Episode-29

17K 1K 93
                                    


Zawgyi Version

ပြတင်းပေါက်ဆီမှ လိုက်ကာစကိုကျော်ပြီး တိုးဝှေ့ဝင်လာလေသောနေအလင်းရောင်ကြောင့် မျက်မှောင်ကိုကျုံ့လျက်နိုးထလာမိတဲ့ မနက်ခင်း...။
မျက်လုံးဖွင့်ဖွင့်ချင်း မြင်လိုက်ရတဲ့ ယောင်းရဲ့မျက်နှာလေးက ကိုယ့်ရဲ့မနက်ခင်းကို ပို၍အဓိပ္ပာယ်ရှိစေခဲ့ပေသည်...။

ကိုယ့်ရင်ခွင်ထဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေပါသော ယောင်း...။
အိပ်တဲ့အခါတိုင်း နှုတ်ခမ်းလေးဆူနေတတ်တဲ့ ယောင်းက အခုလည်း ခပ်ရဲရဲနှုတ်ခမ်းလေးကိုဆူထားပြန်သည်။

နိုးနိုးချင်အသည်းယားစရာကောင်းအောင် မြှူစွယ်နေပါသော ထိုနှုတ်ခမ်းလေးကို ပြွတ်ခနဲတစ်ချက်အသာနမ်းလိုက်လေတော့ အင့်ခနဲ အသံထွက်လာတဲ့ ယောင်း...။
အကြောလေးဆန့်ပြီး မျက်လုံးလေးတွေပွင့်လာတဲ့ ယောင်းကြောင့် ဘာရယ်မဟုတ် ကိုယ်အိပ်ချင်ယောင်ဆောင်လိုက်သည်...။

ထိုအခါ ကိုယ်အိပ်ပျော်နေတယ်အထင်နဲ့ ရင်ခွင်ထဲအတင်းတိုးဝင်လာတဲ့ ယောင်း။
သူ့နှုတ်ခမ်းလေးတွေနဲ့ ကိုယ့်ရဲ့အင်္ကျီမရှိတဲ့ရင်ဘတ်ကိုတို့ထိတို့ထိ လိုက်နမ်းနေသေးသည်...။
ပြုံးချင်စိတ်ကိုမနည်းထိန်းထားပြီး အိပ်ချင်ယောင်ဆက်ဆောင်နေလိုက်တော့ ဒီတစ်ခါ ယောင်းအနမ်းတွေက ကိုယ့်နှုတ်ခမ်းတွေပေါ် ရောက်ရှိလို့လာသည်...။

"ကိုယ်အိပ်နေတုန်း ခိုးနမ်းနေတာပေါ့လေ..! ယောင်းက အနမ်းသူခိုးလေးပဲ..."

မျက်လုံးတွေကိုဖွင့်ရင်း ပြောလိုက်လေတော့ ကိုယ့်နှုတ်ခမ်းကိုတပြွတ်ပြွတ်နဲ့ နမ်းနေရာကနေ တအံ့တဩကြည့်လာတဲ့ ယောင်း...။
ရှက်သွားတယ်ထင်ပါ၏...၊ ချက်ချင်းရဲတက်လာတဲ့ပါးလေးနှစ်ဖက်က ကိုက်စားပစ်ချင်စရာ...။

"Ya..! မင်း အိပ်ချင်ယောင်ဆောင်နေတယ်ပေါ့..! အကျင့်ကိုမကောင်းဘူး...!"

"အင်း...အိပ်ချင်ယောင်ဆောင်နေတာ၊ ကိုယ့်ကိုခိုးနမ်းတဲ့ကောင်လေးကို ဖမ်းချင်လို့..."

ပြောပြီးတာနဲ့ အနမ်းသူခိုးလေးကို တန်ပြန်အနမ်းတွေ မျက်နှာတစ်လျှောက်ခြွေမိလေတော့ ယောင်းဆီကတစ်ခစ်ခစ်ရယ်သံလေးတွေ ထွက်ပေါ်လာတော့သည်...။
ကိုယ့်အတွက်တော့ ထိုရယ်သံလေးဟာ မနက်ခင်းကျေးငှက်ကလေးတွေရဲ့ တေးသံသာတွေထက်ပင် ချိုမြနေခဲ့ပေသည်...။

Fallen For You [Completed]Where stories live. Discover now