့ ကလေးမကလည်းလွယ်ကူမနေဘူးရယ် ယောက်ျားတွေများ ကိုယ့်အန္တရာယ်ကိုယ်မမြင်ကျတာတော့ ငါ့ကိစ္စမဟုတ်ပါဘူး အိပ်တော့မယ် အားရှိမှ ညကျကဲနိုင်မှာ ဆိုပြီးအိပ်လိုက်တော့တယ်

ည၇နာရီထိုးခါနီးလောက် အကိုဂျေးက ကလပ်ကိုလိုက်ပို့ပေးတယ် ပြီးတော့ ၁၁ကျော်ကျော်ပြန်လာခေါ်မယ်ဆိုပြီးပြောသွားတယ် ဂရေ့စ်ရောက်တော့ ကလပ်ကနည်းနည်းစောသေးတော့ လူသိပ်မများသေးဘူးရယ် ဒါပေမဲ့ အမောင်ဟင်နီက ဒါမျိုးဆိုတက်ကြွတယ် သူရောက်နေပြီ သူက ဂရေ့စ်ကို အပေါ်ထပ်မှာ Table ယူထားတဲ့အကြောင်းပြောပြီးစားပွဲထိုးလေးကိုလှမ်းခေါ်ပြီး ဂရေ့စ်ကို စားပွဲနေရာလိုက်ပို့ခိုင်းလိုက်တယ် သူကတော့ကောင်မလေးတွေနဲ့ကဲပြီးအောက်မှာကျန်ခဲ့တယ် စားပွဲမှာ ဂရေ့စ်တစ်ယောက်ထဲပဲရှိတယ် ဂျက်နဲ့ အိန်ဂျယ်တို့မရောက်ကျသေးဘူးနဲ့ထင်တယ် ဂရေ့စ် ကော့တေးတစ်ခွက်မှာပြီးထိုင်နေတယ် တဖြည်းဖြည်းနဲ့ကလပ်မှာလူတွေကများလာတယ် အောက်မှာကနေတဲ့လူတွေကလည်းအများကြီးပဲ အဲ့ချိန်မှာပဲ အိန်ဂျယ်နဲ့ ဂျက်တို့ဂရေ့စ်အနားကိုရောက်လာကျတယ် ပထမတော့ ဂရေ့စ်နားမှာ ၂ယောက်သားထိုင်နေကျတယ် စကားစမြည်နည်းနည်းပြောပြီး အိန်ဂျယ်က သူသွားကဦးမယ် ဂရေ့စ်ကောလိုက်ဦးမလားဆိုပြီးခေါ်တယ် ဂရေ့စ်က ခဏထိုင်လိုက်ဦးမယ်နောက်မှလိုက်လာခဲ့မယ်ဆိုပြီးပြောလိုက်တော့တယ် ဂျက်ကိုလည်းခေါ်တော့ဂျက်ကလည်း ဘီယာကုန်မှလိုက်ခဲ့မယ်ဆိုပြီးငြင်းလိုက်တယ် ဂရေ့စ်က အောက်မှာဟင်နရီရှိကြောင်း သူတို့လည်းအပေါ်ကကြည့်နေမယ်ဆိုတဲ့အကြောင်းပြောပြီး သွားခိုင်းလိုက်တော့တယ် အိန်ဂျယ်လည်းထွက်သွားကော ဂျက်က ဂရေ့စ်ကို "ညီမ အကို တစ်ခုပြောစရာရှိတယ်"လို့ပြောပြီး စကားစတယ် ဂရေ့စ်က ခေါင်းငြိမ့်ပြလိုက်တော့ ဂျက်က "တခြားတော့မဟုတ်ပါဘူး မနက်ကကိစ္စပါ အိန်ဂျယ် အပြုအမူအတွက် ညီမကို အကိုတောင်းပန်ချင်လို့ပါ"လို့ပြောလိုက်တော့ ဂရေ့စ် အရမ်းရှော့ရသွားတယ် ဘာတဲ့ တစ်မိုးအောက်တစ်ယောက်ဂျက်က ငါ့ကိုတောင်းပန်ပါတယ် အိုကေ ဒါက အိန်ဂျယ်နဲ့ ငါနဲ့ရဲ့ခြားနားချက်ကြီးပဲ အွန်းပေါ့ She is the apple of your eye ပဲ ဂရေ့စ် မအီမလည်တစ်ချက် အသံထွက်ရယ်လိုက်ပြီး "ရပါတယ် ဘာမှကြီးကြီးကျယ်ကျယ် ပြဿနာကြီးမှမဟုတ်တာ ဂရေ့စ်လည်း ပြန်မတုံ့ပြန်လိုက်တာမှမဟုတ်တာ မဟုတ်မှလွဲရော ဂျက်က ကျွန်မကို အိန်ဂျယ်ကိုပြန်တောင်းပန်စေချင်သေးတာလားမသိဘူး"ဆိုတော့ ဂျက်ကပြာပြာသလဲ"မဟုတ်ဘူး ဂရေ့စ် အကိုပြောချင်တာ အဲ့သဘောမျိုး မဟုတ်ဘူး အကိုက ဂရေ့စ် အိန်ဂျယ့်ကြောင့်စိတ်အနှောက်အယှက်ဖြစ်သွားမှာစိုးလို့ အကိုက အကို့မှာလည်းတာဝန်မကင်းဘူးထင်လို့ ဂရေ့စ်ကိုထပ်တောင်းပန်တာပါ ဂရေ့စ်တို့ ကျန်ခဲ့တဲ့ ရက်က ဧည့်ဝတ်ကျေတာအတွက်လည်း အကိုကကျေးဇူးတင်ပါတယ် ဆိုတာလည်းပြောချင်လို့ပါ" ဆိုတော့ဂရေ့စ်က "ရပါတယ် အဲ့အတွက်ဆိုရင်တော့ ဂရေ့စ်မေ့လိုက်ပါပြီ ပြဿနာမရှိပါဘူး ဒီလောက်လေးနဲ့တော့ ဂရေ့စ်စိတ်အနှောက်အယှက်ဖြစ်မသွားပါဘူး" ဂရေ့စ်နဲ့ ဂျက်နဲ့ပြောပြီး ခေတ္တကိုယ့်အတွေးနဲ့ ကိုယ်ငြိမ်သွားကျပြန်တယ် ပြီးတော့ ဂရေ့စ်က "ဂျက် အနေနဲ့ လုပ်ငန်းထူထောင်လိုက်တယ်ဆိုတာ ဂရေ့စ်ကူညီလို့ရတာရှိရင်လည်း အားမနာပါနဲ့ ဘာပဲပြောပြော မိတ်ဟောင်းဆွေဟောင်းတွေဆိုတော့ ဂရေ့စ်ကူညီမှာပါ"လို့ပြောလိုက်တယ် အဲ့တော့ ဂျက်က" အကိုကတော့ ညီမသိတဲ့အတိုင်းပဲ Cheat Code ရှိတယိဆိုတော့ အဆင်ပြေလောက်မှာပါ ဘာပဲပြောပြောဒါက အကိုလျှောက်ခဲ့တဲ့လမ်းဟောင်းဆိုတော့ အဆင်ပြေတာ မပြေတာ အကိုဆင်ခြင်နိုင်ပါတယ် ကူညီပေးမယ်ပြောတဲ့မိတ်ဆွေစိတ်ဓါတ်ရှိတဲ့ညီမကိုလည်း အကိုက အရမ်းကျေးဇူးတင်ပါတယ် အကိုလိုအပ်ရင်ပြောပါ့မယ်ဆိုပြီး"ပြန်ခနဲ့တယ် အဲ့ချိန်မှာပဲ အောက်ကနေ ခွမ်း ဆိုတဲ့ အသံကြီး တစ်ချက်ကြားလိုက်ရတယ် ပြီးတော့ အိန်ဂျယ်ရဲ့ အား ဆိုတဲ့ အသံနက်ကြီး ကြားလိုက်ရတယ် ဂျက်နဲ့ ဂရေ့စ်လန့်ပြီး အောက်ကိုလှမ်းကြည့်တော့ သန်သန်မာမာ အကောင်၂ကောင်နဲ့ ဟင်နရီ ပြီးတော့ ဘေးမှာက အိန်ဂျယ် အဲ့ထဲက တစ်ယောက်က ဟင်နီ့ကို ပုလင်းနဲ့ခေါင်းကိုရိုက်ခွဲလိုက်တဲ့ အသံ ဟင်နီ့မှာသွေးတွေနဲ့ ဂရေ့စ် ကြက်သေသေသွားတယ် ပြီးတော့ ဂရေ့စ်အောက်ကိုပြေးဆင်းသွားတယ် ပြီးတော့ လူအုပ်ကိုတွန်းထုတ်ပြီးတော့ ဟင်နီ့ဘေးကိုရောက်အောင်သွားတယ် ဟင်နီ့ရဲ့ခေါင်းက သွေးတွေစီးကျနေတဲ့ ဂရေ့စ်အရမ်းစိတ်လှုပ်ရှားနေတယ် ဟိုဘက်လူ၂ယောက်ကလည်း သူတို့လုပ်လိုက်တာအတွက်ကို ဂုဏ်ယူတဲ့ပုံနဲ့ ဟင်နီ့ကိုမိုက်ကြည့်ကြည့်နေတယ် ဂရေ့စ်အရမ်းစိတ်ဆိုးသွားတယ် ဟင်နီက သူ့ဘေးကိုရောက်လာတဲ့ ဂရေ့စ်ကိုမြင်တာနဲ့ "ဂရေ့စ် နင်အရမ်းစိတ်မလှုပ်ရှားနဲ့ ငါဘာမှမဖြစ်ဘူး နင်စိတ်ကိုလျော့လိုက် နင်စိတ်ကိုလျော့လိုက်သူငယ်ချင်း ငါဘာမှမဖြစ်ဘူး သွေးလေးပဲနည်းနည်းပဲထွက်တာ"ဆိုပြီးပြောတယ် ဒါပေမဲ့ ဂရေ့စ် ဟင်နီပြောတာတွေတစ်ခုမှမကြားတော့ဘူး ဟိုဘက်က ၂ယောက်ထဲကတစ်ယောက်က "ဘာလည်းမင်းက အမေခေါ်လာတာလား အမေရောက်တာနဲ့ အမေနောက်ကိုပြေးပုန်းတာလား ခုနတော့ ကယ်တင်ရှင်ကြီးလိုလို ဘာလိုလိုနဲ့ မိုးလားကဲလားနဲ့ ခုမှဘာကြောက်ပါပြီလဲ"ဆိုပြီးပြောတဲ့ အချိန် ဂရေ့စ် အိပ်ထဲကနေသေနတ်ထုတ်ပြီး ပုလင်းကွဲကိုင်ထားတဲ့တစ်ယောက်ကိုချိန်လိုက်တယ် အကုန်လုံးလန့်သွားတယ် ဟင်နီက ဂရေ့စ်ကိုဘေးကနေပြီး စိတ်လျော့ဖို့တစ်ဖွဖွပြောတယ် ဟိုဘက်က မိုးလားကဲလားပြောနေတဲ့အကောင်လည်း သေနတ်ကိုမြင်တော့ ငြိမ်သွားတယ် ဘေးက တစ်ကောင်က ပုလင်းကွဲကိုင်ထားတဲ့ကောင်ကို ပြန်ရအောင် ဒီတိုင်းထားလိုက်တော့ ဆိုပြီးပြောနေတယ် ပုလင်းကွဲနဲ့တစ်ယောက်က ပထမကြောင်နေရာကနေ သတိဝင်လာပြီး "မင်းကလည်းကွာ ဘာကြောက်စရာရှိလို့လဲ သေနတ်က အတုကြီးနေမှာပေါ့"ဆိုပြီးပြောတော့ ဂရေ့စ်က သေနတ်မောင်းကိုတင်ပြီး မိုးပေါ်ကိုတစ်ချက်ပစ်ပြလိုက်တယ် ပြီးနောက် မောင်းတစ်ချက်ထပ်တင်ပြီး ပုလင်းကွဲနဲ့ကောင်ကိုထပ်ချိန်ထားလိုက်တယ် ပုလင်းကွဲနဲ့ကောင်ဒူးထောက်ပြီး ဂရေ့စ်ကိုတောင်းပန်တယ် သူမှားသွားတယ်ဆိုတဲ့အကြောင်း နောက်တစ်ခါအဲ့လိုမလုပ်ရဲတော့ကြောင်း သူ့ကို ဟိုအမျိုးသမီးက မြူစွယ်တာဖြစ်ကြောင်း အိန်ဂျယ့်ကိုလက်ညှိုးထိုးရင်းပြောတယ် ဆက်ပြီးသူက ဒီလောက်ကိစ္စကြီးသွားမယ်လို့မရည်ရွယ်ကြောင်း သူတောင်းပန်ပါတယ် ဆိုတဲ့အကြောင်းပြောတယ် ဂရေ့စ်က သေနတ်ကိုင်ထားရင်းရှေ့ကို တလှမ်းထပ်တိုးတယ် သူမရှေ့မှာ ဟင်နီက ဝင်ပိတ်ပြီးရပ်လိုက်တယ် ပြီးတော့ သူမလက်ထဲက သေနတ်ကိုဆွဲတယ် ဂရေ့စ်က လက်ကိုတောင့်ထားပြီး ဟင်နီ့ကိုပြောတယ် "နင် ဖယ်နေ" ဆိုပြီးတော့ အဲ့အချိန်သူမတို့နားမှာ ကလပ်လုံခြုံရေးတွေရောက်လာနေနှင့်ပြီ အကုန်လုံးက သူမနားမှာ သေနတ်နဲ့မို့ကပ်မလာရဲသေးတာဖြစ်တယ် ဟင်နီက "ဂရေ့စ် လူတွေလည်းရှိတယ် ငါလည်းအပေါ်ယံဒဏ်ရာပဲရှိတယ် နင်ခု တခုခုလုပ်လိုက်ရင် အကုန်လုံးပိုဆိုးကုန်လိမ့်မယ် ဂရေ့စ် ငါ့ကိုဆေးခန်းပို့ပေး ငါနင်နဲ့တူတူဆေးခန်းသွားမယ်"ဆိုပြီးပြောတော့မှာ ဂရေ့စ်လက်ကကိုင်ထားတဲ့ သေနတ်ကိုလျော့ပေးလိုက်တယ် အဲ့တော့ ဟင်နီ ဂရေ့စ်ဆီကသေနတ်ကိုယူပြီး မောင်းကိုပြန်ဖြုတ်ပြီး သူ့ဆီမှာသိမ်းလိုက်တယ် အဲ့ချိန်မှာ ကလပ်လုံခြုံရေးတွေက သူတို့အနားဝိုင်းလာကျတယ် သူတို့ကိုချုပ်မယ်ဆိုပြီး အဲ့ချိန်မှာဂျက်က "ဘာမှမဖြစ်တော့ဘူး ကျွန်တော်တို့လည်းခု သွားတော့မှာ အေးဆေးသွားမှာပါ အဲ့တော့ အားလုံးစိတ်အေးအေးထားစေချင်ပါတယ်" ဆိုပြီး ဂရေ့စ်ပုခုံးကို လှမ်းဖက်ပြီး ထွက်ဖို့ပြင်တယ် ဒါပေမဲ့ လုံခြုံရေးတွေက ဝိုင်းလာပြီး အဲ့ထဲက ခေါင်းဆောင်ဖြစ်သူက "ကျွန်တော်တို့ကို သေနတ်အပ်ပေးပါ ဒီမှာ လူသေနိုင်လောက်တဲ့ ကိစ္စမျိုးဖြစ်သွားတာပါ နောက်ပြီး ဒီကသခင်လေး ၂ယောက်ကိုလည်းတောင်းပန်စေချင်ပါတယ် မဟုတ်ရင် ကျွန်တော်တို့ အင်အားသုံးရပါလိမ့်မယ်"ဆိုပြီးပြောတော့ ဂရေ့စ်က "ဘယ်သူက တောင်းပန်ရမှာလဲ ငါတို့ကလား နင်ငါတို့ကိုဘယ်သူထင်နေတာလဲ ပိုင်ရှင်ကိုထွက်လာခိုင်းလိုက်ပါ" ဆိုတော့ ထိုလူက "ကျွန်တော်တို့ပိုင်ရှင်က ဒီနိုင်ငံရဲ့ အင်အားကြီးလူတစ်ယောက်ပဲ ခင်ဗျားတို့ခေါ်ချင်တိုင်းခေါ်လို့မရဘူး" လို့ပြောတော့ ဂရေ့စ်က "အပေါ်မှာရှိတယ်မလား နင်တို့ပိုင်ရှင်က"လို့ပြောပြီးဘေးမှာရှိနေတဲ့ လုံခြုံရေးကိုဆောင့်တွန်းပြီး စင်ပေါ်တက်သွားတယ် ပြီးတော့ DJ စင်က မိုက်ကို ကောက်ကိုင်ပြီး"ဒေးဗစ် နင်အပေါ်မှာမလား ခဏဆင်းခဲ့"ဆိုပြီး အော်ခေါ်တယ် ခဏကြာတော့ အပေါ်ကနေ လူငယ်တစ်ဦးဆင်းလာတယ် လူငယ်က အနားရောက်လာတော့ "ဂရေ့စ် "ဆိုပြီး ပြောတော့ လုံခြုံရေးခေါင်းဆောင်ထင်ရတဲ့လူက ဖြစ်စဉ်အကျဉ်းချုပ်ကို လူငယ်အားပြောပြလေသည် လူငယ်က ထိုလူအား" ခင်ဗျားကို အလုပ်ဖြုတ်လိုက်ပြီ မနက်ဖြန်ကစပြီးမလာနဲ့တော့ ဒီနေ့၃လစာကျွန်တော်ကြိုပေးလိုက်မယ်"ဆိုပြီးပြောလိုက်တော့ ထိုလူကြီးလန့်သွားပြီး "ကျွန်တော့် အလုပ်ကျွန်တော်လုပ်တာ ဘာများမှားသွားလို့လဲ"ဆိုပြီးပြောတော့ လူငယ်က "Green အိမ်တော်က မမလေးကို မထီမဲ့မြင်လုပ်မှု နောက် ထိခိုက်တဲ့လူကိုပြန်ပြီးတောင်းပန်ခိုင်းမှုရယ်နဲ့ စစချင်းလူထိခိုက်ကတည်းက မင်းတို့ တားရမှာ မင်းတို့နောက်ကျလို့ ငါ့မျက်နှာပျက်ရတော့မယ် အဆိုးဆုံးကတော့ ခင်ဗျားလူမှားထိတာပဲ နောက်ပြီးဟိုလူမိုက်၂ကောင်က ဒီမှာရပ်နေတဲ့ ဒီလူသုံးယောက်နဲ့ယှဉ်ရင် ဖုန်လောက်တောင် တန်ဖိုးမရှိဘူး"ဆိုတော့ လုံခြုံရေးခေါင်းဆောင်က "မမလေး ကျွန်တော်တောင်းပန်ပါတယ် ကျွန်တော့်အပြစ်တွေပါ အကုန်လုံးက"ဆိုပြီး တောင်းပန်တယ် ဂရေ့စ်က "ဒေးဗစ် နင်တို့ကိစ္စ ငါစိတ်မဝင်စားဘူး ငါအခု ဟင်နီ့ကို ဆေးရုံပို့ကမယ် လမ်းဖယ်ပေး နောက်ကိစ္စကတော့ နင်ကြည့်ရှင်းလိုက် ဟိုနှစ်ကောင်ကတော့ ငါ့မျက်စိရှေ့ဘယ်တော့မှပေါ်မလာစေနဲ့" ဆိုတော့ ဒေးဗစ်က "အေး ငါ ကားအသင့်ပြင်ပေးထားတယ် ရှေ့မှာ"ဆိုပြီးပြောတာနဲ့ ဂရေ့စ် ဟင်နီ့ကိုခေါ်ပြီး ထွက်သွားတယ် ဂရေ့စ်နောက်ကို ဂျက်ကလိုက်သွားတယ် အဲ့တော့မှ ဖြူဖျော့ပြီးဂျောင်ကပ်နေတဲ့ အိန်ဂျယ် အလန့်တကြားနဲ့ ဂျက်နောက်ကို ပြေးလိုက်သွားတယ် အရှေ့မှာစောင့်နေတဲ့ကားက ဂရေ့စ်တို့ကိုမြင်တာနဲ့တံခါးဖွင့်ထားတယ် ဂရေ့စ်က ဖွင့်ထားတဲ့တံခါးကနေ ဟင်နီ့ကို အရင်တက်ခိုင်းနေတုန်း နောက်ကဂျက်က "ဂရေ့စ် ခဏစောင်ဦး"ဆိုပြီးလှမ်းအော်တော့ ဂရေ့စ်လှည့်ကြည့်ဖြစ်တယ် ဂရေ့စ်လှည့်ကြည့်တဲ့အချိန်မှာ ဂျက်ရဲ့နောက်ကနေ ဒယောသောပါးလိုက်ပြေးလာတဲ့ အိန်ဂျယ်ကိုမြင်တာနဲ့ ဂရေ့စ်ကားပေါ်တက်ပြီး တံခါးပိတ်ပြီး ကားဆရာကိုမောင်းခိုင်းလိုက်တော့တယ်

ထပ်ပြီးတဖန်Where stories live. Discover now