ဒီတိုင်းပဲ

525 29 1
                                    

ဒီနေ့ကျွန်တော် အိန်ဂျယ်က နောက်ကျမယ်ဆိုပြီး ဖုန်းဆက်တော့ ကျွန်တော်အတန်းထဲကိုပဲတန်းသွားဖြစ်တယ် ကျွန်တော်ရောက်ရောက်ချင်းနေရာမှာထိုင်ရင်း ဖုန်းကိုထုတ်ပြီး ဂိမ်းဆော့ဖို့လုပ်နေတုန်း ကျွန်တော်တို့ အတန်းထဲက ပြတင်းပေါက်နားမှာက ခုံမှာ အဝါရောင်ဂါဝန်ဝတ်ထားတဲ့ကောင်မလေးတစ်ယောက်ထိုင်နေတာကိုမြင်လိုက်ရတယ် အဲ့ကောင်မလေးက ပြတင်းပေါက်ကနေပြီးတော့ ကန်တင်းဘက်သွားတဲ့လူတွေကို ထိုင်ကြည့်နေတာထင်တယ် ကြည်လင်နေတဲ့ရာသီဥတုရယ် သူ့အပေါ်ြဖာကျနေတဲ့ နေရောင်လေးရယ် လေပြည်ရယ်က အရမ်းပဏာရနေတယ်ပဲပြောရမလား ၁၉၉၀ ခုနှစ်တွေက အချစ်ဇာတ်လမ်းတွေထဲမှာပါတဲ့ ဇာတ်ဆောင်မင်းသမီး ကိုမြင်ရတဲ့ ဇာတ်ဝင်ခန်းနဲ့တူတယ် သူ့လှုပ်ရှားပုံလေးတွေကို တစ်ခုချင်းတစ်ကွက်ချင်းလိုက်ကြည့်နေမိတယ် သူမ မေးထောက်လိုက်တာတွေ သူမရဲ့ ပုခုံးပေါ်မရောက်တစ်ရောက်ဖြစ်နေတဲ့ ဆံပင်ကို သပ်လိုက်တဲ့ပုံလေးတွေက အရမ်းလှတယ် အတန်းထဲမှာ တဖြည်းဖြည်းနဲ့လူတွေများလာနေပြီ ဒါပေမဲ့ သူမကတော့ သတိတောင်ထားမိတဲ့ပုံတောင်မပေါ်ဘူး အဲ့ချိန်မှာပဲ အဲ့ကောင်မလေးနားကိုကောင်လေးတစ်ယောက်ရောက်လာပြီးထိုင်လိုက်တယ် ကောင်မလေးက အဲ့ကောင်လေးထိုင်လိုက်တာနဲ့ အဲ့ကောင်လေးဘက်ကိုလှည့်လာတယ် "ဂရေ့စ်" သူအာမေဋိတ်ပါထွက်သွားမိတယ် သူအရမ်းလန့်သွားတယ်လို့တောင်ပြောလို့ရတယ် သူတမနက်လုံး စိတ်ကူးတွေယဉ်ပြီးငေးမိနေတာကလေ သူတွေးရင်းသူ့ကိုယ်သူရှက်လာတယ် ဂရေ့စ်ကတော့မသိလိုက်ပါဘူး သူမ ဟင်နရီနဲ့စကားတွေပြောနေခဲ့တာလေ

ကျွန်တော် ဂရေ့စ်ကိုမတွေ့ဖြစ်တာကြာပြီ နောက်ဆုံးတွေ့တာ မိန်းဆောင်မှာ ဂရေ့စ်ငိုနေတာကိုပေါ့

နောက်နေ့တွေမှာလည်း ကျွန်တော်ပုံမှန်အတိုင်း ကျောင်းသွားလိုက် အိန်ဂျယ်နဲ့ဒိတ်လိုက်နဲ့ ပျော်ပျော်ပါးပါးပဲဖြတ်သန်းဖြစ်ခဲ့တယ် ဟိုအရင်နေ့က ကိစ္စလည်း မေ့မေ့ပျောက်ပျောက်ပဲဖြစ်နေမိတုန်းပဲ တစ်ခုတော့ရှိတယ် အဖေကတော့ ကျွန်တော့ကို ဟိုနေ့ကတည်းကခုထိစကားမပြောသေးဘူးဆိုတာပဲ ကိစ္စတော့မရှိပါဘူး အဖေစိတ်ဆိုးပြေဖို့ ကျွန်တော့်မှာ အကြံရှိပါတယ် အခု ကျွန်တော့မှာရှိတဲ့ ငွေတွေကို စုပေါင်းပြီးတော့ စတော့ရှယ်ယာကစားဖို့ ဆုံးဖြတ်လိုက်တယ် ဘာလို့ဆို ကျွန်တော်က အနာဂါတ်ကလာတဲ့ စီးပွားရေးသမားတစ်ယောက်လေ ကျွန်တော့်မှာ Cheat Code ကရှိနေပြီးသား အဲ့တော့ကျွန်တော် ကောင်းကောင်းအသုံးချရမှာပေါ့ ကျွန်တော် Short term ကော Long term investment ကော လုပ်ဖြစ်နေတယ် ခုတောင်လက်ထဲမှာ တော်တော်စုမိပြီးပြီ ဒီ့ထက်နည်းနည်းပိုစုမိပြီးရင်တော့ ကျွန်တော်ကိုယ်ပိုင်လုပ်ငန်းထောင်ဖို့စဉ်းစားထားတယ် အခု ကျွန်တော်လုပ်ချင်တာကို Green Group ရဲ့ အထောက်အပံ့မလိုပဲလုပ်နိုင်မှာပဲ ကျွန်တော်က အနည်းဆုံး ၁၅နှစ်စာလောက် အသာရပြီးသားဆိုတော့ သူများထက်မြန်မြန်သွားနိုင်မှာပဲလေ

ထပ်ပြီးတဖန်Where stories live. Discover now