Zawgyi Version
"ကဲ....ဒီနေ့တော့ ဒီလောက်ပါပဲ၊ ဆရာမ သွားပြီနော်...."
"ကျေးဇူးတင်ပါတယ် ဆရာမ....!"
စာသင်ခန်းထဲကနေ ဆရာမထွက်သွားပြီးတာနဲ့ ဆူဆူညံညံပြန်ဖြစ်လာတဲ့ စာသင်ခန်း....။
နောက်ဆုံးတန်းရဲ့ ပြတင်းပေါက်ဘေးကခုံလေးမှာထိုင်ရင်း ထယ်ယောင်းတစ်ယောက်သာ ငြိမ်သက်နေလေသည်....။ပြတင်းပေါက်ကိုမှီရင်း အပြင်ကိုကြည့်နေမိတော့ လေအေးအေးတွေက မျက်နှာထက် ဖြတ်တိုက်လို့လာသည်။
မနေ့က မိုးမိထားမိလို့ ဖျားချင်နေတဲ့ခန္ဓာကိုယ်ကြောင့် ကိုယ်ကလည်းခပ်နွေးနွေးဖြင့်။
အင်း.... မိုးမိထားလို့ဆိုတာထက် မိုးရေထဲမှာ
ဒရမ်မာဆန်ဆန် အရူးထမိခဲ့လို့ဆိုလျှင် ပိုမှန်လိမ့်မည်.....။ဖုန်းထဲမှာ မနက်ဖြန်တွေ့ကြရအောင်လို့ပြောတဲ့ ဂျွန်လည်း မနက်ခင်းကျောင်းချိန်တစ်ချိန်သာပြီးသွားတယ်၊ အခုထိပေါ်မလာသေး။
အတွေးတွေက ဟိုတွေးဒီတွေးနှင့် ဂျွန် နဲ့ စစဆုံတဲ့အချိန်ဆီ နောက်ပြန်ဆွဲလို့သွားသည်။သူနဲ့ကိုယ် စစတွေ့တဲ့အချိန်မှာ သူရောကိုယ်ရော ငါးနှစ်သားအရွယ်ပဲရှိသေးတာ.....။
အိမ်ပြောင်းခါစမို့ အနီးအနားပတ်ဝန်းကျင်ကို စူးစမ်းချင်စိတ်နဲ့ မိဘတွေမသိအောင် လိုက်ကြည့်နေတုန်း ကလေးငိုသံလေးက နားထဲရောက်လာခဲ့သည်....။
တရားခံကတော့ ဘေးအိမ်ကရွှံ့တွေနဲ့ညစ်ပတ်ပေတူးနေတဲ့ ကောင်လေးတစ်ယောက်...."ဟိတ်.... ဘာလို့ငိုနေတာလဲ...?"
အနားသွားကာစပ်စုမိတော့ မျက်ရည်စလေးတွေရွှဲစိုနေသော မျက်ဝန်းလေးတွေနဲ့မော့ကြည့်လို့လာသည်။
ငိုထားလို့မဲ့နေတဲ့ နှုတ်ခမ်းလေးတွေကြောင့် ဖောင်းနေတဲ့ပါးလုံးလုံးလေးတွေက အသည်းယားစရာ။"ငိုစရာရှိလို့ငိုတာပေါ့....! ဟီး...."
"ယောက်ျားလေးဖြစ်ပြီး အော်ငိုနေတာလား! မင်းနဲ့ရွယ်တူ ငါတောင် အဲ့လိုအော်မငိုဖူးဘူး..."
"ဟီး.... သူများငိုနေပါတယ်ဆိုမှ ပိုငိုအောင်လာလုပ်နေတယ်... ဟီး..."

YOU ARE READING
Fallen For You [Completed]
FanfictionTaekook Yaoi Jeon Jungkook × Kim Taehyung Both Zawgyi and Unicode versions are available !