Zawgyi Version
"ဂျောင်ကု မသောက်နဲ့တော့! မင်းများနေပြီ..."
ဘားမှာထိုင်ရင်း တစ်ခွက်ပြီးတစ်ခွက်သောက်နေသော ဂျောင်ကုကိုဟိုဆော့တားလိုက်ပေမယ့် နားမထောင်ဘဲ အရက်ကိုထပ်ထည့်နေတဲ့ ဂျောင်ကု...။
"ဂျောင်ကု! တော်တော့လို့...!"
တားမရတဲ့အဆုံးတော့ သူ့ရှေ့က အရက်ခွက်ကိုဟိုဆော့ကောက်ယူလိုက်ရတော့သည်။
"ဟျောင်းရာ...! ကျွန်တော်သောက်နေတယ်လေဗျာ....!"
"တော်တော့! ကြာရင်မင်းလူမှန်းသူမှန်းတောင်သိတော့မှာမဟုတ်ဘူး...!"
"လူမှန်းသူမှန်းမသိတော့လည်း ကောင်းတာပေါ့၊ စိတ်ညစ်စရာအတွေးတွေ တွေးစရာမလိုတော့ဘူး...."
ခုံပေါ်ကိုခေါင်းမှောက်ရင်း စိတ်ပျက်လက်ပျက်ပြောလာသော ဂျောင်ကုကိုကြည့်ပြီး ဟိုဆော့သက်ပြင်းသာချလိုက်မိသည်။
ထယ်လေးက သူ့ကိုစကားမပြောဘဲရှောင်နေတာ တစ်ပတ်ရှိနေပြီဆိုပြီး ဖြစ်ပျက်နေတာ.....။
ဒါကို အခုထိ သူ့ကိုယ်သူ ထယ်လေးကိုချစ်နေပြီဆိုတာ မသိသေးဘူး....။
ဒီကောင်လည်း ရည်းစားသာများတာ တစ်စက်ကလေးမှကိုအသုံးမကျဘူး....။"မင်းအပြစ်လုပ်ပြီးနေမှတော့ သူကျေနပ်တဲ့အထိတောင်းပန်လိုက်ပေါ့ ဂျောင်ကုရာ...."
"ဒီတစ်ခါ သူကျွန်တော့်ကိုတော်တော်စိတ်ဆိုးသွားတာ ဟျောင်းရ...! ဘယ်လိုတောင်းပန်ရမှန်းတောင်မသိတော့ဘူး...."
"ငါသာဆို ကိုယ့်မွေးနေ့ကိုမမေ့စဖူးမေ့တဲ့ ယောက်ျားကို ထယ်လေးလောက်တောင်သဘောထားကြီးပေးနိုင်မှာမဟုတ်ဘူး....! အိမ်ပေါ်ကနေတစ်ခါတည်းကန်ချပစ်မှာ...! မင်း ငါ့ယောက်ျားမဖြစ်ပဲ ထယ်လေးယောက်ျားဖြစ်တာ ကံကောင်းတယ်မှတ်...."
"ဟျောင်းကဗျာ...! စိတ်ညစ်နေပါတယ်ဆိုမှ...!"
"ဟင်း...! ဂျောင်ကု! မင်းအခုထိမင်းစိတ်ကိုမင်းမသိသေးဘူးလား....?"
"ဘာကိုလဲ...?"
"မင်း ထယ်လေးကိုချစ်နေတယ်ဆိုတာ...."
"ဟာ...! မဖြစ်...မဖြစ်နိုင်တာ..."
"ကဲ! အဲဒါဆို ငါ့ကိုပြော! အခု ထယ်ယောင်းမင်းကိုစိတ်ဆိုးနေတာကို ဘာလို့မင်းက ကမ္ဘာပျက်မတက် စိတ်ညစ်နေရတာလဲ...? ထယ်ယောင်းမျက်နှာညှိုးရင် ဘာလို့ပျာယာခတ်သွားတတ်တာလဲ...? ထယ်ယောင်းနဲ့စကားမပြောရရင် ဘာလို့နေမထိထိုင်မသာဖြစ်နေရတာလဲ...? မင်းတွဲခဲ့ဖူးတဲ့ရည်းစားတွေထက် ဘာလို့ထယ်ယောင်းကိုပိုပြီးဂရုစိုက်နေတာလဲ...?"
![](https://img.wattpad.com/cover/258891940-288-k176617.jpg)
YOU ARE READING
Fallen For You [Completed]
FanfictionTaekook Yaoi Jeon Jungkook × Kim Taehyung Both Zawgyi and Unicode versions are available !