မိုးရေတွေနဲ့ ၂

557 25 2
                                    

သူမတို့၂ယောက်အဆောင်ကိုပြန်လာတဲ့လမ်းမှာ မိုးကလည်းတော်တော်သည်းနေတုန်းပဲ သူ့ထီးက သူမထီးထက်တော့ကြီးပြီးခိုင်တဲ့ပုံပေါ်ပေမဲ့ ၂ယောက်လုံး လုံးဝမစိုဖို့ကတော့ မဖြစ်နိုင်ဘူး အဲ့တော့ ၂ယောက်လုံး စိုလာကျတယ် အမှန်ဆို မေဂျာဆောင်နဲ့ ကျောင်းသားရေးရာဆောင်က ဒီလောက်ဝေးလှတဲ့နေရာတော့မဟုတ်ဘူး ဒါပေမဲ့နည်းနည်းတော့ လျှောက်ရတယ် ဂရေ့စ်ဒီနေ့စီးထားတဲ့ ဖိနပ်ကလည်း ဒေါက်ကနည်းနည်းမြင့်တော့ မိုးတောထဲလမ်းလျှောက်ရတာ သိပ်မဆင်မပြေလှဘူး ဒါပေမဲ့ သူက ညိှပြီးဖြည်းဖြည်းပဲ ထိန်းပြီးလျှောက်ပေးတယ် ဂရေ့စ်စိတ်ထဲတွေးနေမိတာက ' ကောင်လေးက ငယ်ပေမယ့်တော်သားပဲ တဖက်သားကိုငဲ့တက်တယ် မဆိုးဘူး လူကောင်းလေး' ဆိုပြီးတော့ပေါ့ ဂရေ့စ်က သူ့ဘာသူတွေးရင်း သူ့ဘာသာသူ မျက်နှာမှာပြုံးနေမိတယ် ဂရေ့စ်ပြုံးတာကိုမြင်တော့ ကောင်လေးကထီးလေးကို ဂရေ့စ်ဘက်ကို ထပ်စောင်းပြီးတော့ ဆောင်းပေးတယ် ဂရေ့စ်က ထီးကိုင်းကိုကိုင်ပြီး ကောင်လေးဘက်ကိုပြန်စောင်းလိုက်ပေးတယ် နောက်ကောင်လေးကို ကြည့်ပြီးပြုံးပြပြီးပြောလိုက်တယ် "ဟိုနားဆိုရောက်နေပြီပဲ ရပါတယ်"ဆိုပြီးပြောတော့ သူကခေါင်းပဲပြန်ငြိမ့်ပြတယ်လေ ခဏကြာတော့ မေဂျာဆောင်အောက်ကိုရောက်လာတယ် သူက ဂရေ့စ်ကိုနှုတ်ဆက်ပြီးတော့ အ‌ေပါ်တက်ဖို့ ပြင်တုန်းဂရေ့စ်ကသူ့ကိုပြန်လှမ်းခေါ်ရင်း " အကို နာမည်လေးပြောခဲ့လို့အဆင်ပြေမလား မသိဘူး" ဆိုတော့ သူက ပြုံးပြီးတော့ "Lowe ပါ" လို့ပြောပြီးတော့ သူအပေါ်ကိုတက်သွားတယ် ဂရေ့စ်ကလည်း သူ့ကိုပြုံးရင်းခေါင်းလေးငြိမ့်ပြီးနှုတ်ဆက်လိုက်တယ် ပြီးတော့သူ့အတန်းဘက်ကို ထွက်လာခဲ့လိုက်တယ်

အတန်းကို လှမ်းကြည့်လိုက်တော့ ဆရာမကစာသင်နေတာတော်တော်တောင်ကြာနေပြီ သူဝင်သွားဖို့ကလည်းအားနာစရာတွေဖြစ်တော့မယ် ဆက်စောင့်ရအောင်လည်းသူမ အခြေအနေကဆက်စောင့်ဖို့အဆင်မပြေတော့ ဒါနဲ့ပဲသူမ နောက်ပေါက်ကနေဝင်ခဲ့တယ် ဆရာမက နောက်ပေါက်ကနေဝင်လာတဲ့သူမကိုလှမ်းကြည့်နေတယ် အဲ့ဒါနဲ့သူမ လက်ညိုးကိုမေးနားကပ်ပြီးခွင့်တောင်းခဲ့တယ် ဆရာမကခေါင်းငြိမ့်ပြလိုက်တော့ သူမနောက်ပေါက်ကနေပဲဝင်လာခဲ့တော့တယ် သူမဝင်လာတဲ့အချိန်မှာကျောင်းသားတွေအကုန်လုံးက သူမကိုလှည့်ကြည့်ခဲ့ကျတယ် ရေတွေရွှဲရွှဲစိုပြီး ယောကျာ်းကုတ်အင်္ကျီကြီးဝတ်ထားပြီးတော့ ဒေါက်အထူကြီးဝတ်ထားတဲ့ အရပ်ရှည်ရှည်နဲ့ကောင်မလေးက ဘယ်လိုကြည့်ကြည့်ထင်းထွက်နေတာပဲလေ အဲ့ဒါကိုနောက်ကျပြီးရောက်ချလာတော့ အကုန်လုံးကထူးဆန်းပြီးလှည့်ကြည့်ကျတာပေါ့ အရင်တစ်ခေါက်တုန်းက သူမက ရေခဲဘုရင်မ ရေခဲမင်းသမီးဆိုပြီး လူတွေသူမကိုလိုက်ကြည့်ကျတယ် ခုကျဒီကိုပြန်ရောက်ခါစတုန်းက နိုင်ငံခြားက ကျောင်းသူမိတ်ကပ်နဲ့ဖက်ရှင်က လူကိုမကြည့်ပဲမနေနိုင်အောင်ရယ် စေ့စေ့ကြာကြာမကြည့်ရဲအောင်ဖြစ်စေတာကြောင့်လည်း ဝိုင်းကြည့်ခံရတယ်ဆိုတော့ သူမကလူကြည့်ခံရတာ သိပ်ထူးဆန်းတဲ့ကိစ္စတော့မဟုတ်တော့ဘူး သူမမြန်မြန်ဆန်ဆန်ပဲသူမနေရာကိုရောက်သွားတော့ ဟင်နီက "ငါစိတ်ပူနေတာ နင်ထွက်သွားပြီးသိပ်မကြာဘူး မိုးကဝုန်းဒိုင်းချတာဆိုတော့ ငါလိုက်လာမလို့ပဲဆရာမကဝင်လာတော့ ငါလည်းနင်သိပ်မကြာလောက်ဘူးဆိုပြီးလိုက်မလာလိုက်တာ နင်ကကြာလိုက်တာ ၂ချိန်ကိုကုန်သလောက်ဖြစ်နေပြီ တကိုယ်လုံးလည်းရွှဲလို့ နင်ဘယ်သူ့အင်္ကျီကြီးဝတ်လာတာတုန်း " ဆိုတော့ ဂရေ့စ်က သူမဖိနပ်ကိုထိုးပြပြီးတော့ "ဒါကြောင့်လေ မြန်မြန်လျှောက်လို့မရတာရယ် ထီးကလည်း ၃ခါလောက်လန်ပြီး ခုသုံးစားမရအောင်ပဲဖြစ်နေပြီ အင်္ကျီက စီနီယာတစ်ယောက်ကငှားပေးလိုက်တာ ငါပြန်ထွက်ချင်နေပြီ ငါကားသော့မပါသွားလို့ပြန်လာယူတာ တော်တော်အေးနေပြီ အိမ်ပြန်တော့မလားလို့"ဆိုတော့ ဟင်နီက " နင်ခုလေးတင်ဝင်လာတာ ပြန်ထွက်ရင် ဘယ်ကောင်းမလဲ ဆရာမလည်းပြီးခါနီးပါပြီဟ ခဏလေးပဲစောင့်ပြီးရင် ငါပြန်လိုက်ပို့ပေးမယ် နင့်ကားကျောင်းမှာပဲထားခဲ့လိုက် နက်ဖြန်မှယူလိုက်တော့ နက်ဖြန်လည်းငါပဲနင့်ကိုလာခေါ်လိုက်မယ်"ဆိုတော့ သူမခေါင်းပဲငြိမ့်ပြလိုက်တော့တယ် ဒါပေမဲ့ လူကတအားအေးပြီး တဇတ်ဇတ်တောင်တုန်တယ် ဆရာမက သင်တာကိုလည်း တလုံးမှမသိတော့ဘူး ဟင်နီက သူ့ဂျာကင်ကိုချွတ်ပြီး ထပ်ခြုံထားပေးတယ် ဒါပေမဲ့တော်တော်တော့အေးသေးသည်၊၊

ထပ်ပြီးတဖန်Where stories live. Discover now